ဖေဖေနဲ့တွေ့ချင်တာကို Live လွှင့်ပြီး လူစုံမှရှင်းပြတဲ့ သားလေး သဒ္ဓိစစ်ရဲ့ လူရည်လည်ပုံအကြောင်းကို ပြောပြလာတဲ့ မယ်လိုဒီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Melody Myo’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖေဖေနဲ့တွေ့ချင်တာကို Live လွှင့်ပြီး လူစုံမှရှင်းပြတဲ့ သားလေး သဒ္ဓိစစ်ရဲ့ လူရည်လည်ပုံအကြောင်းကို ပြောပြလာတဲ့ မယ်လိုဒီ

သရုပ်ဆောင် မယ်လိုဒီကတော့ ရုပ်ရည်ချောမောရုံသာမက အသားအရည်လည်း ကြည်လင်လှပတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မယ်လိုဒီက ပြီးခဲ့တဲ့လပိုင်းကတော့ သူမရဲ့ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးပြီဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့ပြီး အခုဆိုရင် သားလေး သဒ္ဓိစစ်ကို တစ်ယောက်တစ်လှည့်စီ စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မယ်လိုဒီက သူမရဲ့ သားလေး သဒ္ဓိစစ်ရဲ့ ဆန္ဒအတိုင်း Live လွှင့်ပြီး စကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ သားလေး သဒ္ဓိစစ်က Live လွှင့်နေတုန်းမှာပဲ သူ့ရဲ့ဖေဖေဆီသွားချင်းတယ်လို့ ပြောခဲ့တာကြောင့် မယ်လိုဒီက ဖေဖေနဲ့တွေ့ချင်တာကို Live လွှင့်မှ လူစုံပြီး ရှင်းပြတဲ့ သားလေး သဒ္ဓိစစ်အကြောင်းရဲ့ လူရည်လည်ပုံကို ရှင်းပြလာခဲ့တာပဲ ဖြစ်ပါတယ်။

မယ်လိုဒီနဲ့ သူမရဲ့ ခင်ပွန်းဟောင်းတို့ကတော့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးပြီဆိုပေမယ့် သားလေးသဒ္ဓိစစ်နဲ့ ပက်သတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေတွေလို ရှိနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မယ်လိုဒီတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Melody Myo’s fb
Bilie – Cele Connections