အိမ်မှာနေတဲ့ကာလမှာ လှူဒါန်းဖို့အတွက် ပန်းချီဆွဲရင်း ပိုက်ဆံရှာနေတဲ့အနုပညာရှင်များ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ႀကီးေရ ျမန္မာႏိုင္ငံရဲ႕ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြမွာ လူအား၊ေငြအားနဲ႔ ပါဝင္ကူညီမႈေတြ မ်ားစြာလိုအပ္လ်က္ရွိပါတယ္။ ကုသေရးစင္တာေတြအတြက္သာမက ခက္ခဲေနတဲ့ အေျခခံလူတန္းစားေတြ အခုလိုအကူညီလိုအပ္ေနတဲ့အရာေတြအားလုံးအတြက္ အစိုးရကသာမက၊ လုပ္ငန္းရွင္ႀကီးေတြ၊ တတ္ႏိုင္သူေတြ၊ အႏုပညာရွင္ေတြ အကုန္လုံး အင္တိုက္အားတိုက္ဝိုင္းဝန္းကူညီေနၾကခ်ိန္လည္း ျဖစ္ပါတယ္။

အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကေတာ့ အခုလိုအခ်ိန္က ဝင္ေငြမရွိၾကတဲ့အခ်ိန္ျဖစ္တာမို႔ Live လႊင့္ေဈးေရာင္းတာ၊ အစားအေသာက္ခ်က္ျပဳတ္ေရာင္းခ်တာ စတာေတြက ရတဲ့ေငြေတြကို ျပန္လည္လႉဒါန္းေပးေနၾကသလို ပရိသတ္အခ်စ္ေတာ္ ကိုေပါက္၊ ပိုင္တံခြန္နဲ႔ အိျႏၵာေက်ာ္ဇင္တို႔ အႏုပညာရွင္တစ္စုကေတာ့ ကိုယ္တတ္ကြၽမ္းတဲ့ပန္းခ်ီပညာေလးနဲ႔ အလႉအတြက္ ပိုက္ဆံရွာသြားမွာျဖစ္ပါတယ္။

အခုလိုအခ်ိန္က ႐ိုက္ကူးေရးေတြရပ္နားထားရၿပီး အိမ္မွာပဲေနရတဲ့အခ်ိန္မို႔ ကိုယ္တတ္ကြၽမ္းတဲ့ပန္းခ်ီဆြဲတာအတြက္ ပိုလည္း အခ်ိန္ေပးႏိုင္သလို အလႉအတြက္လည္း အေထာက္အကူျဖစ္ေစမွာ အမွန္ပါပဲ ပရိသတ္ႀကီးေရ..ျမန္မာႏိုင္ငံရဲ႕ကိုဗစ္တိုက္ဖ်က္ေရး လုပ္ငန္းစဥ္ေတြမွာ ပါဝင္ကူညီဖို႔ စိတ္အားထက္သန္စြာ ပန္းခ်ီဆြဲေနၾကတဲ့ အႏုပညာရွင္ေတြနဲ႔ သူတို႔ရဲ႕လက္ရာေတြကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Eaindra Kyaw Zin, Aung Minn Naing, Paing Takhon
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ လူအား၊ငွေအားနဲ့ ပါဝင်ကူညီမှုတွေ များစွာလိုအပ်လျက်ရှိပါတယ်။ ကုသရေးစင်တာတွေအတွက်သာမက ခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေ အခုလိုအကူညီလိုအပ်နေတဲ့အရာတွေအားလုံးအတွက် အစိုးရကသာမက၊ လုပ်ငန်းရှင်ကြီးတွေ၊ တတ်နိုင်သူတွေ၊ အနုပညာရှင်တွေ အကုန်လုံး အင်တိုက်အားတိုက်ဝိုင်းဝန်းကူညီနေကြချိန်လည်း ဖြစ်ပါတယ်။

အနုပညာရှင်တော်တော်များများကတော့ အခုလိုအချိန်က ဝင်ငွေမရှိကြတဲ့အချိန်ဖြစ်တာမို့ Live လွှင့်ဈေးရောင်းတာ၊ အစားအသောက်ချက်ပြုတ်ရောင်းချတာ စတာတွေက ရတဲ့ငွေတွေကို ပြန်လည်လှူဒါန်းပေးနေကြသလို ပရိသတ်အချစ်တော် ကိုပေါက်၊ ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင်တို့ အနုပညာရှင်တစ်စုကတော့ ကိုယ်တတ်ကျွမ်းတဲ့ပန်းချီပညာလေးနဲ့ အလှူအတွက် ပိုက်ဆံရှာသွားမှာဖြစ်ပါတယ်။

အခုလိုအချိန်က ရိုက်ကူးရေးတွေရပ်နားထားရပြီး အိမ်မှာပဲနေရတဲ့အချိန်မို့ ကိုယ်တတ်ကျွမ်းတဲ့ပန်းချီဆွဲတာအတွက် ပိုလည်း အချိန်ပေးနိုင်သလို အလှူအတွက်လည်း အထောက်အကူဖြစ်စေမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ..မြန်မာနိုင်ငံရဲ့ကိုဗစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီဖို့ စိတ်အားထက်သန်စွာ ပန်းချီဆွဲနေကြတဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့လက်ရာတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Eaindra Kyaw Zin, Aung Minn Naing, Paing Takhon
Rainbow- Cele Gabar