.သောကြာသားသမီးများရဲ့ (၂၀၂၀)ခုနှစ်အတွက် (၁)နှစ်လုံးစာ ကံကြမ္မာဟောကိန်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

(၂၀၂၀)ခုႏွစ္အတြက္ ေသာၾကာသားသမီးမ်ားရဲ႕ တစ္ႏွစ္စာကံၾကမၼာေဟာကိန္း
==============================

ဒီႏွစ္(၂၀၂၀)ဟာ ေသာၾကာသားသမီးေတြအတြက္ မိမိခံယူတဲ့အေပၚမူတည္ၿပီး ကံအေနအထား ကြာသြားႏိုင္တာကိုေတြ႕ရပါတယ္။ ေသာၾကာခ်င္းတူရင္ေတာင္မွ ကံခ်င္းတူဖို႔ခဲယဥ္းႏိုင္ပါတယ္။ လူရဲ႕ေနထိုင္မႈအရကံအနိမ့္ အျမင့္ကလဲ ကြာသြားႏိုင္ေျခရွိလို႔ပါပဲ။ ဒီႏွစ္မွာေတာ့ ေသာၾကာသားသမီးေတြက ကိုယ့္အလုပ္ေတြကို ေခတ္နဲ႔အညီ update လုပ္ပါေတာ့။ မိ႐ိုးဖလာကေန ပိုမိုတိုးတတ္ေအာင္မလုပ္ႏိုင္ရင္ေတာ့ လုပ္ငန္းေတြက်ဆုံးႏိုင္တဲ့ သေဘာေတြ ႀကဳံေတြ႕ရႏိုင္ပါတယ္။ မိမိရဲ႕အသက္ေမြးမႈပညာေတြကို စီးပြားေရးအျဖစ္ ဖန္တီးအေကာင္အထည္ေဖာ္ႏိုင္ေအာင္ႀကိဳးစားပါ။ (၂၀၂၀)မွာ အလုပ္အေျပာင္းအလဲေတြ၊ ေနရာထိုင္ခင္းအေျပာင္းအလဲေတြ၊ အိုးအိမ္ေျပာင္းေ႐ႊ႕ရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ေသာၾကာသားသမီးအားလုံးအတြက္ မတည္ၿငိမ္တဲ့ႏွစ္တစ္ခုလို႔ေျပာရင္လဲမမွားပါဘူး။ တကယ့္ကိုဘဝတစ္ဆစ္ခ်ိဳးေျပာင္းလဲႏိုင္တဲ့ အေျပာင္းအလဲမ်ိဳးေတြကိုလဲ ႀကဳံရတတ္ပါတယ္။

အခ်ိဳ႕လူေတြအတြက္ ဘဝတစ္ဆစ္ခ်ိဳးအေျပာင္းအလဲေတြက ပိုေကာင္းတဲ့အေျခအေနတစ္ရပ္ကို ျဖစ္ေပၚေစတတ္ၿပီးေတာ့ အခ်ိဳ႕သူေတြအတြက္ကေတာ့ စည္းစိမ္ျပဳတ္ၿပီး ဘဝအေျခအေနယိုင္နဲ႔သြားတတ္ပါတယ္။ အဲဒီေတာ့(၂၀၂၀)မွာ ေသာၾကာသားသမီးေတြ႐ိုးသားပါ။ အေပ်ာ္အပါးေရွာင္ပါ။ ငါးပါးသီလၿမဲေအာင္ေနပါ။ မတရားတဲ့ နည္းလမ္းနဲ႔ေငြမရွာပါနဲ႔။ အမိအဘေတြ၊ ဇနီးမယားသားသမီးေတြကို မ်က္ရည္က်ေအာင္မလုပ္ပါနဲ႔။ အဲဒီအခ်က္ေတြကိုေရွာင္ႏိုင္ရင္ေတာ့ ဒီႏွစ္ဟာ ဇာတာရွင္အတြက္ ကံေကာင္းျခင္းေတြကို ျဖစ္ေပၚေစပါလိမ့္မယ္။

