ကျော်ကြားမှုတစ်ခုအတွက် အညှီအဟောက်ဇာတ်ကားတွေကိုရိုက်ကူးမှာမဟုတ်ဘူးဆိုပြီး ပြတ်ပြတ်သားသားပြောလာတဲ့ နန်းမွေစံ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source: Nang Mwe San’s fb
Unicode ဖြင့်ဖတ်ပါ
★★★★★
ဆရာဝန်မလေး နန်းမွေစံက ဆက်စီမော်ဒယ်လ် တစ်ယောက်အဖြစ် အနုပညာလမ်းမမှာ နာမည်ကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပုရိသကိုကိုတွေ စွဲမက်စေတဲ့ သူမရဲ့ ခန္ဒာကိုယ်ကောက်ကြောင်းအလှနဲ့ မြန်မာဆန်တဲ့ သူမရဲ့ ရုပ်ရည်ကြောင့် အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ နန်းမွေစံက လက်ရှိမှာတော့ သူမကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကြောင့် ပရိသတ်စိတ်ဝင်စားခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။
ထိုဗီဒီယိုနဲ့ ဆက်စပ်ပြီး နန်းမွေစံက ” ကျွန်မရဲ့ တစ်ကိုယ်ရည်တစ်ကာယ ဗီဒီယိုတွေ ရိုက်ကူးဖို့ ကျွန်မမှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ ပြီးတော့ ကျွန်မရဲ့ ဗီဒီယိုတွေကို ကျွန်မရဲ့ပရိသတ်တွေ မျှဝေပေးဖို့ကို ဆန္ဒလည်းရှိပါတယ်။ ဒါပေမယ့် ဒါတွေက ကျွန်မတစ်ယောက်တည်း သီးသန့်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဖြစ်ပြီး အညှီအဟောက်ဇာတ်ကားမျိုးမဟုတ်ပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်ကများ ကျွန်မရဲ့ ဗီဒီယိုကို စုံတွဲအညှီအဟောက်ဇာတ်လမ်းအဖြစ် ခေါင်းစဉ်တပ်လာခဲ့မယ်ဆိုရင်တော့ အဲ့ဒါက ကျွန်မ မဟုတ်ဘူးဆိုတာကို သတိပေးပါရစေ”
“အဲ့လိုမျိုးလုပ်ရက်က ကျွန်မကို နာမည်ဖျက်ချင်ရုံသက်သက်ပဲ ဖြစ်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့ အောင်မြင်ကျော်ကြားမှုအတွက် အဲ့လိုအညှီအဟောက်ဇာတ်ကားတွေ ရိုက်စရာမလိုဘူး ထင်တာပဲ။ ကျွန်မ ဘယ်တော့မှ အဲ့လိုဇာတ်ကားမျိုးကို ရိုက်ကူးမှာမဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် နန်းမွေစံကတော့ ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Nang Mwe San’s fb
Bilie – Cele Connections