အနုပညာမှာ ဝါရင့် အနုပညာရှင်တွေဖြစ်တဲ့ ငြိမ်းချမ်း၊ ဦးတိမ်ညွှန့်နဲ့ ကောင်းစံတို့ဆီကို သွားရောက်ကာ ကန်တော့ဂါရဝပြုခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
Facebook ဆယ်လီတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့သူ ဖြူဖြူထွေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဖြူဖြူထွေးကတော့ မိဘနှစ်ပါးအတွက်ကို လိုလေသေးမရှိရအောင် အကောင်းဆုံး ထားနိုင်အောင် ကြိုးစားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးများနဲ့ ကြော်ငြာများကို  ရိုက်ကူူးနေရတာပါ.။
ရိုးသားပွင့်လင်းပြီး အလှူအတန်းဆို ရက်ရောသူ ဖြူဖြူထွေးကတော့ သူမရတဲ့ အနုပညာကြေး တွေထဲကနေ ခက်ခဲနေတဲ့သူတွေကို ဖြစ်ဖြစ် အနုပညာရှင်တွေထဲက သက်ကြီးဝါကြီး အနုပညာရှင်များကို သွားရောက် ဂါရဝပြုခြင်းမျိုးကို လုပ်ဆောင်လေ့ရှိသူပါ.။ ဒီနေ့ ဇွန်လ (၂၉)ရက်နေ့မှာလည်း ဖြူဖြူထွေးက ဝါရင့် အနုပညာရှင်တွေထဲက ငြိမ်းချမ်း၊ ဦးတိမ်ညွှန့်နဲ့ကောင်းစံတို့ကို သွားရောက် ဂါရဝပြုခဲ့ပြီး အဝတ်ဗုံးနဲ့ ခြင်းတောင်းအစရှိတဲ့ ပစ္စည်းများကို လိုအပ်နေတဲ့ ရပ်ကွက်တစ်ချို့နဲ့ ကလေးငယ်လေးတွေကို သွားရောက် လှူတန်းခဲ့တဲ့ သူမရဲ့ အလှူဗီဒီယိုဖိုင်လေးကို “ဒီနေ့အလှူလေးနဲ့အတူ ဖြူဖြူထွေးရဲ့ ပီတီလေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ဖြူဖြူထွေးကတော့ ဖြူစင်တဲ့ နှလုံးသားလေးနဲ့ ကူညီလှူတန်းလုပ်ဆောင်ကာ သက်ကြီးဝါကြီးများကိုလည်း ရိုသေတတ်တဲ့ သူပါပဲနော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်အောင် ဖြူဖြူထွေးရဲ့ အလှူဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်  ပါတယ်နော်.။
Source: Phyu Phyu Htwe’s Facebook
Sakura(Cele Connections