ကံၾကမၼာက လွည့္စားတတ္ပါတယ္။ ဒီႏွစ္မွာဇာတာရွင္ကို ေငြအစုလိုက္အပုံလိုက္ဝင္ေအာင္ ဖန္တီးေပးလိမ့္မယ္။ ရလာတဲ့ေငြေၾကးေတြကို ေကာင္းစြာအသုံးခ်တတ္ပါေစ။ အလႉအတန္းေတြလုပ္ပါ။ မိဘေတြ၊ ေက်းဇူးရွင္ေတြကို တတ္ႏိုင္တာေလးနဲ႔ကန္ေတာ့ပါ။ ရတဲ့ေငြကိုအေပ်ာ္အပါးမွာသုံးျဖစ္လိုက္တာမ်ိဳး၊ ဒီေငြနဲ႔သူမ်ားကိုဒုကၡေရာက္ေအာင္လုပ္တာမ်ိဳး၊ မာနႀကီးၿပီးမတူသလို မတန္သလို အျခားလူေတြကိုဆက္ဆံတာမ်ိဳး၊ ေလာင္းကစားေတြလုပ္လိုက္တာမ်ိဳး၊အငယ္အေႏွာင္းထားတာမ်ိဳးေတြကို မလုပ္မိပါေစနဲ႔။ လုပ္မိရင္ေတာ့ အဲဒီဝင္လာတဲ့ေငြေၾကာင့္ပဲ ဒုကၡေရာက္ရတတ္ပါတယ္။

လူငယ္မ်ားစန္းပြင့္ေနလိမ့္မယ္။ ဒါေၾကာင့္ပဲ နီးစပ္တဲ့သူနဲ႔ၿငိစြန္းလြယ္သည္။ ကိုယ္နဲ႔အေနနီးသူေတြက မုဆိုးမတစ္ခုလပ္ျဖစ္ေနသူေတြဆိုရင္ေတာ့ အဲလိုလူေတြနဲ႔ၿငိသြားတတ္ပါတယ္။ ဒါေၾကာင့္သတိထားပါ။ တစိမ္းတရံ ေတြအိမ္မွာ ယာယီလာတည္းတာပဲျဖစ္ျဖစ္၊ ကိုယ္ကေနၿပီးေတာ့ အျခားအိမ္မွာသြားတည္းတာပဲျဖစ္ျဖစ္ လိင္မတူသူ တစ္စိမ္းတစ္ေယာက္ပါတယ္ဆိုရင္ေတာ့ အဲလိုလူမ်ိဳးနဲ႔ၿငိစြန္းရတတ္ပါတယ္။ ရည္စားရွိသူမ်ား ရည္းစားသက္တမ္း မၾကာေသးဘဲ အတူေနမိတတ္ပါတယ္။ အဲလိုေနလိုက္မိတယ္ဆိုရင္ ထိုခ်စ္သူနဲ႔ယူျဖစ္ဖို႔ ရာခိုင္ႏႈန္းနည္းသြားသလို မဖုံးႏိုင္မဖိႏိုင္တဲ့ကိစၥေတြလဲ မေတာ္တဆျဖစ္သြားႏိုင္ပါတယ္။ သမီးရည္းစားေတြ လြန္စြာမွာအေနအထိုင္ဆင္ျခင္သင့္တဲ့ ေန႔ရက္လဲျဖစ္ပါတယ္။

အိမ္ေထာင္ေရးနဲ႔ပက္သက္ၿပီးေတာ့လဲ ဒီႏွစ္ဟာအိမ္ေထာင္ေရးညံ့ေနတာမ်ိဳးေတြ သိပ္မေတြ႕ရပါဘူး။ ကေတာက္ကဆျဖစ္မယ္ဆိုရင္လဲ ခဏေလာက္ပဲျဖစ္တတ္ပါတယ္။ အိမ္ေထာင္ေရးျပႆနာေတြျဖစ္ရင္ေတာ့ ေျဖရွင္းလို႔ရပါလိမ့္မယ္။ အဆိုးဆုံးထိေတာ့ အိမ္ေထာင္ေရး၊အိမ္တြင္းေရးမညံ့ပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကားစကားေတြကို မယုံလိုက္ဖို႔ေတာ့လိုပါတယ္။

