ကစားနေရင်း အဝေမတည့်ဖြစ်နေတဲ့ သမီးနှစ်ယောက်စလုံးကို ချစ်ချစ်ခင်ခင်ဖြစ်သွားအောင် စိတ်ရှည်လက်ရှည်ရှင်းပြခဲ့တဲ့ ချစ်သုဝေရဲ့ ဗီဒီယို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Chit Thu Wai’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ကစားနေရင်း အဝေမတည့်ဖြစ်နေတဲ့ သမီးနှစ်ယောက်စလုံးကို ချစ်ချစ်ခင်ခင်ဖြစ်သွားအောင် စိတ်ရှည်လက်ရှည်ရှင်းပြခဲ့တဲ့ ချစ်သုဝေရဲ့ ဗီဒီယို

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလည်း အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

အမြွှာသမီးလေးတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပေမယ့် တစ်ခါတစ်လေ အဝေမတည့်ဖြစ်ကြတဲ့ ခေတ်နဲ့သစ်ကိုတော့ မေမေချစ်သုဝေက အမြဲတမ်း စိတ်ရှည်ရှည်နဲ့ နားလည်အောင် ရှင်းပြပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက ကစားနေရင်း အဝေမတည့်ဖြစ်နေတဲ့ သမီးနှစ်ယောက်စလုံး စိတ်ကျေနပ်သွားအောင် စိတ်ရှည်လက်ရှည်ရှင်းပြပြီး ညီအစ်မနှစ်ယောက်စလုံး အဆင်ပြေသွားပုံကို သူမရဲ့ Youtube အကောင့်ကနေ အခုလိုပဲ မျှဝေပေးထားပါတယ်။

ခေတ်နဲ့သစ်ကတော့ ကလေးတွေပီပီ စိတ်ဆိုး စိတ်ကောက်တာတွေရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာတော့ ယုံမှားဖွယ်ရာမရှိပါဘူး။ ပရိသတ်ကြီးလည်း ခေတ်လေးနဲ့ သစ်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections