အနုပညာနဲ့မပတ်သက်တဲ့ Personal ပုံတွေ သုံးစွဲခွင့်လုံးဝမပြုပါ ဆိုတဲ့ မေကဗျာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






May(cctv)

Source – may kabwar’sfb

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မေကဗျာဟာ သူမရဲ့ အနုပညာနဲ့ပတ်သက်တဲ့ ပုံတွေကလွဲလို့တခြားသော ကိုယ်ရေးကိုယ်တာ ပုံတွေကို အသုံးပြုခွင်မပြုပါဘူးဆိုတဲ့အကြောင်းကိုပြောပြလာပါတယ်။ လက်တလောမှာတော့ သူမရဲ့ အိမိထောင်ရေးနဲ့ပတ်သက်တဲ့ ပုံတစ်ချို့ အွန်လိုင်းပေါ်မှာလဲ ပျံ့နှံ့လို့နေပါတယ်။

အဆိုပါ ပုံတွေထွက်ပေါ်ပြီးချိန်မှာတော့ သူမရဲ့ ဖေ့စ်ဘုတ်မှာ ယခုလို ရေးသားခဲ့တာလဲဖြစ်ပါတယ်။ သူမ ပြောခဲ့တာကတော့ ” Media များသိစေရန် ကျမသည် ကျမနှင့်ပတ်သတ်သောအနုပညာပုံများကိုသာ သုံးစွဲခွင့်ပြုပါသည် ။ အနုပညာနှင့်မပတ်သော Personal ပုံများအား သုံးစွဲခွင့်လုံးဝမပြုပါ ”

” ကူးယူသုံးစွဲထားသော Media များ ကျေးဇူးပြုပီးပြန်လည်ဖျက်ပေးပါရန်နှင့် နောက်နောင် ကျမခွင့်ပြုချက်မရပဲ ကူးယူသုံးစွဲပါက သက်ဆိုင်ရာနှင့်စကားပြောမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင့် ”

” သူတို့Media လူစိတ်ဝင်စားဖို့အတွက် ကျမတ်ု့ အနုပညာသမားတွေကို လုပ်စားနေတာ အရမ်းများနေပါပီ ကျမသမီးပုံတောင် မတင်ရဲလောက် စိတ်ညစ်စရာကောင်းနေလို့ အသုံးမချကျပါနဲ့ ဘဝကို အေးဆေးပဲနေချင်လို့ အေးဆေးပဲနေခဲ့တာကြာပါပီ ဘာအင်တာဗျုးမှလည်းမဖြေချင်လို့ ဝေးဝေးနေတာကြာပါပီရှင်” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

မေကဗျာဟာ လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေရုပ်ရှင်ကားတွေရိုက်ကူးလာရပြီး ကြော်ငြာဓာတ်ပုံတွေလဲ များစွာ ရိုက်ကူးလာရပါတယ်။ မေကဗျာရဲ့ ချစ်ပရိသတ်တွေအတွက် သူမဖြစ်စေချင်တဲ့အကြောင်းအရာတစ်ချို့ကို ရေးသားဖော်ပြလိုက်ပါတယ်။

May(cctv)
Source – may kabwar’sfb