” တစ်နှစ်နေမှ ရုပ်ရှင် တစ်ကား ရုံပေါ်ရောက်တဲ့ သူ့ဇာတ်ကားတွေစိတ်ရှည်ရှည်နဲ့စောင့်ကြည့်ပေးတဲ့သူတွေကိုကျေးဇူးတင်တယ်ဆိုတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
CeleConnectionsပရိသတ်ကြီးရေ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ” ည” ရုပ်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေစတင်သိရှိလာပြီး ပရိသတ်တွေ အထူးအားပေးခဲ့တဲ့ “သူစိမ်းအိမ်” ဇာတ်ကားကြီးရဲ့ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ် အသက်ငယ်ငယ်လေးနဲ့ ရိုက်ကူးတဲ့ဇာတ်ကားတိုင်းအောင်မြင်အောင်ရိုက်ကူးနိုင်တဲ့ ပညာရှင်တစ်ဦးလို့တောင်ဆိုရမှာပါ။
ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ မျက်နှာသစ်သရုပ်ဆောင်တွေကိုပဲ သေချာလေ့ကျင့်သင်ကြားပေးပြီး ပွဲထုတ်လေ့ရှိတဲ့ အပြင်အသစ်အသစ်သောဖန်တီးမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဒါရိုက်တာတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။စီနီယာဒါရိုက်တာတွေနဲ့ အနုပညာရှင်တွေအပေါ်မှာလည်း လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း “တစ်နှစ်နေမှ ရုပ်ရှင် တစ်ကား ရုံပေါ်ရောက်တဲ့ ဒီ ဒါရိုက်တာ ရဲ့ ဇာတ်ကားတွေကို စိတ်ရှည်ရှည် နဲ့ စောင့်နေပေးတဲ့ ယုံကြည်အားပေးသူ တစ်ယောက်ချင်းစီတိုင်းကို ချစ်ခင်ကျေးဇူးတင်ပါတယ်။ အားရှိလိုက်တာ ”ဆိုတဲ့စာလေးနဲ့အားပေးတဲ့ပရိသတ်တွေကိုကျေးဇူးတင်စကားဆိုခဲ့တာဖြစ်ပါတယ်။ CeleConnections
ပရိသတ်ကြီးလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ဇာတ်ကားကိုသဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source: Htoo Paing Zaw Oo
Candy- CeleConnections