ဒီႏွစ္မွာ အိမ္ၿခံေျမေရာင္းဝယ္ေရးလုပ္ငန္းမ်ား၊ ငါးေမြးျမဴေရးလုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္မႈလုပ္ငန္း၊ ဓာတ္ပုံႏွင့္ဗီဒီယိုလုပ္ငန္း၊ ေ႐ႊသန႔္စင္လုပ္ငန္း၊ စားေသာက္ဆိုင္လုပ္ငန္းမ်ား အက်ိဳးေပးေအာင္ျမင္ႏိုင္တာကို ေတြ႕ရပါတယ္။ သူမ်ားအႀကံယူတာထက္ မိမိစိတ္ကူးရွိတာကို ပိုေကာင္းေအာင္လုပ္ေစခ်င္ပါတယ္။ ဒီႏွစ္ဟာ တစ္႐ြာမေျပာင္းသူေကာင္းမျဖစ္ဆိုတဲ့စကားပုံကို နမူနာယူၿပီးလုပ္ကိုင္ပါ။ ရပ္ေဝးသြားလုပ္ရမဲ့အလုပ္ေတြ အထူးေကာင္းပါတယ္။ ဒါေၾကာင့္ပဲ ႏိုင္ငံျခားသြားဖို႔စီစဥ္ထားသူေတြ မၾကာခင္မွာပဲ သြားရဖို႔အေၾကာင္းဖန္လာတတ္ပါတယ္။

Calling က်ဖို႔ၾကာေနသူမ်ား (၂၀၂၀)မွာသြားရဖို႔ အခြင့္အလမ္းေတြ ႀကဳံရတတ္ပါတယ္။ ႏိုင္ငံျခားကံ၊ ရပ္ေဝးကံ ေကာင္းေနတဲ့ႏွစ္ပါပဲ။ က်န္းမာေရးကေတာ့ ဒီႏွစ္မွာ မၾကာခဏဖ်ားနာျခင္း၊ ေသြးအားနည္းျခင္း၊ ဗိုက္ေအာင့္၊ ေလနာ ေရာဂါမ်ားဂ႐ုစိုက္ရပါလိမ့္မယ္။ ဒါအျပင္သြားခံတြင္း၊ အ႐ိုးနဲ႔ပက္သက္ေသာေဝဒနာ၊ မီးယပ္စတာေတြကိုလဲ သတိထားရပါလိမ့္မယ္။ ပညာေရးကံမွာေတာ့ အေႏွာက္အယွက္အရမ္းကို ႀကဳံရတတ္ပါတယ္။ က်န္းမာေရးမေကာင္းလို႔ ပညာေရးေႏွာင့္ေႏွးရတတ္သလို၊ ႏွလုံးသားေရးရာေၾကာင့္လဲ ပညာေရးထိခိုက္ရတတ္ပါတယ္။ ႏိုင္ငံျခားပညာေတာ္သင္သြားရတတ္ပါတယ္။ စေကာ္လာရွစ္ေတြပါတတ္ပါတယ္။

ဒီႏွစ္မွာေနရာသစ္၊ ဝန္းက်င္းသစ္မွာ လုပ္ကိုင္ရတတ္ပါတယ္။ လူသစ္မိတ္သစ္မ်ားႏွင့္ ပူးတြဲလုပ္ကိုင္ျခင္းက အက်ိဳးျဖစ္ထြန္းမည္။ ဒီႏွစ္မွာ ေသာၾကာ၊ စေနႏွင့္အဂၤါသားသမီးေတြက ေရွာင္သင့္တဲ့ေန႔ရက္ေတြ ျဖစ္လာတတ္ၿပီးေတာ့ တနလၤာ၊ ရာဟုႏွင့္ဗုဒၶဟူးသားသမီးေတြက အက်ိဳးေပးတဲ့ေန႔သားသမီးေတြ ျဖစ္လာတတ္ပါတယ္။ လူမႈေရးကိစၥေတြမွာ စကားေျပားအမွားေတြေၾကာင့္ မိတ္ပ်က္ရတတ္ပါတယ္။

