ဆရာမလေး မပုန်းရည်ဆိုတဲ့ ကာရိုက်တာအပေါ် ဝေဖန်နေတဲ့သူတွေကို မေတ္တာရပ်ခံစကားဆိုလိုက်တဲ့ ခိုင်သင်းကြည်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး အမ်ိဳးသမီးဆယ္လီေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ မင္းသမီးခိုင္သင္းၾကည္ကိုေတာ့   ပရိသတ္ေတြရင္းႏွီးၿပီးသားျဖစ္မွာပါေနာ္..။

ေဖေဖာ္ဝါရီ(၁၃)ရက္ေန႔မွာ ျပသေတာ့မယ့္ “ဆူးပန္းေခြသြယ္ဘယက္ႏွင့္ ေပ႐ြက္လိပ္နားေတာင္းဆင္” ဇာတ္လမ္းတြဲမွာ သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ကာ႐ိုက္တာနဲ႔ ပတ္သက္တဲ့ပိုစ့္ေလးကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္..။ မခိုင္ေလးက အသက္(၂၀)ေက်ာ္အ႐ြယ္ ဆရာမေလး ပုန္းရည္ေနရာကေန သ႐ုပ္ေဆာင္ျဖစ္တာက “ကိုခန႔္နဲ႔ မခိုင္ႀကီးတို႔ရဲ႕ လုပ္ေစခ်င္တာေၾကာင့္ေရာ.. ကိုယ္တိုင္လည္း ဒီကာ႐ိုက္တာကို သ႐ုပ္ေဆာင္ခ်င္တာေၾကာင့္ သ႐ုပ္ေဆာင္ျဖစ္သြားၿပီး အရင္စြာေတးလန္ပုံစံမဟုတ္ဘဲ တည္ၿငိမ္ေအးေဆးတဲ့ ဆရာမေလးအသြင္ျဖစ္ေအာင္ ႀကိဳးစား လုပ္ေဆာင္ထားပါတယ္”လို႔  ေျပာျပလာပါတယ္..။

မခိုင္ေလးကေတာ့ အႏုပညာအလုပ္ေတြမွာ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္တာေၾကာင့္ တျခားေသာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ အစီအစဥ္ေတြမွာလည္း လုပ္ကိုင္ေနတာပါ..။ “ဆူးပန္းေခြသြယ္ဘယက္ႏွင့္ ေပ႐ြက္လိပ္နားေတာင္းဆင္” ဇာတ္လမ္းတြဲ႐ိုက္ကူးစဥ္က မ႐ိုက္ကူးခင္ ႐ိုက္ရက္ေတြေ႐ြ႕သြားခဲ့ၿပီး တျခား အလုပ္ေလးေတြနဲ႔ တိုက္ကုန္တာေၾကာင့္ သူမဘက္က က်န္းမာေရးထိခိုက္ခဲ့ၿပီး သူမက်န္းမာေရးေၾကာင့္ ႐ုပ္ရွင္အဖြဲ႕သားေတြ မ႐ိုက္ရဘဲ နားလိုက္ရတာမ်ိဳးေတြ မျဖစ္ေစခ်င္လို႔ ဆက္႐ိုက္ခဲ့ပါတယ္..။ က်န္းမာေရးထိခိုက္ေနတဲ့ၾကားက ႐ိုက္ထားတာေၾကာင့္ ဇာတ္ဝင္ခန္းတစ္ခ်ိဳ႕မွာ မ်က္ႏွာေလးေခ်ာင္က်ေနတဲ့ ပုံေလးေတြကိုလည္း သည္းခံၿပီး ၾကည့္ေပးၾကပါလို႔လည္း ေမတၱာရပ္ခံေျပာလာခဲ့ပါတယ္..။

ေနာက္ဆုံးမွာေတာ့ ႐ုပ္ရွင္တစ္ဖြဲ႕သားလုံးနဲ႔ ဇာတ္လမ္းတြဲ႐ိုက္ကူးစဥ္ ႀကဳံခဲ့ရတဲ့ အခက္အခဲေတြကို   တစ္ေယာက္တည္း ဒိုင္ခံေျဖရွင္းေပးခဲ့တဲ့ ကိုခန႔္စည္သူကိုလည္း ေက်းဇူးတင္ေၾကာင္းကို ေျပာျပလာခဲ့ပါတယ္..။ မခိုင္ေလးကေတာ့ ကိုယ္တိုင္က ဝါရင့္သ႐ုပ္ေဆာင္ျဖစ္ေပမယ့္ သူမေၾကာင့္ တျခားေသာ ႐ုပ္ရွင္အဖြဲ႕သားေတြ အခက္အခဲမျဖစ္ေစခ်င္တဲ့ စိတ္ေလးကေတာ့ တကယ္ကို ေလးစားဖို႔ေကာင္းပါတယ္ေနာ္ ပရိသတ္ႀကီးေရ..။ Cele Connections ပရိသတ္ႀကီးေရာ ခိုင္သင္းၾကည္ပါဝင္ထားတဲ့ MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ ေဖေဖာ္ဝါရီလ(၁၃)ရက္ေန႔ ည(၇)နာရီမွာ ျပသေတာ့မယ့္ “ဆူးပန္းေခြသြယ္ဘယက္ႏွင့္ ေပ႐ြက္လိပ္နားေတာင္းဆင္” ဇာတ္လမ္းတြဲႀကီးကို အားေပးၾကည့္ရႈ႕ဖို႔အသင့္ပဲလား????

