ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူးလို့ ခီမောင်နှံ ပြော

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

၃ လပိုင္းမွာ ဒူးေခါင္းခြဲစိတ္ဖို႔ ရွိတာေၾကာင့္ ဒီႏွစ္ အကယ္ဒမီ ဆုေပးပြဲကို တက္ေရာက္ဖို႔ မေသခ်ာေသးဘူးလို႔ သ႐ုပ္ေဆာင္ ဇဏ္ခီက ေျပာပါတယ္။

“၃ လပိုင္းမွာ က်ေနာ္ ဒူးခြဲဖို႔ ရွိတယ္။ ခြဲဖို႔လုပ္ေနတာေတာ့ ေတာ္ေတာ္ၾကာၿပီ။ ဟိုဘက္က ဆရာဝန္နဲ႔ ခ်ိတ္ေနတာရယ္ အေခြကိုလည္း အေခ်ာသတ္ေနတဲ့ အခ်ိန္ကာလဆိုေတာ့ ရက္ေတြ ညႇိရတယ္။ ခြဲသင့္ေနတာလည္း ၾကာၿပီ။ ႐ုပ္ရွင္႐ိုက္တဲ့အခါ ၾကမ္းတဲ့အခန္းေတြပါရင္ စိတ္ပူၿပီးေတာ့ မ႐ိုက္ခ်င္ဘူး။ အဲဒါေၾကာင့္ ျမန္ျမန္ေလး ခြဲလိုက္ခ်င္တယ္။ ၄ လ ေလာက္နားရမယ္၊ မတ္လထဲမွာ ခြဲျဖစ္မယ္ဆိုေတာ့ အကယ္ဒမီပြဲတက္ဖို႔ ရက္နဲ႔ တိုက္ေနမလားေတာ့ မေျပာတတ္ေသးဘူး”

“အကယ္ဒမီ ခန႔္မွန္းေပးတာနဲ႔တင္ ေက်းဇူးတင္ပါတယ္။ အကယ္ဒမီကို ပရိသတ္ေတြက ေပးေပး၊ မေပးေပး ဇာတ္ကား ၾကည့္ေပးတာနဲ႔တင္ ေက်းဇူးတင္ပါတယ္။ ၾကည့္ၿပီးေတာ့မွ အားေပးတဲ့ ပရိသတ္ေတြ၊ အခုခ်ိန္ထိ ႐ုံမွာ ၾကည့္ေနေသးတဲ့ ပရိသတ္ေတြရွိတာနဲ႔တင္ ေနာက္ကားေတြ ဆက္႐ိုက္ဖို႔ အားရွိတယ္။ အခုခ်ိန္ထိ ႐ုံတင္ခြင့္ရေနဦးမယ္လို႔ မေမွ်ာ္လင့္ထားဘူး။ အခုလို ဆက္ျပခြင့္ေပးေနေသးတဲ့ ႐ုံပိုင္ရွင္ေတြနဲ႔ လာၾကည့္ေပးတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္တယ္”လို႔ ဇဏ္ခီက ေျပာပါတယ္။

ဇာတ္ကားေတြကို ဆုရဖို႔ဆိုၿပီး လုပ္ေလ့လုပ္ထ မရွိဘူးဆိုတဲ့ ဒါ႐ိုက္တာ ခရစၥတီးနားခီကလည္း အကယ္ဒမီဆုထက္ ေနာက္ကားအတြက္ပဲ ပိုစိတ္လႈပ္ရွားတယ္လို႔ ဆိုပါတယ္။

“အကယ္ဒမီအတြက္ ရင္ခုန္မႈဆိုရင္ က်မတို႔က ဆုရဖို႔ဆိုၿပီး လုပ္ေလ့လုပ္ထ မရွိဘူး။ ႏွစ္စဥ္ေပးခဲ့တဲ့ ဆုေတြ ျပန္ၾကည့္ရင္လည္း က်မနဲ႔ သိပ္ကိုက္ညီမႈ မရွိဘူးလို႔ ခံစားရတယ္။ က်မအေနနဲ႔ကေတာ့ ေနာက္ကားအတြက္ပဲ ပိုစိတ္လႈပ္ရွားတယ္။ အကယ္ဒမီ မွန္းေပးတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ အကယ္ဒမီ သိပ္လည္း မမွန္းထားပါနဲ႔”လို႔ ဒါ႐ိုက္တာ ခရစၥတီးနားခီက ေျပာပါတယ္။

