မြင့်မြတ်၊ ရဲတိုက်တို့နဲ့ အတူ အကြမ်းစားတစ်ခုဖန်တီးသွားမည့် ယုန်လေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleGabar
Source – Yone Lay

Unicode ဖြင့်ဖတ်ပါ
★★★★★

“မြင့်မြတ်၊ ရဲတိုက်တို့နဲ့ အတူ အကြမ်းစားတစ်ခုဖန်တီးသွားမည့် ယုန်လေး”

အဆိုတော်သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကတော့ လတ်တလောမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မြင့်မြတ်၊ ရဲတိုက်တို့နဲ့အတူ (၃)ယောက်ပေါင်းပြီးအကြမ်းစားတစ်ခုကို ဖန်တီးသွားဖို့ရှိတဲ့အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရုပ်ရှင်တွေကို ရိုက်ကူးလာခဲ့တာပဲဖြစ်ပါတယ်။

ယုန်လေးက သူမတူဆန်းပြားတဲ့ ဇာတ်လမ်းတွေကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးတာကြောင့် ပရိသတ်တွေရဲ့ သဘောကျအားပေးမှုကို အပြည့်အဝရရှိထားတာပါ။သူမတူဆန်းပြားတာတွေကို အမြဲလိုလို ဖန်တီးလေ့ရှိတဲ့ ယုန်လေးက “ကဲ ဒီ ၃ ယောက်ဆိုကြမ်း ပြီးတော့ လုပ်လိုက် July , Aug , Sept , Oct ရိုက်ကူးချိန် ၄လ လုံးဝ မထင်ထားတဲ့ Amazing တွေ ထပ်ပြီးထပ်ပြီး”မြင့်မြတ်၊ရဲတိုက်တို့နဲ့ လုံးဝမထင်မှတ်ထားတဲ့ အရာတစ်ခုကို ပရိသတ်တွေအတွက် ဖန်တီးချပြသွားမယ့်အကြောင်းကို သူ့ရဲ့လူမှုကွန်စာမျက်နှာကနေဖော်ပြထားခဲ့ပါတယ်။

ပရိသတ်တွေကတော့ သူတို့(၃)ယောက်ပေါင်းပြီး ဘယ်လိုအကြမ်းစားတစ်ခုကို ကြည့်ရှုရမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေရော ယုန်လေး၊ မြင့်မြတ်၊ ရဲတိုက်တို့ (၃)ယောက်ပေါင်းဖန်တီးထားတဲ့ အကြမ်းစားတစ်ခုကို ကြည်ရှုဖို့ရင်ခုန်နေကြပြီလား။

Chilli – CeleGabar
Source – Yone Lay