ဇော်ပိုင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် Surprise ပြုလုပ်ခဲ့တဲ့ အောင်ထက်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source : Zaw Paing
Unicode ဖြင့်ဖတ်ပါ
★★★★★
“ ဇော်ပိုင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် Surprise ပြုလုပ်ခဲ့တဲ့ အောင်ထက် ”
CeleConections ပရိသတ်ကြီးရေ အောင်ထက်ကတော့ အိမ်မက်ဆုံရာ ( ရာသက်ပန် ) ပြိုင်ပွဲကနေ Winner ရရှိခဲ့တဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အသံပါဝါ ကြောင့် မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ သဘောကျနှစ်သက်နေရတဲ့ အဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ မြန်မာနိုင်ငံကပရိသတ်တွေသာမက နိုင်ငံခြားရောက်မြန်မာပရိသတ်တွေပါတခဲနက်အားပေးခံရသူဆိုလည်း ဟုတ်ပါတယ်နော်။
သူ့ရဲ့ သီချင်းသစ်တွေဟာဆိုရင်လည်း ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိတာပဲ ဖြစ်ပါတယ်။တစ်ယောက်တည်း Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို လုပ်နေတဲ့ အောင်ထက်ကတော့ စီနီယာအနုပညာအကို ဖြစ်တဲ့ ဇော်ပိုင်တို့ဇနီးမောင်နှံကို Surprise လေးလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ကတော့ ဇော်ပိုင်တို့ဇနီးမောင်နှံရဲ့ Anniversary နှစ်ပတ်လည် မင်္ဂလာရက်မြတ်လေးပဲ ဖြစ်ပြီး “ဘယ်လောက်ချစ်စရာကောင်းတဲ့ညီလေးလဲအစ်ကိုနဲ့ အစ်မ Happy Anniversary & Happy Valentineတဲ့ကျေးဇူးအထူးပါညီလေး ” ဆိုတဲ့ စာသားလေးနဲ့အတူ အမှတ်တရပုံလေးတွေ ကို ဇော်ပိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections မိသားစုမှလည်း ဇော်ပိုင်တိုဇနီး့မောင်နှံ နှစ်ပေါင်းများစွာရတုအဆက်အဆက် ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleConnections ပရိသတ်ကြီးရေ ဇော်ပိုင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။
Source : Zaw Paing
Candy -CeleConnections