ဆက္လက္ၿပီး ဒါ႐ိုက္တာ ခရစၥတီးနားခီက ဒီႏွစ္ ေအာ္စကာ ဆုေပးပြဲမွာ “Parasite” ဇာတ္ကား ဆုရတဲ့အေပၚလည္း အခုလိုပဲ ဆိုပါတယ္။

“ေအာ္စကာ ဆုေပးပြဲမွာ Parasite ဇာတ္ကားဆုရေတာ့ အရမ္း Inspire ျဖစ္တယ္ေပါ့။ ၉၂ ႏွစ္မွာ အာရွ႐ုပ္ရွင္က ဒီလိုမ်ိဳးဆုေတြ ရသြားတဲ့အတြက္ အရမ္းအားက်စရာ ေကာင္းတယ္။ ကမာၻေက်ာ္ ဒါ႐ိုက္တာေတြ Nominate လုပ္ခံရတဲ့သူတို႔ေတာ့ မသိဘူး၊ ကိုယ္ေတြလည္း အခြင့္အေရး ရွိပါလားဆိုတဲ့ စိတ္ေလးေတာ့ ရွိတယ္။ သူတို႔ေလာက္ေတာ့ မေတာ္ေသးပါဘူး”

“အဲ့လိုလမ္းေၾကာင္းမ်ိဳးက ႀကိဳးစားခြင့္ ရွိတယ္ေပါ့။ အႏုပညာသမားဆိုတာ ႀကိဳးစားတိုင္းလည္းမရဘူး။ Talent ပါလာမွေလ။ သူတို႔ Talent က အႀကီးႀကီး ကိုယ္ေတြ Talent က ေသးေသးေလးေပါ့။ ကိုယ္ေတြလည္း ျဖစ္ခြင့္ရွိတယ္ဆိုတာ သိလိုက္ရေတာ့ အရမ္းႀကိဳးစားခ်င္စိတ္ေတြျဖစ္ၿပီး အဲ့ဒီလမ္းေၾကာင္းကို သြားခ်င္တယ္”လို႔ ခရစၥတီးနားခီက ေျပာပါတယ္။

ခီေမာင္ႏွံဟာ “ဥပါယ္တံမ်ဥ္” ၊ “မုျဒာရဲ႕ေခၚသံ” စတဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားနဲ႔ ေအာင္ျမင္တဲ့ အႏုပညာရွင္စုံတြဲ ျဖစ္ခဲ့ၿပီး “Now & Ever” ႐ုပ္ရွင္ကေတာ့ ဇဏ္ခီရဲ႕ တတိယေျမာက္ ဇာတ္ၫႊန္းျဖစ္ၿပီး “ဥပါယ္တံမ်ဥ္” နဲ႔ “သီတာ” ဆိုတဲ့ ဇာတ္ၫႊန္းမ်ားလည္း ေရးသားထားပါတယ္။

ဧရာဝတီ

Unicode ဖြင့်ဖတ်ပါ
★★★★★

၃ လပိုင်းမှာ ဒူးခေါင်းခွဲစိတ်ဖို့ ရှိတာကြောင့် ဒီနှစ် အကယ်ဒမီ ဆုပေးပွဲကို တက်ရောက်ဖို့ မသေချာသေးဘူးလို့ သရုပ်ဆောင် ဇဏ်ခီက ပြောပါတယ်။

“၃ လပိုင်းမှာ ကျနော် ဒူးခွဲဖို့ ရှိတယ်။ ခွဲဖို့လုပ်နေတာတော့ တော်တော်ကြာပြီ။ ဟိုဘက်က ဆရာဝန်နဲ့ ချိတ်နေတာရယ် အခွေကိုလည်း အချောသတ်နေတဲ့ အချိန်ကာလဆိုတော့ ရက်တွေ ညှိရတယ်။ ခွဲသင့်နေတာလည်း ကြာပြီ။ ရုပ်ရှင်ရိုက်တဲ့အခါ ကြမ်းတဲ့အခန်းတွေပါရင် စိတ်ပူပြီးတော့ မရိုက်ချင်ဘူး။ အဲဒါကြောင့် မြန်မြန်လေး ခွဲလိုက်ချင်တယ်။ ၄ လ လောက်နားရမယ်၊ မတ်လထဲမှာ ခွဲဖြစ်မယ်ဆိုတော့ အကယ်ဒမီပွဲတက်ဖို့ ရက်နဲ့ တိုက်နေမလားတော့ မပြောတတ်သေးဘူး”

