BLACKPINK က Lisa ကို အတုခိုးတယ်ဆိုပြီးပြောတဲ့အပြင် မိုက်မိုက်ရိုင်းရိုင်းတွေဆဲဆိုနေသူအကြောင်း ထုတ်ပြောလာခဲ့တဲ့ Dee

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

The Model Academy 2019 ရဲ့ 1st Runner Up ဆုရွင္တစ္ေယာက္ျဖစ္တဲ့ Dee ကေတာ့ အမိုက္စားရုပ္ရည္နဲ့ ဆြဲေဆာင္မႈအျပည့္ရိွတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ပါတယ္။ Dee က အခုဆိုရင္ သူမဝါသနာပါတဲ့ အနုပညာလမ္းေပၚကို ေလွ်ာက္လွမ္းေနျပီျဖစ္ျပီး ေအာင္ျမင္စျပဳေနျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ Dee က ကိုရီးယား K Pop အဖြဲ့တစ္ဖြဲ့ျဖစ္တဲ့ BLACKPINK က Lisa ကို အတုခိုးျပီး လုိက္လုပ္ေနတယ္ဆိုျပီး တစ္ဖက္သတ္ေျပာဆိုမႈေတြအေပၚ အခုလိုပဲ ရင္ဖြင့္လာခဲ့ပါတယ္။

“ပုံမွန္တိုင္းဆို ဒီးဘယ္သူ႔ကိုမွ ဘာမွမေျပာ ဘာမွ တုန႔္ျပန္ၿပီးမေရးတတ္ပါဘူး အခုဟာက အရမ္းလြန္လာၾကလို႔ ေရာ ရည္႐ြယ္ခ်က္ရွိရွိတိုက္ခိုက္လာေတြရွိလာေတာ့ နည္းနည္းေလးေျပာပါရေစ။ ဒီးကိုဒီး Lisa နဲ႔တူတယ္လို႔ တစ္ခါမွ မေျပာဖူးပါဘူး။ ဂုဏ္လဲမဆာဖူးပါဘူး။ ဘာလို႔လာလာဆဲပီး ေျပာေနၾကမွန္းစဥ္းစားလို႔မရဘူး။ အရမ္းႀကိဳက္ပါတယ္ blackpink ကို YG Stan ပါ YG ကထြက္တာမွန္သမွ်အကုန္ႀကိဳက္ပါတယ္။ lisa နဲ႔တူတယ္လို႔ ေျပာရင္ ကိုယ့္လည္းႀကိဳက္တဲ့သူဆိုေတာ့ အရင္ကေပ်ာ္ေပမဲ့ ေနာက္ပိုင္းဒါႀကီးက ဒီးကိုပိုၿပီး စိတ္ထိခိုက္ရသလိုႀကီးျဖစ္လာတယ္ စိတ္မေကာင္းလည္းျဖစ္တယ္။ ”

“အခု ဒီ ss မွာဆို ဒီးက အတုခိုးပီး ဆံပင္လိုက္ဆိုးထားတယ္ေျပာပါတယ္။ ဒီးဆိုးထားတာ ၿပီးခဲ့တဲ့ေမြးလAugust ကထဲက ေမြးေန႔မတိုင္ခင္ဆိုးထားတာပါ။ the album က october မွာ ထြက္တာပါ။ အခ်ိန္နဲ႔ပုံေတြပါ တင္ေပးထားတယ္။ ခုတူတယ္လို႔လာေျပာၾကရင္ ေၾကာက္ပါတယ္ အဆင္မေျပပါဘူး။ ဒီလို႐ိုင္းစိုင္းတဲ့လူေတြေၾကာင့္ပါ။ ျပီးေတာ့ဆံပင္ပုံစံမ်ိဳးစုံလုပ္ရတာကိုႀကိဳက္တဲ့လူပါ။ hair bang လည္း အရမ္းႀကိဳက္ပါတယ္။ အခုေတာ့ ဘာလုပ္လုပ္တိုက္ခိုက္ဆဲေနၾကေတြ တကယ္အဆင္မေျပပါဘူး။ လုပ္ခြင့္မရွိေတာ့ဘူးလား? P.s နာမည္နဲ႔profile ဖ်က္ထားေပးတယ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

