ဖခင်ဖြစ်သူရဲ့ လုပ်ငန်းခွင်တွေထဲကို ဝင်ရောက်လေ့လာနေပြီဖြစ်တဲ့ စံထိပ်ထားဦး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ထိပ္ထိပ္ရဲ႕ အနာဂတ္ အတြက္ ေ႐ြးခ်ယ္လိုက္တာပါ။ ခိုင္သင္းၾကည္ရဲ႕ သမီးေလး စံထိပ္ထားဦးကေတာ့ သူမရဲ႕ အနာဂတ္အတြက္ စီးပြားေရးအလုပ္ေတြကို ပိုၿပီးေတာ့ ဦးစားေပးသြားမယ္လို႔ ဆိုပါတယ္။ အခုခ်ိန္မွာလည္း ဖခင္ျဖစ္သူရဲ႕ လုပ္ငန္းခြင္ထဲကို ကိုယ္တိုင္ေလ့လာေနတယ္လို႔ သိရပါတယ္။

ပရိသတ္အခိုင္အမာရရွိထားၿပီျဖစ္တဲ့ ခိုင္သင္းၾကည္ရဲ႕ သမီးေလး စံထိပ္ထားဦးကေတာ့ လက္ရွိမွာ ဖခင္ျဖစ္သူရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ေလ့လာေနၿပီလို႔ ေျပာပါတယ္။ သူမရဲ႕ ပညာေရးၿပီးဆုံးသြားရင္လည္း စီးပြားေရးကို အဓိက ထားလုပ္ေဆာင္သြားမယ္လို႔  ေျပာျပလာပါတယ္။

“လတ္တေလာမွာ ထိပ္ထိပ္က အေဖ့ရဲ႕ စက္႐ုံမွာ အလုပ္ေတြ သြားေလ့လာေနတယ္။ ေဖေဖကလည္း သမီးကို ေက်ာင္းၿပီးသြားရင္ ဒါပဲ လုပ္ရမွာတဲ့။ ဒီ့အတြက္ အကုန္လုံး သိေအာင္လို႔ ေအာက္ေျခကေနစၿပီး ဟိုးအေပၚဆုံးအထိ အစအဆုံး ေလ့လာခိုင္းတယ္။ ေက်ာင္းၿပီးရင္ စီးပြားေရးဘက္ကိုပဲ အဓိက ထားသြားမွာပါ။ အႏုပညာအလုပ္ေတြကို လုပ္ခြင့္ရရင္ လုပ္ခ်င္ပါေသးတယ္” လို႔ သူကဆိုပါတယ္။

အႏုပညာအလုပ္ေတြထက္ စီးပြားေရးအလုပ္ေတြကို အဓိက ထားလုပ္ေဆာင္သြားမယ့္ စံထိပ္ထားဦးရဲ႕ ဆႏၵကို မိခင္ျဖစ္သူ ခိုင္သင္းၾကည္ကလည္း သေဘာတူတယ္လို႔ သိရပါတယ္။ စီးပြားေရးအလုပ္ေတြကို ေလ့လာေနတဲ့အခ်ိန္မွာ ႀကဳံေတြ႕ခဲ့ရတဲ့အေတြ႕အႀကဳံေတြကို စံထိပ္ထားဦးက ေျပာျပလာပါေသးတယ္။

“ ေမေမကလည္း ေျပာတယ္ သမီးကို ကိုယ့္မိသားစုအလုပ္ပဲ ကိုယ္လုပ္ရမွာတဲ့။ စီးပြားေရးအလုပ္က ခက္ပါတယ္။ စက္႐ုံမွာဆိုရင္ လူေတြ အမ်ားႀကီးကို အုပ္ခ်ဳပ္ရတာဆိုေတာ့ ေတာ္ေတာ္ေလးကို မလြယ္ဘူး။ စက္႐ုံထဲမွာပဲ အာ႐ုံစူးစိုက္ၿပီးေတာ့ အေကာင္းဆုံး နည္းပညာေတြ၊ Skill ေတြ သုံးမွာရမွာေပါ့”ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ Angle Phoo ဆိုင္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

စံထိပ္ထားဦးဟာ စီးပြားေရးအလုပ္ေတြကို အဓိက ထားဦးစားေပးသြားမယ့္ ရည္႐ြယ္ခ်က္ကိုလည္း ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။ အႏုပညာအလုပ္ေတြကိုလည္း အခြင့္အေရးရမယ္ဆို လုပ္ခ်င္တယ္လို႔ ဆိုပါတယ္။

” ထိပ္ထိပ္ရဲ႕ အနာဂတ္အတြက္ပိုၿပီးေသခ်ာတယ္ေလ။ ၿပီးေတာ့ ထိပ္ထိပ္က တစ္ဦးတည္းေသာ သမီးဆိုေတာ့ ထိပ္ထိပ္မလုပ္ရင္ ဘယ္သူက လုပ္မွာလဲ အဲဒါမ်ိဳးေတာ့ ရွိတာေပါ့။ အႏုပညာအလုပ္ေတြကို လုပ္ခ်င္တဲ့ စိတ္လည္းရွိ တယ္။ အခုခ်ိန္မွာ စိတ္က ႏွစ္ဖက္ ျဖစ္ေနတာ” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။

