မကြာခင်ကျရောက်မယ့် အသက် (၂၂)နှစ်ပြည့်မွေးနေ့အတွက် မိန်းကလေးမဆန်တဲ့လက်ဆောင်တစ်ခုကို ကိုယ့်ကိုကိုယ်ပြန်ပေးခဲ့တဲ့ ယွန်းဝတီလွင်မိုး
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
မကြာခင်ကျရောက်မယ့် အသက် (၂၂)နှစ်ပြည့်မွေးနေ့အတွက် မိန်းကလေးမဆန်တဲ့လက်ဆောင်တစ်ခုကို ကိုယ့်ကိုကိုယ်ပြန်ပေးခဲ့တဲ့ ယွန်းဝတီလွင်မိုး
ပရိသတ်တွေ ငယ်ငယ်ကတည်းက ချစ်ခင်အားပေးခဲ့ရတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးကတော့အခုဆိုရင် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မေမေဖြစ်သွားပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက စမတ်ကျကျနဲ့ နေထိုင်တတ်တဲ့ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ကျောင်းပညာရေးကို ပြီးဆုံးအောင် သင်ယူပြီး ဖခင်ဖြစ်သူနဲ့အတူတူ စီးပွားရေးနယ်ပယ်ထဲမှာ ခြေချဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
အသက် (၂၀) အရွယ်မှာ အိမ်ထောင်ကျခဲ့တဲ့ ယွန်းဝတီလွင်မိုးကတော့ လာမယ့် အောက်တိုဘာလ (၂၁) ရက်နေ့မှာ သူမရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့ကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ မွေးနေ့အတွက် သူမရဲ့ ကိုယ်ပိုင်မုန့်ဖိုးတွေစုပြီး Gaming PC ကြီးတစ်ခုကို ဝယ်ပြီး ကိုယ့်ကိုကိုယ် လက်ဆောင်ပြန်ပေးဖြစ်ခဲ့တယ်လို့ သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
ယွန်းဝတီလွင်မိုးကတော့ မိန်းကလေးဆိုပေမယ့် ဂိမ်းဆော့ရတာကို အရမ်းဝါသနာပါသူဖြစ်ပြီး သူမရဲ့ကိုယ်ပိုင် ပေ့ချ်နဲ့လည်း Game တွေကို Stream လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ယောကျာ်းလေးတွေကတော့ အမိုက်စား Set Up တွေနဲ့ အရမ်းလန်းတဲ့ ယွန်းဝတီလွင်မိုးရဲ့ Gaming PC ကြီးကို ကြွေနေကြမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Yun Wady Lwin Moe’s fb
Bilie – Cele Connections