သူမပါဝင်တဲ့ ကျွန်တော်အမုန်းဆုံးကျွန်တော် ဇာတ်လမ်းတွဲသစ်ကို ရုပ်ရှင်အဖွဲ့သားတွေနဲ့ စောင့်ကြည့်ခဲ့တဲ့ နန်းစန္ဒာလှထွန်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ်သတ်မှတ်ထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး ” ပဉ္စလက်ရွာ ” ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ ထပ်မံ ပြီး ”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး သက်သက် ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေခဲ့သူလေးဖြစ်ပါတယ်။ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။

ရေဝတီလေးကတော့ ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာဟာ သူမရဲ့ ပုံစံ ပါပဲနော်။Miss World Myanmar ( 2015 ) Second Runner Up အလှမယ်တစ်ဦးဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူ့ရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘော ကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမပါဝင်ထားတဲ့ ” ကျွန်တော်အမုန်းဆုံးကျွန်တော် ” ဇာတ်လမ်း တွဲဟာ ဆိုရင် MRTV -(4) မှာစတင်ပြသနေပြီပဲ ဖြစ်ပါတယ်။ စတင်ပြသတဲ့ အထိမ်းအမှတ် အနေနဲ့ “ကျွန်တော်အမုန်းဆုံးကျွန်တော်” ရုပ်ရှင်အဖွဲ့သားတွေ MRTV -(4)ကလွှင့်တဲ့ အချိန်ကို စောင့်ကြည့်ခဲ့ကြကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ” Live ” လွှင့်ကာ အသိပေးခဲ့တာပါ။ CeleConnections ပရိသတ်ကြီးရော နန်းစန္ဒာလှထွန်း ပါဝင်ထားတဲ့ဇာတ်လမ်းတွဲအသစ်လေးကို စောင့်ကြည့်ဖြစ်ခဲ့လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: Nan Sandar Hla Htun
Candy –CeleConnections