အမေစုနဲ့ တွေ့ဆုံခဲ့ရလို့ အသံတွေတုန် မျက်ရည်ပါဝဲရတယ် ဆိုတဲ့ G-Fatt ဗီဒီယိုဖိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

CeleConnections ပရိသတ်ကြီးရေ G-Fatt ကတော့ “ ကျွန်တော် ဆယ်ကျော်သက်အရွယ် ကစလို့ ဒီနေ့ထိ လေးစားချစ်ခင်ရတဲ့ အမေ့ကို အနီးကပ်တွေခွင့်ရမှုဆိုတာ အိမ်မက်တောင် မမက်ရဲခဲ့ပါဘူးဗျာ ပျော်လွန်းလို့ပြောစရာ စကားရှာမရတော့ဘူး သူကျွန်တော်တို့ ဆိုတာ ကို အစအဆုံး ထိုင်နားထောင်သွားတယ် စစ်ပွဲများမရှိစေချင်ဆိုတဲ့ သီချင်းကို သူ့ရှေ့မှာ ပရိတ်သတ်တွေနဲ့အတူ ဆိုပြခွင့်ရခဲ့တယ် သူ့ လက်လေး ကိုင်ပြီး စကားပြောခွင့်ရခဲ့တယ် သူ့ မျက်နှာကိုအနီးကပ် ငေးခွင့်ရခဲ့တယ် ကျန်းမာရေး ဂရုစိုက်ပါအမေလို့ ပြောခွင့်ရခဲ့တယ် စင်ပေါ်မှာ အသံတွေ တုန် .. မျက်ရည်ပါဝဲရတယ် .. အဆိုတော် ဖြစ်ခဲ့ ရတာ ဒီညနဲ့တင် အတန်ဆုံးပါဗျာ အမေ အသက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ။ကျွန်တော်တို့လက်ခလေးကို ကိုင်ပြီး လူငယ်တွေကိုပျော်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် တဲ့ ကျွန်တော့် မှာ ဒီည အပျော်တွေကို ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးဗျ ” ဆိုတဲ့ စာလေးနဲ့အတူ ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပဲ ဖြစ်ပါတယ်။

G-Fatt ကတော့ တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြင်းခံရတဲ့ နိုင်ငံကျော်အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေဝန်းရံအားပေးခြင်းကိုခံရရုံသာမက ယောကျာ်းလေးပရိသတ်တွေကလည်း သူ့ရဲ့သီချင်းစာသားတွေကို နှစ်သက်သဘောကျအားပေးကြတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ယောကျာ်းလေးမိန်းကလေးပရိသတ်တွေသာမက မူလတန်းကလေး အရွယ်တွေကပါ အားပေးဝန်းရံခြင်းခံရတဲ့ သူတစ်ယောက်လို့ဆိုရမှာပါ။

လက်ရှိမှာလည်း ပွဲတစ်ပွဲကိုတက်ရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပွဲအတူတူတက်ရောက်ခဲ့ရတဲ့အတွက် ပျော်ရွှင်ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ G-Fatt ရဲ့အပျော်တွေကတော့ကြားရသူတိုင်း ပျော်ရွှင်စေတာအမှန်ပါပဲနော်။ CeleConnections ပရိသတ်ကြီးလည်း G-Fatt နဲ့ ထပ်တူခံစားရရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source – G-Fatt
Candy –CeleConnections

Unicode ဖြင့်ဖတ်ပါ
★★★★★





Source – G-Fatt