စိတ္ထဲလိုခ်င္တာေတြကိုဆန္းစစ္ပါ။ မိမိလိုခ်င္တာက မိမိအတြက္အပ်က္ျဖစ္မွာလားဆိုတာကို စဥ္းစားပါ။ ေကာင္းေသာလိုအင္ဆႏၵေတြပဲျဖစ္ပါေစ။ မေကာင္းတဲ့ဆႏၵေတြကပဲ ဒီႏွစ္မွာမိမိကိုမေကာင္းေအာင္ပဲ ပုံေဖာ္ပါလိမ့္မယ္။စက္ပစၥည္းနဲ႔ပက္သက္ၿပီး ေငြကုန္ရတတ္ပါတယ္။ လက္ထဲမွာရွိတဲ့စက္ပစၥည္းေတြ ခ်ဴျခာပါလိမ့္မယ္။ စက္ကားလုပ္ငန္းလုပ္သူမ်ား ရတာနဲ႔ျပန္ကုန္တာ မကာမိျဖစ္တတ္ပါတယ္။

ေသာၾကာေန႔ဖြားေတြဟာ အခုႏွစ္(၂၀၂၀)မွာ အသက္အားျဖင့္ ၄ႏွစ္၊၁၁ႏွစ္၊၁၈ႏွစ္၊၂၅ႏွစ္၊၃၂ႏွစ္၊၃၉ႏွစ္၊ ၄၆ႏွစ္၊ ၅၃ႏွစ္၊၆၀ႏွစ္၊၆၇ႏွစ္၊၇၄ႏွစ္စေသာ အသက္အပိုင္းအျခားေတြမွာ ေရာက္ေနခ်ိန္ဆိုရင္ေတာ့ ကံအညံ့ေတြမ်ားျပားၿပီး ကံဇာတာညႇိဳးႏြမ္းေနတယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။ ဒီအသက္အပိုင္းအျခား ေရာက္ေနသူေတြကေတာ့ နီးစပ္တဲ့ဆရာေတြဆီမွာ ေမးျမန္းၿပီး အေသးစိပ္အႀကံဉာဏ္ယူေစခ်င္ပါတယ္။

ဒီႏွစ္မွာလူငယ္ေတြ မိမိကိုယ္ကိုမထိန္းႏိုင္သူေတြ အထူးသတိထားပါ။ မိဘအုပ္ထိန္းသူနဲ႔ အဆင္မေျပခ်ဳပ္ခ်ယ္တယ္ထင္ၿပီးေတာ့ အိမ္ကထြက္သြားမိတတ္ပါတယ္။ စိတ္ေလတာမ်ိဳး အလြန္ျဖစ္တတ္ပါတယ္။ လုပ္ငန္းရွင္ မ်ားလူယုံသတိထားပါ။ လူယုံေၾကာင့္ ဒုကၡေရာက္ရတတ္ပါတယ္။ ေအာင္ျမင္အဆင္ေျပသူေတြ အထူးသတိထားပါ။ မနာလိုသူေတြ အထူးေပါလာတတ္ပါတယ္။ မနာလိုတာေၾကာင့္ပဲ ဝိုင္းဝန္းေခ်ာက္ခ်ေနတာခံရတတ္ပါတယ္။

ဒီႏွစ္ကို နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ေတာ့ ဒီႏွစ္မွာေကာင္းေသာစိတ္ကိုေမြးပါ။ မဟုတ္တာမလုပ္မိပါေစနဲ႔။ အခက္အခဲေတြကိုရင္ဆိုင္ပါ။ ေရွာင္ေနရင္ပိုဆိုးပါတယ္။ လိင္အရႈပ္အေထြးေတြမလုပ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။ ရာဂအမွာင္ကိုေရွာင္ပါ။ မိန္းကေလးမ်ားမႂကြားဝါပါနဲ႔။ အလုပ္နဲ႔ပက္သက္ၿပီးေတာ့လဲ လုပ္ငန္းသစ္၊ စီးပြားသစ္လုပ္ျဖစ္ရင္ ေသခ်ာႀကိဳးစားပါ။ ေရရွည္သြားႏိုင္ပါလိမ့္မယ္။ ဒီႏွစ္က်န္းမာေရး အထူးဂ႐ုစိုက္လိုက္ပါ။

