လမ်းခွဲလိုက်တဲ့အကြောင်းနဲ့ ပရိသတ်တွေ အံ့သြအောင်လုပ်ခဲ့ကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခ်စ္သူသက္တမ္း (၈) နွစ္ေက်ာ္ရိွျပီး သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ ခ်စ္သူဘဝေလးကို တည္ေဆာက္ထားတဲ့ ေက်ာ္ထြဋ္ေဆြနဲ့ နန္းသူဇာက ပရိသတ္ေတြ အားက်ရတဲ့ စံုတြဲေလး တစ္တြဲပါပဲ။ စိတ္တူကိုယ္တူနဲ့ အနုပညာလုပ္ငန္းေတြကို ကိုယ္စီလုပ္ကိုင္ေနတဲ့ ေက်ာ္ထြဋ္ေဆြနဲ့ နန္းသူဇာက ပရိသတ္အခိုင္အမာ ရရိွထားတဲ့ ေအာင္ျမင္သူေနသူေတြပဲ ျဖစ္ပါတယ္။ နားလည္မႈအျပည့္နဲ့ တည္ေဆာက္ထားတဲ့ ေက်ာ္ထြဋ္ေဆြနဲ့ နန္းသူဇာတုိ့ အခ်စ္ေရးကို ပရိသတ္ေတြကလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ၾကတာပဲ ျဖစ္ပါတယ္။

ေက်ာ္ထြဋ္ေဆြနဲ့ နန္းသူဇာက မေန့က ေဖေဖာ္ဝါရီလ (၁၃) ရက္ေန့မွာေတာ့ လမ္းခြဲလိုက္ျပီလို့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝခဲ့တာေၾကာင့္ ပရိသတ္ေတြက အံ့ၾသတၾကီး ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။

တကယ္ေတာ့ ေက်ာ္ထြဋ္ေဆြနဲ့ နန္းသူဇာက မနက္ျဖန္ ေဖေဖာ္ဝါရီလ (၁၄) ရက္ေန့မွာ ထြက္ရိွမယ့္ သူတို့ နွစ္ေယာက္ရဲ့ စံုတြဲသီခ်င္းအသစ္ “လမ္းခြဲ” ကို ေၾကျငာခဲ့တာပဲ ျဖစ္ပါတယ္။

ေက်ာ္ထြဋ္ေဆြနဲ့ နန္းသူဇာက သူတို့ရဲ့ သီခ်င္းသစ္ “လမ္းခြဲ” ကို မွ်ေဝမွာမို့ ပရိသတ္ေတြကို စေနာက္ျပီး Surprise လုပ္ထားၾကတာပဲ ျဖစ္ပါတယ္။ေက်ာ္ထြဋ္ေဆြနဲ့ နန္းသူဇာရဲ့ သီခ်င္းသစ္ “လမ္းခြဲ” ကေတာ့ မနက္ျဖန္ Valentine’s Day မွာ Music Video နဲ့တကြ ထြက္ရိွမွာ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်သူသက်တမ်း (၈) နှစ်ကျော်ရှိပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေး တစ်တွဲပါပဲ။ စိတ်တူကိုယ်တူနဲ့ အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်နေတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အောင်မြင်သူနေသူတွေပဲ ဖြစ်ပါတယ်။ နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ အချစ်ရေးကို ပရိသတ်တွေကလည်း စိတ်ဝင်တစား စောင့်ကြည့်ကြတာပဲ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက မနေ့က ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာတော့ လမ်းခွဲလိုက်ပြီလို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေခဲ့တာကြောင့် ပရိသတ်တွေက အံ့သြတကြီး ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက မနက်ဖြန် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ထွက်ရှိမယ့် သူတို့ နှစ်ယောက်ရဲ့ စုံတွဲသီချင်းအသစ် “လမ်းခွဲ” ကို ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက သူတို့ရဲ့ သီချင်းသစ် “လမ်းခွဲ” ကို မျှဝေမှာမို့ ပရိသတ်တွေကို စနောက်ပြီး Surprise လုပ်ထားကြတာပဲ ဖြစ်ပါတယ်။ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာရဲ့ သီချင်းသစ် “လမ်းခွဲ” ကတော့ မနက်ဖြန် Valentine’s Day မှာ Music Video နဲ့တကွ ထွက်ရှိမှာ ဖြစ်ပါတယ်။