လွန်ခဲ့တဲ့ တနှစ်တုန်းက သူမရဲ့ ပြောင်းလဲခဲ့တဲ့နာမည်နဲ့ပတ်သက်ပြီး မေးမြန်းဝေဖန်သူတွေကို ပြတ်ပြတ်သားသားပြန်လည်ပြောဆိုခဲ့တဲ့မြတ်သူသူ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Myanmar Cele-Cafe

Unicode ဖြင့်ဖတ်ပါ
★★★★★

လွန်ခဲ့တဲ့ တနှစ်တုန်းက သူမရဲ့ ပြောင်းလဲခဲ့တဲ့နာမည်နဲ့ပတ်သက်ပြီး မေးမြန်းဝေဖန်သူတွေကို ပြတ်ပြတ်သားသားပြန်လည်ပြောဆိုခဲ့တဲ့မြတ်သူသူ

ပရိသတ်ကြီးရေ မင်းသမီးလေး မြတ်သူသူ ကတော့မြတ်သူသူကတော့ ဇာတ်လမ်းတွဲတွေ မရိုက်ခင်ထဲက ” ကံကံ၏အကျိုး ” ဇာတ်လမ်းတွေထဲမှာ ထဲက ပါဝင် သရုပ်ဆောင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အရမ်းကြိုးစားတဲ့ မင်းသမီးတစ်လက်လို့ စီနီယာတွေကတောင် ချီးကျူးရတဲ့သူတစ်ယောက်ပါ။

စပွန်ဆာတွေလာကမ်းလှမ်းခြင်းခံရပေမယ့် ပွင့်လင်းစွာ ငြင်းခဲ့တဲ့ မင်းသမီးလေး ဖြစ်တာကြောင့် သူမရဲ့ စိတ်ဓာတ်ကအစ အထင်ကြီးစရာကောင်းတဲ့ သူလေးလို့ ဆိုရမှာပါ။

ဒီနေ့မှာတော့ “မြတ်သူသူဇင်ကနေ မြတ်သူသူပြောင်းတာ တနှစ်လည်းပြည့်နေပါပြီ အခုထိ ဘာကြောင့် ဇင် ဖြုတ်လိုက်လဲဆိုပြီး မေးနေကျတုန်းမို့ဖြေပေးပါရစေ။မလိုချင်တော့လို့ ဖြုတ်လိုက်တယ်ပဲ မှတ်ပေးပါနော် ကျေးဇူးကမ္ဘာဆိုင်ယော ပုံ / မြတ်သူသူ ”ဆိုတဲ့စာလေးနဲ့ ပြောပြလာတာပါ။

သူမရဲ့အတွင်းရေးတွေကိုနိုက်နိုက်ချွတ်ချွတ်သိချင်နေကြတဲ့ ဝေဖန်သူတစ်ချို့ကိုထိထိမိမိပြန်လည်ပြောဆိုချေပခဲ့တာပါ။

အမြဲလိုလိုဟန်ဆောင်မှုကင်းပြီး ရိုးသားတဲ့မြတ်သူသူကတော့ သူမစိတ်ထဲရှိတဲ့အတိုင်း တုန့်ပြန်ပြောဆိုတတ်သူလေးပါပဲနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Myanmar Cele-Cafe