Source: Khine Thin Kyi’s Facebook

Sakura(Cele Connections)

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အမျိုးသမီးဆယ်လီတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုတော့   ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါနော်..။

ဖေဖော်ဝါရီ(၁၃)ရက်နေ့မှာ ပြသတော့မယ့် “ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲမှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာနဲ့ ပတ်သက်တဲ့ပိုစ့်လေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ မခိုင်လေးက အသက်(၂၀)ကျော်အရွယ် ဆရာမလေး ပုန်းရည်နေရာကနေ သရုပ်ဆောင်ဖြစ်တာက “ကိုခန့်နဲ့ မခိုင်ကြီးတို့ရဲ့ လုပ်စေချင်တာကြောင့်ရော.. ကိုယ်တိုင်လည်း ဒီကာရိုက်တာကို သရုပ်ဆောင်ချင်တာကြောင့် သရုပ်ဆောင်ဖြစ်သွားပြီး အရင်စွာတေးလန်ပုံစံမဟုတ်ဘဲ တည်ငြိမ်အေးဆေးတဲ့ ဆရာမလေးအသွင်ဖြစ်အောင် ကြိုးစား လုပ်ဆောင်ထားပါတယ်”လို့  ပြောပြလာပါတယ်..။

မခိုင်လေးကတော့ အနုပညာအလုပ်တွေမှာ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တာကြောင့် တခြားသော ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အစီအစဉ်တွေမှာလည်း လုပ်ကိုင်နေတာပါ..။ “ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲရိုက်ကူးစဉ်က မရိုက်ကူးခင် ရိုက်ရက်တွေရွေ့သွားခဲ့ပြီး တခြား အလုပ်လေးတွေနဲ့ တိုက်ကုန်တာကြောင့် သူမဘက်က ကျန်းမာရေးထိခိုက်ခဲ့ပြီး သူမကျန်းမာရေးကြောင့် ရုပ်ရှင်အဖွဲ့သားတွေ မရိုက်ရဘဲ နားလိုက်ရတာမျိုးတွေ မဖြစ်စေချင်လို့ ဆက်ရိုက်ခဲ့ပါတယ်..။ ကျန်းမာရေးထိခိုက်နေတဲ့ကြားက ရိုက်ထားတာကြောင့် ဇာတ်ဝင်ခန်းတစ်ချို့မှာ မျက်နှာလေးချောင်ကျနေတဲ့ ပုံလေးတွေကိုလည်း သည်းခံပြီး ကြည့်ပေးကြပါလို့လည်း မေတ္တာရပ်ခံပြောလာခဲ့ပါတယ်..။

နောက်ဆုံးမှာတော့ ရုပ်ရှင်တစ်ဖွဲ့သားလုံးနဲ့ ဇာတ်လမ်းတွဲရိုက်ကူးစဉ် ကြုံခဲ့ရတဲ့ အခက်အခဲတွေကို   တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းပေးခဲ့တဲ့ ကိုခန့်စည်သူကိုလည်း ကျေးဇူးတင်ကြောင်းကို ပြောပြလာခဲ့ပါတယ်..။ မခိုင်လေးကတော့ ကိုယ်တိုင်က ဝါရင့်သရုပ်ဆောင်ဖြစ်ပေမယ့် သူမကြောင့် တခြားသော ရုပ်ရှင်အဖွဲ့သားတွေ အခက်အခဲမဖြစ်စေချင်တဲ့ စိတ်လေးကတော့ တကယ်ကို လေးစားဖို့ကောင်းပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးရော ခိုင်သင်းကြည်ပါဝင်ထားတဲ့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ည(၇)နာရီမှာ ပြသတော့မယ့် “ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲကြီးကို အားပေးကြည့်ရှု့ဖို့အသင့်ပဲလား????

Source: Khine Thin Kyi’s Facebook

Sakura(Cele Connections)