အပြန်အလှန် ချစ်ခင်ရင်းနှီးစွာ စနောက်ကျီစယ်နေတဲ့ ပိုင်တံခွန်နဲ့ မအေးသောင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပိုင္တံခြန္ဟာ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္း ခံေနရတဲ့ သရုပ္ေဆာင္ေမာ္ဒယ္တစ္ဦးျဖစ္ျပီး လက္႐ွိမ်က္ႏွာသစ္ သ႐ုပ္ေဆာင္ေတြထဲမွာအေအာင္ျမင္ဆံုးထဲက တေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အရပ္ျမင့္ျမင့္ ဗလေတာင့္ေတာင့္နဲ႔ ၾကည့္လို႔ေကာင္းေနတဲ့ ပိုင္တံခြန္ကေတာ့ တကုိယ္လံုး တက္တူးအျပည့္ကလည္း ထိုးထားပါေသးတယ္။ သူ႔ရဲ႕တက္တူးေတြနဲ႔ ဆံပင္ အ႐ွည္ေၾကာင့္လည္း ပိုအထာက်ၿပီး ပရိသတ္ အားေပးမႈ မ်ားေနတာဆိုရင္မမွားပါဘူး။

ပိုင္တံခြန္ကေတာ့ လက္႐ွိမွာ ျမန္မာႏိုင္ငံတြင္သာမက အျခားေသာ အိမ္နီးခ်င္း ႏို္င္ငံေတြမွာလည္း အားေပးမႈကို ရ႐ွိထားၿပီး ထိုင္းနုို္င္ငံမွာဆုိရင္လည္း ပရိသတ္အခိုင္အမာရရွိထားတဲ့ ေအာင္ျမင္ေနတဲ့ အႏုပညာ႐ွင္ တေယာက္လည္း ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့သူ႔ရဲ႕ ပရိသတ္ေတြအတြက္ အျမဲ သူ႔ရဲ႕ အမိုက္စား ဓာတ္ပံုေလးေတြ ဗီဒီယုိေလးေတြ ကုိသူ႔ရဲ႕လူမႈကြန္ယက္မွာ တင္ေပးေလ့ရွိျပီး ပရိသတ္ေတြရဲ႕အသည္းကုိညိွဳ႕ယူတတ္သူပါ။ထုိင္းနို္င္ငံမွာ ပရိသတ္အခိုင္အမာရထားျပီး ထုိင္းတစ္နို္င္ငံလံုးရဲ႕ တခဲနက္အားေပးမႈေတြရထားတဲ့ ပိုင္တံခြန္က ထုိင္းနဲ႔ ျမန္မာကုိ သြားလုိက္လာလိုက္နဲ႔အနုပညာလုပ္ငန္းေတြလုပ္ေဆာင္ေနသူပါ။

လူငယ္ဆန္ဆန္ေပ်ာ္ေပ်ာ္ေနတတ္ျပီး လူမႈကြန္ယက္ေပၚမွာ ခံစားခ်က္ေတြရင္ဖြင့္တတ္တဲ့ ပုိင္တံခြန္က မၾကာေသးမီက ခ်စ္သူမ်ားေန႔အမီ ေစ်းဗန္းခင္းခ်လိုက္တာေတြ႕ရပါတယ္။ ပုိင္တံခြန္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ ဓာတ္ပံုေလးေတြတင္ျပီး “ဒီနစ္ V Day လည္း ေရာင္းမထြက္ဘူး ထင္ပါတယ္”လို႔ ေရးထားခဲ့တာပါ။ ပရိသတ္ေတြက အဲဒီပုို႔္စ္ေလးေအာက္မွာ ပုိင္တံခြန္ရဲ႕ crush ေလး Baifern ရဲ႕ ဓာတ္ပံုေတြလာမန္႔ျပီးစေနာက္ေနက်သလုိ မေအးေသာင္းကလည္း comment မွာ