Dee ကေတာ့ သူမရဲ့ မ်က္နွာက်ပံုစံက BLACKPINK က Lisa နဲ့ ခပ္ဆင္ဆင္ျဖစ္ေနတာေၾကာင့္ တူတယ္ဆိုျပီးေျပာသူေတြရိွသလို အခုလို ေဝဖန္ဆဲဆိုသူေတြလည္းရိွေၾကာင္း ျပသလာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Dee’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

BLACKPINK က Lisa ကို အတုခိုးတယ်ဆိုပြီးပြောတဲ့အပြင် မိုက်မိုက်ရိုင်းရိုင်းတွေဆဲဆိုနေသူအကြောင်း ထုတ်ပြောလာခဲ့တဲ့ Dee

The Model Academy 2019 ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ Dee ကတော့ အမိုက်စားရုပ်ရည်နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ Dee က အခုဆိုရင် သူမဝါသနာပါတဲ့ အနုပညာလမ်းပေါ်ကို လျှောက်လှမ်းနေပြီဖြစ်ပြီး အောင်မြင်စပြုနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Dee က ကိုရီးယား K Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK က Lisa ကို အတုခိုးပြီး လိုက်လုပ်နေတယ်ဆိုပြီး တစ်ဖက်သတ်ပြောဆိုမှုတွေအပေါ် အခုလိုပဲ ရင်ဖွင့်လာခဲ့ပါတယ်။

“ပုံမှန်တိုင်းဆို ဒီးဘယ်သူ့ကိုမှ ဘာမှမပြော ဘာမှ တုန့်ပြန်ပြီးမရေးတတ်ပါဘူး အခုဟာက အရမ်းလွန်လာကြလို့ ရော ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာတွေရှိလာတော့ နည်းနည်းလေးပြောပါရစေ။ ဒီးကိုဒီး Lisa နဲ့တူတယ်လို့ တစ်ခါမှ မပြောဖူးပါဘူး။ ဂုဏ်လဲမဆာဖူးပါဘူး။ ဘာလို့လာလာဆဲပီး ပြောနေကြမှန်းစဉ်းစားလို့မရဘူး။ အရမ်းကြိုက်ပါတယ် blackpink ကို YG Stan ပါ YG ကထွက်တာမှန်သမျှအကုန်ကြိုက်ပါတယ်။ lisa နဲ့တူတယ်လို့ ပြောရင် ကိုယ့်လည်းကြိုက်တဲ့သူဆိုတော့ အရင်ကပျော်ပေမဲ့ နောက်ပိုင်းဒါကြီးက ဒီးကိုပိုပြီး စိတ်ထိခိုက်ရသလိုကြီးဖြစ်လာတယ် စိတ်မကောင်းလည်းဖြစ်တယ်။ ”

“အခု ဒီ ss မှာဆို ဒီးက အတုခိုးပီး ဆံပင်လိုက်ဆိုးထားတယ်ပြောပါတယ်။ ဒီးဆိုးထားတာ ပြီးခဲ့တဲ့မွေးလAugust ကထဲက မွေးနေ့မတိုင်ခင်ဆိုးထားတာပါ။ the album က october မှာ ထွက်တာပါ။ အချိန်နဲ့ပုံတွေပါ တင်ပေးထားတယ်။ ခုတူတယ်လို့လာပြောကြရင် ကြောက်ပါတယ် အဆင်မပြေပါဘူး။ ဒီလိုရိုင်းစိုင်းတဲ့လူတွေကြောင့်ပါ။ ပြီးတော့ဆံပင်ပုံစံမျိုးစုံလုပ်ရတာကိုကြိုက်တဲ့လူပါ။ hair bang လည်း အရမ်းကြိုက်ပါတယ်။ အခုတော့ ဘာလုပ်လုပ်တိုက်ခိုက်ဆဲနေကြတွေ တကယ်အဆင်မပြေပါဘူး။ လုပ်ခွင့်မရှိတော့ဘူးလား? P.s နာမည်နဲ့profile ဖျက်ထားပေးတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

Dee ကတော့ သူမရဲ့ မျက်နှာကျပုံစံက BLACKPINK က Lisa နဲ့ ခပ်ဆင်ဆင်ဖြစ်နေတာကြောင့် တူတယ်ဆိုပြီးပြောသူတွေရှိသလို အခုလို ဝေဖန်ဆဲဆိုသူတွေလည်းရှိကြောင်း ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Dee’s fb
Bilie – Cele Connections