တစ္ႏွစ္စာအထူးယၾတာ

– ေမြးေန႔နံနက္မွာ နီးစပ္ရာဘုရားေစတီသြားပါ။ အက်ႌအျဖဴေရာင္ဝတ္ၿပီးေတာ့ ဗုဒၶဟူးေထာင့္မွာ ေရသပၸာယ္ပါ။ ႐ြက္လွ (၄)ၫႊန႔္လႉဒါန္းၿပီးလိုရာဆုေတာင္းပါ။
– ၂၄ပစၥည္းကို ေန႔စဥ္သက္ေစ့႐ြတ္ပြားလိုက္ပါ။
– ေ႐ႊထီးေလးဝယ္ပါ။ အိမ္ကဘုရားမွာမိုးၿပီးလႉထားပါ။ ဘုရားရဲ႕ဉာဏ္ေတာ္အလိုက္ အႀကီးအေသးခ်ိန္ဆ ဝယ္လိုက္ပါ။
– အခ်ိဳရည္၊ေရသန႔္၊အေအး မည္သူကိုမဆို အခ်ိန္မေ႐ြးဒါနျပဳေပးပါ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Unicode ဖြင့်ဖတ်ပါ
★★★★★

(၂၀၂၀)ခုနှစ်အတွက် သောကြာသားသမီးများရဲ့ တစ်နှစ်စာကံကြမ္မာဟောကိန်း
==============================

ဒီနှစ်(၂၀၂၀)ဟာ သောကြာသားသမီးတွေအတွက် မိမိခံယူတဲ့အပေါ်မူတည်ပြီး ကံအနေအထား ကွာသွားနိုင်တာကိုတွေ့ရပါတယ်။ သောကြာချင်းတူရင်တောင်မှ ကံချင်းတူဖို့ခဲယဉ်းနိုင်ပါတယ်။ လူရဲ့နေထိုင်မှုအရကံအနိမ့် အမြင့်ကလဲ ကွာသွားနိုင်ခြေရှိလို့ပါပဲ။ ဒီနှစ်မှာတော့ သောကြာသားသမီးတွေက ကိုယ့်အလုပ်တွေကို ခေတ်နဲ့အညီ update လုပ်ပါတော့။ မိရိုးဖလာကနေ ပိုမိုတိုးတတ်အောင်မလုပ်နိုင်ရင်တော့ လုပ်ငန်းတွေကျဆုံးနိုင်တဲ့ သဘောတွေ ကြုံတွေ့ရနိုင်ပါတယ်။ မိမိရဲ့အသက်မွေးမှုပညာတွေကို စီးပွားရေးအဖြစ် ဖန်တီးအကောင်အထည်ဖော်နိုင်အောင်ကြိုးစားပါ။ (၂၀၂၀)မှာ အလုပ်အပြောင်းအလဲတွေ၊ နေရာထိုင်ခင်းအပြောင်းအလဲတွေ၊ အိုးအိမ်ပြောင်းရွှေ့ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ သောကြာသားသမီးအားလုံးအတွက် မတည်ငြိမ်တဲ့နှစ်တစ်ခုလို့ပြောရင်လဲမမှားပါဘူး။ တကယ့်ကိုဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်တဲ့ အပြောင်းအလဲမျိုးတွေကိုလဲ ကြုံရတတ်ပါတယ်။

အချို့လူတွေအတွက် ဘဝတစ်ဆစ်ချိုးအပြောင်းအလဲတွေက ပိုကောင်းတဲ့အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေတတ်ပြီးတော့ အချို့သူတွေအတွက်ကတော့ စည်းစိမ်ပြုတ်ပြီး ဘဝအခြေအနေယိုင်နဲ့သွားတတ်ပါတယ်။ အဲဒီတော့(၂၀၂၀)မှာ သောကြာသားသမီးတွေရိုးသားပါ။ အပျော်အပါးရှောင်ပါ။ ငါးပါးသီလမြဲအောင်နေပါ။ မတရားတဲ့ နည်းလမ်းနဲ့ငွေမရှာပါနဲ့။ အမိအဘတွေ၊ ဇနီးမယားသားသမီးတွေကို မျက်ရည်ကျအောင်မလုပ်ပါနဲ့။ အဲဒီအချက်တွေကိုရှောင်နိုင်ရင်တော့ ဒီနှစ်ဟာ ဇာတာရှင်အတွက် ကံကောင်းခြင်းတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

ကံကြမ္မာက လှည့်စားတတ်ပါတယ်။ ဒီနှစ်မှာဇာတာရှင်ကို ငွေအစုလိုက်အပုံလိုက်ဝင်အောင် ဖန်တီးပေးလိမ့်မယ်။ ရလာတဲ့ငွေကြေးတွေကို ကောင်းစွာအသုံးချတတ်ပါစေ။ အလှူအတန်းတွေလုပ်ပါ။ မိဘတွေ၊ ကျေးဇူးရှင်တွေကို တတ်နိုင်တာလေးနဲ့ကန်တော့ပါ။ ရတဲ့ငွေကိုအပျော်အပါးမှာသုံးဖြစ်လိုက်တာမျိုး၊ ဒီငွေနဲ့သူများကိုဒုက္ခရောက်အောင်လုပ်တာမျိုး၊ မာနကြီးပြီးမတူသလို မတန်သလို အခြားလူတွေကိုဆက်ဆံတာမျိုး၊ လောင်းကစားတွေလုပ်လိုက်တာမျိုး၊အငယ်အနှောင်းထားတာမျိုးတွေကို မလုပ်မိပါစေနဲ့။ လုပ်မိရင်တော့ အဲဒီဝင်လာတဲ့ငွေကြောင့်ပဲ ဒုက္ခရောက်ရတတ်ပါတယ်။

လူငယ်များစန်းပွင့်နေလိမ့်မယ်။ ဒါကြောင့်ပဲ နီးစပ်တဲ့သူနဲ့ငြိစွန်းလွယ်သည်။ ကိုယ်နဲ့အနေနီးသူတွေက မုဆိုးမတစ်ခုလပ်ဖြစ်နေသူတွေဆိုရင်တော့ အဲလိုလူတွေနဲ့ငြိသွားတတ်ပါတယ်။ ဒါကြောင့်သတိထားပါ။ တစိမ်းတရံ တွေအိမ်မှာ ယာယီလာတည်းတာပဲဖြစ်ဖြစ်၊ ကိုယ်ကနေပြီးတော့ အခြားအိမ်မှာသွားတည်းတာပဲဖြစ်ဖြစ် လိင်မတူသူ တစ်စိမ်းတစ်ယောက်ပါတယ်ဆိုရင်တော့ အဲလိုလူမျိုးနဲ့ငြိစွန်းရတတ်ပါတယ်။ ရည်စားရှိသူများ ရည်းစားသက်တမ်း မကြာသေးဘဲ အတူနေမိတတ်ပါတယ်။ အဲလိုနေလိုက်မိတယ်ဆိုရင် ထိုချစ်သူနဲ့ယူဖြစ်ဖို့ ရာခိုင်နှုန်းနည်းသွားသလို မဖုံးနိုင်မဖိနိုင်တဲ့ကိစ္စတွေလဲ မတော်တဆဖြစ်သွားနိုင်ပါတယ်။ သမီးရည်းစားတွေ လွန်စွာမှာအနေအထိုင်ဆင်ခြင်သင့်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။

အိမ်ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ ဒီနှစ်ဟာအိမ်ထောင်ရေးညံ့နေတာမျိုးတွေ သိပ်မတွေ့ရပါဘူး။ ကတောက်ကဆဖြစ်မယ်ဆိုရင်လဲ ခဏလောက်ပဲဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးပြဿနာတွေဖြစ်ရင်တော့ ဖြေရှင်းလို့ရပါလိမ့်မယ်။ အဆိုးဆုံးထိတော့ အိမ်ထောင်ရေး၊အိမ်တွင်းရေးမညံ့ပါ။ တစ်ယောက်နဲ့တစ်ယောက် ကြားစကားတွေကို မယုံလိုက်ဖို့တော့လိုပါတယ်။

