ချစ်သူများနေ့မှာ ရှုတင်ထိ လာပြီး စပရိုက်လုပ်ခံလိုက်ရတဲ့ မြတ်သူသူ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမတ္သူသူကေတာ့ ဇာတ္လမ္းတြဲေတြ မ႐ိုက္ခင္ထဲက ” ကံ ကံ၏အက်ိဳး ” ဇာတ္လမ္းေတြထဲမွာ ပါဝင္ သ႐ုပ္ေဆာင္လာတဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး အရမ္းႀကိဳးစားတဲ့ မင္းသမီးတစ္လက္လို႔ စီနီယာေတြကေတာင္ ခ်ီးက်ဴးရတဲ့သူတစ္ေယာက္ပါ။ စပြန္ဆာေတြလာကမ္းလွမ္းျခင္းခံရေပမယ့္ ပြင့္လင္းစြာ ျငင္းခဲ့တဲ့ မင္းသမီးေလး ျဖစ္တာေၾကာင့္ သူမရဲ႕ စိတ္ဓာတ္ကအစ အထင္ႀကီးစရာေကာင္းတဲ့ သူေလးလို႔ ဆိုရမွာပါ။ ခ်စ္စရာေကာင္းတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလး ျမတ္သူသူကေတာ့ အခ်စ္ေရးကို ပရိသတ္ေတြေရွ႕ အတိအလင္းခ်ျပခဲ့ေပမယ့္ ခ်စ္သူနဲ႔ အေၾကာင္းကိစၥမတိုက္ဆိုင္တာေၾကာင့္ လမ္းခြဲသြားတဲ့အေၾကာင္းေလးကိုလည္း (၂၀၁၉)ခုႏွစ္ ဒီဇင္ဘာလ(၂)ရက္ေန႔မွာ သူမရဲ႕ လူမႈ ကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္ေနာ္..။

ျမတ္သူေလးက အခ်စ္ေရးမွာ ခ်စ္သူနဲ႔ လမ္းခြဲၿပီးေနာက္ပိုင္းမွာ တစ္ေယာက္တည္း Single ဘဝနဲ႔ အႏုပညာအလုပ္ေတြလုပ္ရင္း မိသားစုေလးကို အခ်ိန္ေပးျဖတ္သန္းေနတာပါ..။ ဒီေန႔ ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႔မွာေတာ့ ခ်စ္သူမ်ားေန႔လက္ေဆာင္ကို ခ်စ္ရတဲ့ ပရိသတ္ေတြဆီက ရႈတင္ထိ လာၿပီး စပ႐ိုက္တိုက္ခဲ့ၾကပါတယ္….။ ရရွိခဲ့တဲ့ လက္ေဆာင္ေလးေတြနဲ႔အတူ ႐ိုက္ထားတဲ့ ပုံေလးေတြနဲ႔အတူ ေပ်ာ္႐ႊင္ေနတဲ့ ခံစားခ်က္ေလးေတြကို “ရႈတင္ထိလာၿပီး VDay အတြက္ အရွက္မကြဲရေလေအာင္ လာေရာက္စပ႐ိုက္ၾကပါေသာ ေခ်စိန္အဖြဲ႕သားမ်ား… တကယ္အရမ္းေက်းဇူးတင္ပါတယ္ဗ်ိဳ႕..” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္..။

ခ်စ္သူမရွိေပမယ့္ ခ်စ္ရတဲ့ ပရိသတ္ေတြကေတာ့ အခ်စ္ေတြနဲ႔အတူ စပ႐ိုက္လာတိုက္သြားတာေၾကာင့္ ျမတ္သူသူတစ္ေယာက္ ေပ်ာ္႐ႊင္ေနမယ္ဆိုတာ အေသအခ်ာပါပဲေနာ္ ပရိသတ္ႀကီးေရ…။ Cele Connections ပရိသတ္ႀကီးအတြက္ ခ်စ္ရတဲ့ ေခ်စိန္အဖြဲ႕သားေလးေတြဆီကေန ရရွိခဲ့တဲ့ လက္ေဆာင္ေတြနဲ႔အတူ ၿပဳံး႐ႊင္စြာ ႐ိုက္ထားတဲ့ ျမတ္သူသူရဲ႕ ပုံေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။
Source: Myat Thu Thu’s Facebook

Sakura(Cele Connections)

Unicode ဖြင့်ဖတ်ပါ
★★★★★

မြတ်သူသူကတော့ ဇာတ်လမ်းတွဲတွေ မရိုက်ခင်ထဲက ” ကံ ကံ၏အကျိုး ” ဇာတ်လမ်းတွေထဲမှာ ပါဝင် သရုပ်ဆောင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အရမ်းကြိုးစားတဲ့ မင်းသမီးတစ်လက်လို့ စီနီယာတွေကတောင် ချီးကျူးရတဲ့သူတစ်ယောက်ပါ။ စပွန်ဆာတွေလာကမ်းလှမ်းခြင်းခံရပေမယ့် ပွင့်လင်းစွာ ငြင်းခဲ့တဲ့ မင်းသမီးလေး ဖြစ်တာကြောင့် သူမရဲ့ စိတ်ဓာတ်ကအစ အထင်ကြီးစရာကောင်းတဲ့ သူလေးလို့ ဆိုရမှာပါ။ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေး မြတ်သူသူကတော့ အချစ်ရေးကို ပရိသတ်တွေရှေ့ အတိအလင်းချပြခဲ့ပေမယ့် ချစ်သူနဲ့ အကြောင်းကိစ္စမတိုက်ဆိုင်တာကြောင့် လမ်းခွဲသွားတဲ့အကြောင်းလေးကိုလည်း (၂၀၁၉)ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့မှာ သူမရဲ့ လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်နော်..။

မြတ်သူလေးက အချစ်ရေးမှာ ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ တစ်ယောက်တည်း Single ဘဝနဲ့ အနုပညာအလုပ်တွေလုပ်ရင်း မိသားစုလေးကို အချိန်ပေးဖြတ်သန်းနေတာပါ..။ ဒီနေ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာတော့ ချစ်သူများနေ့လက်ဆောင်ကို ချစ်ရတဲ့ ပရိသတ်တွေဆီက ရှုတင်ထိ လာပြီး စပရိုက်တိုက်ခဲ့ကြပါတယ်….။ ရရှိခဲ့တဲ့ လက်ဆောင်လေးတွေနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ ပျော်ရွှင်နေတဲ့ ခံစားချက်လေးတွေကို “ရှုတင်ထိလာပြီး VDay အတွက် အရှက်မကွဲရလေအောင် လာရောက်စပရိုက်ကြပါသော ချေစိန်အဖွဲ့သားများ… တကယ်အရမ်းကျေးဇူးတင်ပါတယ်ဗျို့..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ချစ်သူမရှိပေမယ့် ချစ်ရတဲ့ ပရိသတ်တွေကတော့ အချစ်တွေနဲ့အတူ စပရိုက်လာတိုက်သွားတာကြောင့် မြတ်သူသူတစ်ယောက် ပျော်ရွှင်နေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီးရေ…။ Cele Connections ပရိသတ်ကြီးအတွက် ချစ်ရတဲ့ ချေစိန်အဖွဲ့သားလေးတွေဆီကနေ ရရှိခဲ့တဲ့ လက်ဆောင်တွေနဲ့အတူ ပြုံးရွှင်စွာ ရိုက်ထားတဲ့ မြတ်သူသူရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source: Myat Thu Thu’s Facebook

Sakura(Cele Connections)