အားလုံးကို စိတ်မချမ်းမြေ့စရာတွေဖြစ်စေခဲ့လို့ နောက်နောင်မဖြစ်အောင် သင်ခန်းစာယူသွားမယ်ဟုဆိုကာ ပရိတ်သတ်တွေအားလုံးကို ဂါရဝပြု တောင်းပန်လိုက်ပြီဖြစ်တဲ့ Project K အဖွဲ့

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

နည္းပညာတိုးတက္မႈေၾကာင့္ အားလုံးစိတ္မခ်မ္းေျမ့စရာျဖစ္ခဲ့တဲ့အေပၚ ေနာက္ေနာင္ထပ္မျဖစ္ေအာင္ သင္ခန္းစာယူသြားမယ့္အေၾကာင္း ေျပာလာတဲ့ Project K
*အောက်တွင်ယူနီကုတ်ဖြင့်ဖော်ပြထားပါသည်

လတ္တေလာလူမႈကြန္ရက္မွာ ဂယက္႐ိုက္ေနတဲ့ ေ႐ႊတိဂုံေစတီကို စင္ရဲ႕ေအာက္ခံၾကမ္းျပင္မွာ ထားၿပီး ေဖ်ာ္ေျဖသလို ျဖစ္ခဲ့ရတဲ့ Project K အဖြဲ႕ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး အထင္ျမင္လြဲမွားေနမႈကို လြန္ခဲ့တဲ့ရက္ပိုင္းက ေျဖရွင္းခဲ့သလို ေဖ်ာ္ေျဖထားတဲ့ဗြီဒီယိုေလးကိုလည္း ေ႐ႊတိဂုံေစတီရဲ႕ပုံရိပ္ကို ေဖ်ာက္ကာ ျပန္လည္ ျပဳျပင္ထားၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ဒီေန႔မွာေတာ့ စိတ္ေက်နပ္မႈမရွိေသးတဲ့ ပရိသတ္ႀကီးအတြက္ ေနာက္ေနာင္ ဒီလိုျဖစ္ရပ္မ်ိဳး ထပ္မျဖစ္ေစဖို႔ ကတိကဝတ္ျပဳကာ ထပ္မံၿပီးေတာ့ ေတာင္းပန္စကားဆိုခဲ့ပါတယ္။

ျဖစ္စဥ္တစ္ခုလုံးသည္ ပြဲစီစဥ္သူမ်ားက ျမန္မာႏိုင္ငံကို ကမာၻ႔ႏိုင္ငံအမ်ား ပိုမိုသိရွိေစရန္ ေစတနာျဖင့္ ပံ့ပိုးရာတြင္ ကြၽန္ေတာ္တို႔အကအဖြဲ႕ႏွင့္ပြဲစီစဥ္သူတို႔အၾကား အျပန္အလွန္နားလည္မႈႏွင့္ နည္းပညာအသုံးခ်မႈ အခ်ိတ္အဆက္လြဲေခ်ာ္ရာမွ ႀကိဳတင္ႀကံစည္ျခင္းမရွိသည့္ လြဲမွားမႈေပၚေပါက္ခဲ့ျခင္းအတြက္ ကြၽန္ေတာ္တို႔ Project K အဖြဲ႕ အေနနဲ႔ စိတ္ႏွလုံး မခ်မ္းေျမ့စြာခံစားေနၾကရပါသည္။

ကြၽန္ေတာ္တို႔သည္ ျမန္မာႏိုင္ငံသားအမ်ားစုက သက္ဝင္ယုံၾကည္ေသာ ဗုဒၶဘာသာ အေပၚတြင္လည္းေကာင္း ဗုဒၶဘာသာႏွင့္ဆက္ႏြယ္သည့္ သာသနိက အေဆာက္အအုံ ဘုရားေက်ာင္းကန္ ေစတီပုထိုးမ်ားအေပၚတြင္လည္းေကာင္း အစဥ္ထာဝရ ဂါဝရထားလ်က္ရွိသည့္ ျပည္ေထာင္စုျမန္မာႏိုင္ငံသားမ်ားျဖစ္ၾကပါသည္။

မိမိတို႔ႏိုင္ငံ၏ ပုံရိပ္ႏွင့္ အမ်ိဳးဘာသာသာသနာအေပၚတြင္ ဂုဏ္သိကၡာက်ဆင္းေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ေဆာင္႐ြက္ခဲ့ျခင္း မဟုတ္ပါေၾကာင္းကို ဗုဒၶဘာသာဝင္ မိသားစုမ်ားမွ ေမြးဖြားခဲ့သည့္ ကြၽန္ေတာ္တို႔ Project K အဖြဲ႕အေနျဖင့္ ႐ိုးသားစြာ ေလးျမတ္႐ိုက်ိဳးစြာ ဂါရဝျပဳ ေတာင္းပန္အပ္ပါသည္။