“အကယ်ဒမီ ခန့်မှန်းပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်။ အကယ်ဒမီကို ပရိသတ်တွေက ပေးပေး၊ မပေးပေး ဇာတ်ကား ကြည့်ပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်။ ကြည့်ပြီးတော့မှ အားပေးတဲ့ ပရိသတ်တွေ၊ အခုချိန်ထိ ရုံမှာ ကြည့်နေသေးတဲ့ ပရိသတ်တွေရှိတာနဲ့တင် နောက်ကားတွေ ဆက်ရိုက်ဖို့ အားရှိတယ်။ အခုချိန်ထိ ရုံတင်ခွင့်ရနေဦးမယ်လို့ မမျှော်လင့်ထားဘူး။ အခုလို ဆက်ပြခွင့်ပေးနေသေးတဲ့ ရုံပိုင်ရှင်တွေနဲ့ လာကြည့်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်”လို့ ဇဏ်ခီက ပြောပါတယ်။

ဇာတ်ကားတွေကို ဆုရဖို့ဆိုပြီး လုပ်လေ့လုပ်ထ မရှိဘူးဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကလည်း အကယ်ဒမီဆုထက် နောက်ကားအတွက်ပဲ ပိုစိတ်လှုပ်ရှားတယ်လို့ ဆိုပါတယ်။

“အကယ်ဒမီအတွက် ရင်ခုန်မှုဆိုရင် ကျမတို့က ဆုရဖို့ဆိုပြီး လုပ်လေ့လုပ်ထ မရှိဘူး။ နှစ်စဉ်ပေးခဲ့တဲ့ ဆုတွေ ပြန်ကြည့်ရင်လည်း ကျမနဲ့ သိပ်ကိုက်ညီမှု မရှိဘူးလို့ ခံစားရတယ်။ ကျမအနေနဲ့ကတော့ နောက်ကားအတွက်ပဲ ပိုစိတ်လှုပ်ရှားတယ်။ အကယ်ဒမီ မှန်းပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အကယ်ဒမီ သိပ်လည်း မမှန်းထားပါနဲ့”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ဒီနှစ် အော်စကာ ဆုပေးပွဲမှာ “Parasite” ဇာတ်ကား ဆုရတဲ့အပေါ်လည်း အခုလိုပဲ ဆိုပါတယ်။

“အော်စကာ ဆုပေးပွဲမှာ Parasite ဇာတ်ကားဆုရတော့ အရမ်း Inspire ဖြစ်တယ်ပေါ့။ ၉၂ နှစ်မှာ အာရှရုပ်ရှင်က ဒီလိုမျိုးဆုတွေ ရသွားတဲ့အတွက် အရမ်းအားကျစရာ ကောင်းတယ်။ ကမ္ဘာကျော် ဒါရိုက်တာတွေ Nominate လုပ်ခံရတဲ့သူတို့တော့ မသိဘူး၊ ကိုယ်တွေလည်း အခွင့်အရေး ရှိပါလားဆိုတဲ့ စိတ်လေးတော့ ရှိတယ်။ သူတို့လောက်တော့ မတော်သေးပါဘူး”

“အဲ့လိုလမ်းကြောင်းမျိုးက ကြိုးစားခွင့် ရှိတယ်ပေါ့။ အနုပညာသမားဆိုတာ ကြိုးစားတိုင်းလည်းမရဘူး။ Talent ပါလာမှလေ။ သူတို့ Talent က အကြီးကြီး ကိုယ်တွေ Talent က သေးသေးလေးပေါ့။ ကိုယ်တွေလည်း ဖြစ်ခွင့်ရှိတယ်ဆိုတာ သိလိုက်ရတော့ အရမ်းကြိုးစားချင်စိတ်တွေဖြစ်ပြီး အဲ့ဒီလမ်းကြောင်းကို သွားချင်တယ်”လို့ ခရစ္စတီးနားခီက ပြောပါတယ်။

ခီမောင်နှံဟာ “ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အောင်မြင်တဲ့ အနုပညာရှင်စုံတွဲ ဖြစ်ခဲ့ပြီး “Now & Ever” ရုပ်ရှင်ကတော့ ဇဏ်ခီရဲ့ တတိယမြောက် ဇာတ်ညွှန်းဖြစ်ပြီး “ဥပါယ်တံမျဉ်” နဲ့ “သီတာ” ဆိုတဲ့ ဇာတ်ညွှန်းများလည်း ရေးသားထားပါတယ်။

ဧရာဝတီ