“One get one free ဆို”လို႔ လာျပီး စေနာက္ထားတာေတြ႕ရပါတယ္။ အဲဒါကို ပုိင္တံခြန္က “မလုပ္ပါနဲ႔ တစ္ခုပဲရွိတာကုိ ေနာက္တစ္ခုက ဘယ္မွာရွာေပးရမလဲ”လို႔ တရင္းတနွီးျပန္စေနာက္ထားတာပါ။ ပရိသတ္ေတြက ခီြေနၾကတဲ့ ပုိင္တံခြန္နဲ႔ မေအးေသာင္းကုိ အသည္းယားေနၾကျပီး ခ်စ္တဲ့ အေျပာင္ comment ေလးေတြ ဝင္မန္႔ထားၾကတာလည္းေတြ႕ရပါတယ္။ပရိသတ္ၾကီးေရာ ပုိင္တံခြန္နဲ႔ မေအးေသာင္းကိုခ်စ္ၾကလား။ သူတို႔နွစ္ေယာက္ကုိ အနုပညာအလုပ္ေတြအတူတူလုပ္ေစခ်င္ၾကလား။ သူတို႔နွစ္ေယာက္ ရုပ္ရွင္ေတြအတူ ရို္က္မယ္ဆိုရင္ေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Unicode ဖြင့်ဖတ်ပါ
★★★★★

ပိုင်တံခွန်ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်း ခံနေရတဲ့ သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်ပြီး လက်ရှိမျက်နှာသစ် သရုပ်ဆောင်တွေထဲမှာအအောင်မြင်ဆုံးထဲက တယောက်လို့တောင် ပြောလို့ရပါတယ်။ အရပ်မြင့်မြင့် ဗလတောင့်တောင့်နဲ့ ကြည့်လို့ကောင်းနေတဲ့ ပိုင်တံခွန်ကတော့ တကိုယ်လုံး တက်တူးအပြည့်ကလည်း ထိုးထားပါသေးတယ်။ သူ့ရဲ့တက်တူးတွေနဲ့ ဆံပင် အရှည်ကြောင့်လည်း ပိုအထာကျပြီး ပရိသတ် အားပေးမှု များနေတာဆိုရင်မမှားပါဘူး။

ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမြဲ သူ့ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။ထိုင်းနိုင်ငံမှာ ပရိသတ်အခိုင်အမာရထားပြီး ထိုင်းတစ်နိုင်ငံလုံးရဲ့ တခဲနက်အားပေးမှုတွေရထားတဲ့ ပိုင်တံခွန်က ထိုင်းနဲ့ မြန်မာကို သွားလိုက်လာလိုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေသူပါ။

လူငယ်ဆန်ဆန်ပျော်ပျော်နေတတ်ပြီး လူမှုကွန်ယက်ပေါ်မှာ ခံစားချက်တွေရင်ဖွင့်တတ်တဲ့ ပိုင်တံခွန်က မကြာသေးမီက ချစ်သူများနေ့အမီ ဈေးဗန်းခင်းချလိုက်တာတွေ့ရပါတယ်။ ပိုင်တံခွန်က သူ့ရဲ့ လူမှုကွန်ယက်မှာ ဓာတ်ပုံလေးတွေတင်ပြီး “ဒီနစ် V Day လည်း ရောင်းမထွက်ဘူး ထင်ပါတယ်”လို့ ရေးထားခဲ့တာပါ။ ပရိသတ်တွေက အဲဒီပို့်စ်လေးအောက်မှာ ပိုင်တံခွန်ရဲ့ crush လေး Baifern ရဲ့ ဓာတ်ပုံတွေလာမန့်ပြီးစနောက်နေကျသလို မအေးသောင်းကလည်း comment မှာ

“One get one free ဆို”လို့ လာပြီး စနောက်ထားတာတွေ့ရပါတယ်။ အဲဒါကို ပိုင်တံခွန်က “မလုပ်ပါနဲ့ တစ်ခုပဲရှိတာကို နောက်တစ်ခုက ဘယ်မှာရှာပေးရမလဲ”လို့ တရင်းတနှီးပြန်စနောက်ထားတာပါ။ ပရိသတ်တွေက ခွီနေကြတဲ့ ပိုင်တံခွန်နဲ့ မအေးသောင်းကို အသည်းယားနေကြပြီး ချစ်တဲ့ အပြောင် comment လေးတွေ ဝင်မန့်ထားကြတာလည်းတွေ့ရပါတယ်။ပရိသတ်ကြီးရော ပိုင်တံခွန်နဲ့ မအေးသောင်းကိုချစ်ကြလား။ သူတို့နှစ်ယောက်ကို အနုပညာအလုပ်တွေအတူတူလုပ်စေချင်ကြလား။ သူတို့နှစ်ယောက် ရုပ်ရှင်တွေအတူ ရိုက်မယ်ဆိုရင်ရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။