မြမြဇာတ်ကားလာရောက်အားပေးတဲ့ နားမကြားသူတွေကို Sign Language နဲ့ဆက်သွယ်ပြောဆိုခဲ့တဲ့ မင်းတော်ဝင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လက္ရွိ႐ုံတင္ျပသေနဆဲျဖစ္တဲ့ ျမျမဇာတ္ကားႀကီးကေတာ့ ဒုတိယအပတ္ေရာက္ရွိလာတဲ့အထိ ႐ုံျပည့္႐ုံလွ်ံပရိသတ္ေတြရဲ႕အားေပးဝန္းရံျခင္းကို ရရွိေနတာပါ။ျမျမဆိုတဲ့အမည္နာမနဲ႔ မခင္ဇာျခည္လြင္ဝင္ေရာက္ပူးကပ္ခံရကတည္းက ျပည္သူလူထုၾကားမွာ စိတ္ဝင္စားမႈျမင့္တက္ခဲ့တာျဖစ္ၿပီး ဒါ႐ိုက္တာညိဳမင္းလြင္ကေတာ့ ျမျမ ဆိုၿပီးဇာတ္ကားအျဖစ္အသက္သြင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ျမျမဇာတ္ကားစ႐ိုက္စဥ္ကတည္းက ပရိသတ္အခ်ိဳ႕ရဲ႕ေဝဖန္ျခင္းကိုခံခဲ့ရၿပီး ႐ုံတင္ျပသတဲ့အခ်ိန္မွာေတာ့ ထင္ထားတာနဲ႔လြဲေအာင္ ပညာသားပါတဲ့ဇာတ္ကြက္အလွည့္အေျပာင္းေတြေၾကာင့္ ပရိသတ္ႀကိဳက္ႏွစ္သက္ခဲ့တာျဖစ္ၿပီး မထင္မွတ္ထားေလာက္ေအာင္ ၾကည့္ရႈသူဦးေရမ်ားျပားကာ ပြဲခ်ိန္တိုင္း႐ုံျပည့္ေနတဲ့အထိ ေအာင္ျမင္ေနတာျဖစ္ပါတယ္။ျမျမအဖြဲ႕သားေတြကေတာ့ နယ္စုံကပရိသတ္ေတြနဲ႔သြားေရာက္ေတြ႕ဆုံကာ လက္မွတ္ေရးထိုးေနတာျဖစ္ၿပီး မေန႔ကေတာ့ လာေရာက္အားေပးၾကတဲ့ နားမၾကားပရိသတ္မ်ားနဲ႔ စကားလက္ဆုံက်ခဲ့တာကို ျမျမပရိသတ္ႀကီးအတြက္ မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။

နားမၾကားပရိသတ္ေတြနဲ႔ဆက္သြယ္စကားေျပာရာမွာေတာ့ ျမျမဇာတ္ကားရဲ႕မင္းသားျဖစ္သူ မင္းေတာ္ဝင္က ေျပာဆိုခဲ့တာျဖစ္ၿပီး ျမျမအဖြဲ႕သားေတြကေတာ့ မင္းေတာ္ဝင္ရဲ႕အရည္အခ်င္းေတြကို ေတြ႕ျမင္ခဲ့ၾကတာျဖစ္ပါတယ္။မင္းေတာ္ဝင္ကေတာ့ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့အျပင္ နားမၾကားေက်ာင္းမွာလည္း ပရဟိတအေနနဲ႔ ဆယ္တန္းစာသင္ေပးခဲ့ဖူးတာေၾကာင့္ Sign Language ကိုအသုံးျပဳတတ္သြားတာျဖစ္ၿပီး သင္ဇာဝင့္ေက်ာ္ကိုေတာင္ သင္ေပးလိုက္ပါေသးတယ္။ဆယ္လီကမာၻပရိသတ္ႀကီးေရ နားမၾကားပရိသတ္ေတြကိုယ္တိုင္ႏွစ္ၿခိဳက္သေဘာက်ကာ အဖြဲ႕လိုက္လာေရာက္အားေပးခဲ့ၾကတဲ့ ျမျမ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ေအာင္ျမင္မႈကေတာ့ အံ့မခန္းပါပဲေနာ္။

Source – ျမျမ
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“မြမြဇာတ်ကားလာရောက်အားပေးတဲ့ နားမကြားသူတွေကို Sign Language နဲ့ဆက်သွယ်ပြောဆိုခဲ့တဲ့ မင်းတော်ဝင်”

လက်ရှိရုံတင်ပြသနေဆဲဖြစ်တဲ့ မြမြဇာတ်ကားကြီးကတော့ ဒုတိယအပတ်ရောက်ရှိလာတဲ့အထိ ရုံပြည့်ရုံလျှံပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းကို ရရှိနေတာပါ။မြမြဆိုတဲ့အမည်နာမနဲ့ မခင်ဇာခြည်လွင်ဝင်ရောက်ပူးကပ်ခံရကတည်းက ပြည်သူလူထုကြားမှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့တာဖြစ်ပြီး ဒါရိုက်တာညိုမင်းလွင်ကတော့ မြမြ ဆိုပြီးဇာတ်ကားအဖြစ်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြမြဇာတ်ကားစရိုက်စဉ်ကတည်းက ပရိသတ်အချို့ရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပြီး ရုံတင်ပြသတဲ့အချိန်မှာတော့ ထင်ထားတာနဲ့လွဲအောင် ပညာသားပါတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေကြောင့် ပရိသတ်ကြိုက်နှစ်သက်ခဲ့တာဖြစ်ပြီး မထင်မှတ်ထားလောက်အောင် ကြည့်ရှုသူဦးရေများပြားကာ ပွဲချိန်တိုင်းရုံပြည့်နေတဲ့အထိ အောင်မြင်နေတာဖြစ်ပါတယ်။မြမြအဖွဲ့သားတွေကတော့ နယ်စုံကပရိသတ်တွေနဲ့သွားရောက်တွေ့ဆုံကာ လက်မှတ်ရေးထိုးနေတာဖြစ်ပြီး မနေ့ကတော့ လာရောက်အားပေးကြတဲ့ နားမကြားပရိသတ်များနဲ့ စကားလက်ဆုံကျခဲ့တာကို မြမြပရိသတ်ကြီးအတွက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

နားမကြားပရိသတ်တွေနဲ့ဆက်သွယ်စကားပြောရာမှာတော့ မြမြဇာတ်ကားရဲ့မင်းသားဖြစ်သူ မင်းတော်ဝင်က ပြောဆိုခဲ့တာဖြစ်ပြီး မြမြအဖွဲ့သားတွေကတော့ မင်းတော်ဝင်ရဲ့အရည်အချင်းတွေကို တွေ့မြင်ခဲ့ကြတာဖြစ်ပါတယ်။မင်းတော်ဝင်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် နားမကြားကျောင်းမှာလည်း ပရဟိတအနေနဲ့ ဆယ်တန်းစာသင်ပေးခဲ့ဖူးတာကြောင့် Sign Language ကိုအသုံးပြုတတ်သွားတာဖြစ်ပြီး သင်ဇာဝင့်ကျော်ကိုတောင် သင်ပေးလိုက်ပါသေးတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နားမကြားပရိသတ်တွေကိုယ်တိုင်နှစ်ခြိုက်သဘောကျကာ အဖွဲ့လိုက်လာရောက်အားပေးခဲ့ကြတဲ့ မြမြရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲနော်။

Source – မြမြ
Rainbow- Cele Gabar