စံထိပ္ထားဦးကိုေတာ့ ကိုခန႔္ႏိုင္နဲ႔ သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္တို႔ရဲ႕ သမီးေလးအျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြလည္း အခိုင္အမာ ရရွိထားသူျဖစ္ပါတယ္။ မိခင္ျဖစ္သူ ခိုင္သင္းၾကည္နဲ႔ အတူ TV ေၾကာ္ျငာေတြလည္း ႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။ သူမ တစ္ေယာက္တည္း ပါဝင္ထားတဲ့ TV ေၾကာ္ျငာေတြလည္းရွိပါေသးတယ္။ လက္ရွိမွာေတာ့ စံထိပ္ထားဦးဟာ ပညာေရးကို ဦးစားေပးေနရတာေၾကာင့္ အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္ လုပ္ေဆာင္လာတာ မေတြ႕ေသးပါဘူး။

ဆယ္လီရပ္ကြက္

Unicode ဖြင့်ဖတ်ပါ
★★★★★

ထိပ်ထိပ်ရဲ့ အနာဂတ် အတွက် ရွေးချယ်လိုက်တာပါ။ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ သူမရဲ့ အနာဂတ်အတွက် စီးပွားရေးအလုပ်တွေကို ပိုပြီးတော့ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။ အခုချိန်မှာလည်း ဖခင်ဖြစ်သူရဲ့ လုပ်ငန်းခွင်ထဲကို ကိုယ်တိုင်လေ့လာနေတယ်လို့ သိရပါတယ်။

ပရိသတ်အခိုင်အမာရရှိထားပြီဖြစ်တဲ့ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ လက်ရှိမှာ ဖခင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေကို လေ့လာနေပြီလို့ ပြောပါတယ်။ သူမရဲ့ ပညာရေးပြီးဆုံးသွားရင်လည်း စီးပွားရေးကို အဓိက ထားလုပ်ဆောင်သွားမယ်လို့  ပြောပြလာပါတယ်။

“လတ်တလောမှာ ထိပ်ထိပ်က အဖေ့ရဲ့ စက်ရုံမှာ အလုပ်တွေ သွားလေ့လာနေတယ်။ ဖေဖေကလည်း သမီးကို ကျောင်းပြီးသွားရင် ဒါပဲ လုပ်ရမှာတဲ့။ ဒီ့အတွက် အကုန်လုံး သိအောင်လို့ အောက်ခြေကနေစပြီး ဟိုးအပေါ်ဆုံးအထိ အစအဆုံး လေ့လာခိုင်းတယ်။ ကျောင်းပြီးရင် စီးပွားရေးဘက်ကိုပဲ အဓိက ထားသွားမှာပါ။ အနုပညာအလုပ်တွေကို လုပ်ခွင့်ရရင် လုပ်ချင်ပါသေးတယ်” လို့ သူကဆိုပါတယ်။

အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို အဓိက ထားလုပ်ဆောင်သွားမယ့် စံထိပ်ထားဦးရဲ့ ဆန္ဒကို မိခင်ဖြစ်သူ ခိုင်သင်းကြည်ကလည်း သဘောတူတယ်လို့ သိရပါတယ်။ စီးပွားရေးအလုပ်တွေကို လေ့လာနေတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို စံထိပ်ထားဦးက ပြောပြလာပါသေးတယ်။

“ မေမေကလည်း ပြောတယ် သမီးကို ကိုယ့်မိသားစုအလုပ်ပဲ ကိုယ်လုပ်ရမှာတဲ့။ စီးပွားရေးအလုပ်က ခက်ပါတယ်။ စက်ရုံမှာဆိုရင် လူတွေ အများကြီးကို အုပ်ချုပ်ရတာဆိုတော့ တော်တော်လေးကို မလွယ်ဘူး။ စက်ရုံထဲမှာပဲ အာရုံစူးစိုက်ပြီးတော့ အကောင်းဆုံး နည်းပညာတွေ၊ Skill တွေ သုံးမှာရမှာပေါ့”ဆိုပြီးတော့ ဖေဖော်ဝါရီလ Angle Phoo ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

စံထိပ်ထားဦးဟာ စီးပွားရေးအလုပ်တွေကို အဓိက ထားဦးစားပေးသွားမယ့် ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အနုပညာအလုပ်တွေကိုလည်း အခွင့်အရေးရမယ်ဆို လုပ်ချင်တယ်လို့ ဆိုပါတယ်။

” ထိပ်ထိပ်ရဲ့ အနာဂတ်အတွက်ပိုပြီးသေချာတယ်လေ။ ပြီးတော့ ထိပ်ထိပ်က တစ်ဦးတည်းသော သမီးဆိုတော့ ထိပ်ထိပ်မလုပ်ရင် ဘယ်သူက လုပ်မှာလဲ အဲဒါမျိုးတော့ ရှိတာပေါ့။ အနုပညာအလုပ်တွေကို လုပ်ချင်တဲ့ စိတ်လည်းရှိ တယ်။ အခုချိန်မှာ စိတ်က နှစ်ဖက် ဖြစ်နေတာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

စံထိပ်ထားဦးကိုတော့ ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ သမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေလည်း အခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။ မိခင်ဖြစ်သူ ခိုင်သင်းကြည်နဲ့ အတူ TV ကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သူမ တစ်ယောက်တည်း ပါဝင်ထားတဲ့ TV ကြော်ငြာတွေလည်းရှိပါသေးတယ်။ လက်ရှိမှာတော့ စံထိပ်ထားဦးဟာ ပညာရေးကို ဦးစားပေးနေရတာကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ မတွေ့သေးပါဘူး။

ဆယ်လီရပ်ကွက်