ပွဲသွားဆိုဖို့ အိပ်ပုတ်ကြီးနေတဲ့မူးလာကို ရှစ်ခါလောက်နှိုးလိုက်ရတဲ့ နှင်းအိအိဝင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာအိုင္ေဒါ Season-4 ၿပိဳင္ပြဲႀကီးကေန ပရိသတ္ရဲ႕အခ်စ္ကိုသိမ္းပိုက္ခဲ့တဲ့ၿပိဳင္ပြဲဝင္ေတြျဖစ္တဲ့ မူးလာနဲ႔ ႏွင္းအိအိဝင္းတို႔ေမာင္ႏွမႏွစ္ေယာက္ကေတာ့ ဒီေန႔ျပည္ေထာင္စုေန႔ေလးမွာ ပုသိမ္ၿမိဳ႕ေလးမွာ ေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။ၿပိဳင္ပြဲႀကီးၿပီးကတည္းက ေဖ်ာ္ေျဖပြဲေတြဆက္တိုက္သြားေနရတာပါ။

သူတို႔ေတြကေတာ့ ျမန္မာအိုင္ေဒါေမာင္ႏွမေတြအကုန္ဆုံၿပီး အတူတူသြားေရာက္သီဆိုမေဖ်ာ္ေျဖျဖစ္ေတာ့ေပမယ့္ ရံဖန္ရံခါမွာေတာ့ အတူတကြ ပြဲေတြသြားေရာက္သီဆိုရၿပီး ပုသိမ္ပြဲေလးမွာဆိုရင္လည္း မူးလာနဲ႔ႏွင္းအိအိဝင္းတို႔က ဖိတ္ေခၚခံရတာျဖစ္ပါတယ္။

ဒီေန႔မနက္ ပုသိမ္မွာသီဆိုေဖ်ာ္ေျဖဖို႔အတြက္ သြားေရာက္ခဲ့တဲ့အခ်ိန္မွာေတာ့ ႏွင္းအိအိဝင္းက မူးလာကိုေတာ္ေတာ္ေလးႏႈိးယူလိုက္ရတဲ့အေၾကာင္းကို “Hello Hello ပုသိမ္… ျပည္ေထာင္စုေန႔ပြဲေဖ်ာ္ေျဖဖို႔ ဖုန္း(၈)ခါေလာက္ေခၚႏႈိးလိုက္ရတဲ့ မူးေကာင္(အဲေလ..မူးလာ)နဲ႔ လာေနၿပီေနာ္” ဆိုၿပီး  ကားေပၚမွာေတာင္အိပ္ေနေသးတဲ့ မူးလာရဲ႕ပုံေလးေတြနဲ႔အတူ ပရိသတ္ႀကီးအတြက္ မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးစလုံးကေတာ့ ဧရာဝတီတိုင္းကေန လာေရာက္ယွဥ္ၿပိဳင္ၾကသူေတြျဖစ္ၿပီး မူးလာကေတာ့ Top-5 အထိတက္လွမ္းႏိုင္ခဲ့ကာ ႏွင္းအိအိဝင္းကေတာ့ Top-8 အထိတက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

မူးလာကေတာ့ ဒီေန႔ေလးမွာ သူ႔ရဲ႕ေနအိမ္ေလးရွိရာ ပုသိမ္ၿမိဳ႕ေလးမွာ သြားေရာက္ေဖ်ာ္ေျဖရမွာမို႔ ေဆြမ်ိဳးမိဘေတြနဲ႔ တစ္ညလုံးအလြမ္းသယ္မလို႔ ႀကိဳအိပ္ထားသလားေတာင္ မသိပါဘူးေနာ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာအိုင်ဒေါ Season-4 ပြိုင်ပွဲကြီးကနေ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ပြိုင်ပွဲဝင်တွေဖြစ်တဲ့ မူးလာနဲ့ နှင်းအိအိဝင်းတို့မောင်နှမနှစ်ယောက်ကတော့ ဒီနေ့ပြည်ထောင်စုနေ့လေးမှာ ပုသိမ်မြို့လေးမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ပြိုင်ပွဲကြီးပြီးကတည်းက ဖျော်ဖြေပွဲတွေဆက်တိုက်သွားနေရတာပါ။

သူတို့တွေကတော့ မြန်မာအိုင်ဒေါမောင်နှမတွေအကုန်ဆုံပြီး အတူတူသွားရောက်သီဆိုမဖျော်ဖြေဖြစ်တော့ပေမယ့် ရံဖန်ရံခါမှာတော့ အတူတကွ ပွဲတွေသွားရောက်သီဆိုရပြီး ပုသိမ်ပွဲလေးမှာဆိုရင်လည်း မူးလာနဲ့နှင်းအိအိဝင်းတို့က ဖိတ်ခေါ်ခံရတာဖြစ်ပါတယ်။

ဒီနေ့မနက် ပုသိမ်မှာသီဆိုဖျော်ဖြေဖို့အတွက် သွားရောက်ခဲ့တဲ့အချိန်မှာတော့ နှင်းအိအိဝင်းက မူးလာကိုတော်တော်လေးနှိုးယူလိုက်ရတဲ့အကြောင်းကို “Hello Hello ပုသိမ်… ပြည်ထောင်စုနေ့ပွဲဖျော်ဖြေဖို့ ဖုန်း(၈)ခါလောက်ခေါ်နှိုးလိုက်ရတဲ့ မူးကောင်(အဲလေ..မူးလာ)နဲ့ လာနေပြီနော်” ဆိုပြီး  ကားပေါ်မှာတောင်အိပ်နေသေးတဲ့ မူးလာရဲ့ပုံလေးတွေနဲ့အတူ ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးကတော့ ဧရာဝတီတိုင်းကနေ လာရောက်ယှဉ်ပြိုင်ကြသူတွေဖြစ်ပြီး မူးလာကတော့ Top-5 အထိတက်လှမ်းနိုင်ခဲ့ကာ နှင်းအိအိဝင်းကတော့ Top-8 အထိတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မူးလာကတော့ ဒီနေ့လေးမှာ သူ့ရဲ့နေအိမ်လေးရှိရာ ပုသိမ်မြို့လေးမှာ သွားရောက်ဖျော်ဖြေရမှာမို့ ဆွေမျိုးမိဘတွေနဲ့ တစ်ညလုံးအလွမ်းသယ်မလို့ ကြိုအိပ်ထားသလားတောင် မသိပါဘူးနော်။