ဗယ်လင်တိုင်းအကြို သားလေးဂျက်ဂျက်နဲ့ သမီးလေးကို တွေ့ဆုံစေခဲ့တဲ့ စန္ဒီမြင့်လွင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် အဆိုတော်မလေး နှစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင် နဲ့ နန်းမြတ်ဖြိုးသင် တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးတွေပါ။ သူမတို့က လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေးတွေဆိုလည်း မမှားပါဘူး ။ အဆိုပိုင်းမှာရော သရုပ်ဆောင် ပိုင်းမှာ နေရာယူထားကြတဲ့ သူတို့ နှစ်ယောက် က ရင်သွေးလေးတွေ ကိုယ်စီပိုင်ဆိုင်ထားကြပြီပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်း၊ သမီးလေးနဲ့ အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက ဒီတစ်ခါမှာတော့ နန်းမြတ်ဖြိုးသင် တို့သားအမိ နဲ့ တွေ့ဆုံတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာပါ။

စန္ဒီမြင့်လွင် က “ကိုကိုဂျက်ဂျက်နဲ့ညီမလေးထရက်ရှာဗယ်လင်တိုင်းအကြိုတွေ့ကြတယ်” ဆိုပြီး သမီးလေးနဲ့ သားလေး ဂျက်ဂျက်တို့ရဲ့ ချစ်စရာပုံရိပ်လေးကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

သားလေး ဂျက်ဂျက် ကလည်း ပရိသတ်အချစ်တော်လေး ဖြစ်သလို ၊ ထရက်ရှာလေးကလည်း ပရိသတ်တွေ သဲသဲလှုပ်ချစ်ခံနေရသူလေးပါ။နန်းမြတ်ဖြိုးသင် သားလေးနဲ့ စန္ဒီ့မြင့်လွင် သမီးလေး တို့ရဲ့ ချစ်စရာ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။