ဇနီးနဲ့အတူ ဂွကျကျလက်ပေါက်ကပ်တဲ့အဒေါ်ကြီးအဖြစ် အခွီဗီဒီယိုဖိုင်လေးရိုက်ကူးခဲ့တဲ့ကိုပေါက်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source : Aung Min Naing
Unicode ဖြင့်ဖတ်ပါ
★★★★★
CeleConnections ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ရုပ်ရှင်သရုပ်ဆောင် အဖြစ်ကနေ အခုဆိုဒါရိုက်တာ အဖြစ်ပါပူးတွဲလုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင် တစ်ဦးပါ။ သရုပ်ဆောင်နေရာမှာလည်း အကြမ်းအရမ်း ကာရိုက်တာတွေအပြင် ဟာသဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ကောင်းတစ်ယောက်ပါပဲနော်။
အနုပညာနဲ့ပတ်သက်ရင် ပန်းချီဆွဲတာလည်းဝါသနာပါသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ကိုပေါက်တစ်ယောက် ပရိသတ်တွေ တဝါးဝါးပွဲကျကာ တခဏစိတ်ပျော်ရွှင်သွားစေမယ့် TikTokလေးတွေဆော့ကာ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာကြောင့် ပရိသတ်တွေပါးစပ်ဖျားမှာ ကိုပေါက်ရဲ့ TikTokတွေဟာ ရေပန်းစားနေတာအမှန်ပါပဲနော်။
ဒီနေ့မှာတော့ ကိုပေါက်ရဲ့ဇနီးဖြစ်သူပါ ပါဝင်ထားပြီး ကိုပေါက်ကတော့ ဂွကျကျကပ်သီးကပ်ဖဲ့နိုင်တဲ့အဒေါ်ကြီးတစ်ယောက်ပုံစံနဲ့ TikTokဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ကိုပေါက်ရဲ့ဟန်အမူအရာကို သဘောကျပြီးရင်းကျနေတဲ့ မှတ်ချက်တွေပေးနေကြတာပါ။CeleConnectionsပရိသတ်ကြီးလည်း ကိူပေါက်တို့ဇနီးမောင်နှံရဲ့ TikTokလေးကိုကြည့်ပြီးသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : Aung Min Naing
Candy – CeleConnections