ဒီနှစ်မှာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများ၊ ငါးမွေးမြူရေးလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဓာတ်ပုံနှင့်ဗီဒီယိုလုပ်ငန်း၊ ရွှေသန့်စင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများ အကျိုးပေးအောင်မြင်နိုင်တာကို တွေ့ရပါတယ်။ သူများအကြံယူတာထက် မိမိစိတ်ကူးရှိတာကို ပိုကောင်းအောင်လုပ်စေချင်ပါတယ်။ ဒီနှစ်ဟာ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားပုံကို နမူနာယူပြီးလုပ်ကိုင်ပါ။ ရပ်ဝေးသွားလုပ်ရမဲ့အလုပ်တွေ အထူးကောင်းပါတယ်။ ဒါကြောင့်ပဲ နိုင်ငံခြားသွားဖို့စီစဉ်ထားသူတွေ မကြာခင်မှာပဲ သွားရဖို့အကြောင်းဖန်လာတတ်ပါတယ်။

Calling ကျဖို့ကြာနေသူများ (၂၀၂၀)မှာသွားရဖို့ အခွင့်အလမ်းတွေ ကြုံရတတ်ပါတယ်။ နိုင်ငံခြားကံ၊ ရပ်ဝေးကံ ကောင်းနေတဲ့နှစ်ပါပဲ။ ကျန်းမာရေးကတော့ ဒီနှစ်မှာ မကြာခဏဖျားနာခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်အောင့်၊ လေနာ ရောဂါများဂရုစိုက်ရပါလိမ့်မယ်။ ဒါအပြင်သွားခံတွင်း၊ အရိုးနဲ့ပက်သက်သောဝေဒနာ၊ မီးယပ်စတာတွေကိုလဲ သတိထားရပါလိမ့်မယ်။ ပညာရေးကံမှာတော့ အနှောက်အယှက်အရမ်းကို ကြုံရတတ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ ပညာရေးနှောင့်နှေးရတတ်သလို၊ နှလုံးသားရေးရာကြောင့်လဲ ပညာရေးထိခိုက်ရတတ်ပါတယ်။ နိုင်ငံခြားပညာတော်သင်သွားရတတ်ပါတယ်။ စကော်လာရှစ်တွေပါတတ်ပါတယ်။

ဒီနှစ်မှာနေရာသစ်၊ ဝန်းကျင်းသစ်မှာ လုပ်ကိုင်ရတတ်ပါတယ်။ လူသစ်မိတ်သစ်များနှင့် ပူးတွဲလုပ်ကိုင်ခြင်းက အကျိုးဖြစ်ထွန်းမည်။ ဒီနှစ်မှာ သောကြာ၊ စနေနှင့်အင်္ဂါသားသမီးတွေက ရှောင်သင့်တဲ့နေ့ရက်တွေ ဖြစ်လာတတ်ပြီးတော့ တနင်္လာ၊ ရာဟုနှင့်ဗုဒ္ဓဟူးသားသမီးတွေက အကျိုးပေးတဲ့နေ့သားသမီးတွေ ဖြစ်လာတတ်ပါတယ်။ လူမှုရေးကိစ္စတွေမှာ စကားပြေားအမှားတွေကြောင့် မိတ်ပျက်ရတတ်ပါတယ်။