ကြၽန္ေတာ္တို႔အေနျဖင့္ ယခုပထမဆုံးအႀကိမ္ ႀကဳံေတြ႕ခဲ့ရေသာ နည္းပညာတိုးတတ္မႈမွတစ္ဆင့္ ျဖစ္ခဲ့သည့္ စိတ္ႏွလုံးမခ်မ္းေျမ့ဖြယ္ရာျဖစ္ရပ္မ်ားကို သင္ခန္းစာယူ၍ ေနာက္ေနာင္တြင္ ယခုကဲ့သို႔ ထပ္မံမျဖစ္ေစဖို႔ ကတိကဝတ္ျပဳပါေၾကာင္း ဤေတာင္းပန္လႊာႏွင့္အတူ ေလးစားစြာ ပန္ၾကားအပ္ပါသည္ ဟုေရးသားေဖာ္ျပကာ ေတာင္းပန္စကားဆိုခဲ့ပါတယ္ ပရိသတ္ႀကီးေရ..

Source – Project K
Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

နည်းပညာတိုးတက်မှုကြောင့် အားလုံးစိတ်မချမ်းမြေ့စရာဖြစ်ခဲ့တဲ့အပေါ် နောက်နောင်ထပ်မဖြစ်အောင် သင်ခန်းစာယူသွားမယ့်အကြောင်း ပြောလာတဲ့ Project K

လတ်တလောလူမှုကွန်ရက်မှာ ဂယက်ရိုက်နေတဲ့ ရွှေတိဂုံစေတီကို စင်ရဲ့အောက်ခံကြမ်းပြင်မှာ ထားပြီး ဖျော်ဖြေသလို ဖြစ်ခဲ့ရတဲ့ Project K အဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အထင်မြင်လွဲမှားနေမှုကို လွန်ခဲ့တဲ့ရက်ပိုင်းက ဖြေရှင်းခဲ့သလို ဖျော်ဖြေထားတဲ့ဗွီဒီယိုလေးကိုလည်း ရွှေတိဂုံစေတီရဲ့ပုံရိပ်ကို ဖျောက်ကာ ပြန်လည် ပြုပြင်ထားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာတော့ စိတ်ကျေနပ်မှုမရှိသေးတဲ့ ပရိသတ်ကြီးအတွက် နောက်နောင် ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ ကတိကဝတ်ပြုကာ ထပ်မံပြီးတော့ တောင်းပန်စကားဆိုခဲ့ပါတယ်။

ဖြစ်စဉ်တစ်ခုလုံးသည် ပွဲစီစဉ်သူများက မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံအများ ပိုမိုသိရှိစေရန် စေတနာဖြင့် ပံ့ပိုးရာတွင် ကျွန်တော်တို့အကအဖွဲ့နှင့်ပွဲစီစဉ်သူတို့အကြား အပြန်အလှန်နားလည်မှုနှင့် နည်းပညာအသုံးချမှု အချိတ်အဆက်လွဲချော်ရာမှ ကြိုတင်ကြံစည်ခြင်းမရှိသည့် လွဲမှားမှုပေါ်ပေါက်ခဲ့ခြင်းအတွက် ကျွန်တော်တို့ Project K အဖွဲ့ အနေနဲ့ စိတ်နှလုံး မချမ်းမြေ့စွာခံစားနေကြရပါသည်။

ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာ အပေါ်တွင်လည်းကောင်း ဗုဒ္ဓဘာသာနှင့်ဆက်နွယ်သည့် သာသနိက အဆောက်အအုံ ဘုရားကျောင်းကန် စေတီပုထိုးများအပေါ်တွင်လည်းကောင်း အစဉ်ထာဝရ ဂါဝရထားလျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြပါသည်။

မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် အမျိုးဘာသာသာသနာအပေါ်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်းကို ဗုဒ္ဓဘာသာဝင် မိသားစုများမှ မွေးဖွားခဲ့သည့် ကျွန်တော်တို့ Project K အဖွဲ့အနေဖြင့် ရိုးသားစွာ လေးမြတ်ရိုကျိုးစွာ ဂါရဝပြု တောင်းပန်အပ်ပါသည်။

ကျွန်တော်တို့အနေဖြင့် ယခုပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသော နည်းပညာတိုးတတ်မှုမှတစ်ဆင့် ဖြစ်ခဲ့သည့် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာဖြစ်ရပ်များကို သင်ခန်းစာယူ၍ နောက်နောင်တွင် ယခုကဲ့သို့ ထပ်မံမဖြစ်စေဖို့ ကတိကဝတ်ပြုပါကြောင်း ဤတောင်းပန်လွှာနှင့်အတူ လေးစားစွာ ပန်ကြားအပ်ပါသည် ဟုရေးသားဖော်ပြကာ တောင်းပန်စကားဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ..

Source – Project K
Cele Gabar