စိတ်ထဲလိုချင်တာတွေကိုဆန်းစစ်ပါ။ မိမိလိုချင်တာက မိမိအတွက်အပျက်ဖြစ်မှာလားဆိုတာကို စဉ်းစားပါ။ ကောင်းသောလိုအင်ဆန္ဒတွေပဲဖြစ်ပါစေ။ မကောင်းတဲ့ဆန္ဒတွေကပဲ ဒီနှစ်မှာမိမိကိုမကောင်းအောင်ပဲ ပုံဖော်ပါလိမ့်မယ်။စက်ပစ္စည်းနဲ့ပက်သက်ပြီး ငွေကုန်ရတတ်ပါတယ်။ လက်ထဲမှာရှိတဲ့စက်ပစ္စည်းတွေ ချူခြာပါလိမ့်မယ်။ စက်ကားလုပ်ငန်းလုပ်သူများ ရတာနဲ့ပြန်ကုန်တာ မကာမိဖြစ်တတ်ပါတယ်။

သောကြာနေ့ဖွားတွေဟာ အခုနှစ်(၂၀၂၀)မှာ အသက်အားဖြင့် ၄နှစ်၊၁၁နှစ်၊၁၈နှစ်၊၂၅နှစ်၊၃၂နှစ်၊၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊၆၀နှစ်၊၆၇နှစ်၊၇၄နှစ်စသော အသက်အပိုင်းအခြားတွေမှာ ရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီး ကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒီအသက်အပိုင်းအခြား ရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာ မေးမြန်းပြီး အသေးစိပ်အကြံဉာဏ်ယူစေချင်ပါတယ်။

ဒီနှစ်မှာလူငယ်တွေ မိမိကိုယ်ကိုမထိန်းနိုင်သူတွေ အထူးသတိထားပါ။ မိဘအုပ်ထိန်းသူနဲ့ အဆင်မပြေချုပ်ချယ်တယ်ထင်ပြီးတော့ အိမ်ကထွက်သွားမိတတ်ပါတယ်။ စိတ်လေတာမျိုး အလွန်ဖြစ်တတ်ပါတယ်။ လုပ်ငန်းရှင် များလူယုံသတိထားပါ။ လူယုံကြောင့် ဒုက္ခရောက်ရတတ်ပါတယ်။ အောင်မြင်အဆင်ပြေသူတွေ အထူးသတိထားပါ။ မနာလိုသူတွေ အထူးပေါလာတတ်ပါတယ်။ မနာလိုတာကြောင့်ပဲ ဝိုင်းဝန်းချောက်ချနေတာခံရတတ်ပါတယ်။

ဒီနှစ်ကို နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ဒီနှစ်မှာကောင်းသောစိတ်ကိုမွေးပါ။ မဟုတ်တာမလုပ်မိပါစေနဲ့။ အခက်အခဲတွေကိုရင်ဆိုင်ပါ။ ရှောင်နေရင်ပိုဆိုးပါတယ်။ လိင်အရှုပ်အထွေးတွေမလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာဂအမှာင်ကိုရှောင်ပါ။ မိန်းကလေးများမကြွားဝါပါနဲ့။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ လုပ်ငန်းသစ်၊ စီးပွားသစ်လုပ်ဖြစ်ရင် သေချာကြိုးစားပါ။ ရေရှည်သွားနိုင်ပါလိမ့်မယ်။ ဒီနှစ်ကျန်းမာရေး အထူးဂရုစိုက်လိုက်ပါ။

တစ်နှစ်စာအထူးယတြာ

– မွေးနေ့နံနက်မှာ နီးစပ်ရာဘုရားစေတီသွားပါ။ အင်္ကျီအဖြူရောင်ဝတ်ပြီးတော့ ဗုဒ္ဓဟူးထောင့်မှာ ရေသပ္ပာယ်ပါ။ ရွက်လှ (၄)ညွှန့်လှူဒါန်းပြီးလိုရာဆုတောင်းပါ။
– ၂၄ပစ္စည်းကို နေ့စဉ်သက်စေ့ရွတ်ပွားလိုက်ပါ။
– ရွှေထီးလေးဝယ်ပါ။ အိမ်ကဘုရားမှာမိုးပြီးလှူထားပါ။ ဘုရားရဲ့ဉာဏ်တော်အလိုက် အကြီးအသေးချိန်ဆ ဝယ်လိုက်ပါ။
– အချိုရည်၊ရေသန့်၊အအေး မည်သူကိုမဆို အချိန်မရွေးဒါနပြုပေးပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)