သူမကို ဝလာတယ်လို့ပြောတဲ့သူတွေကို စကားတခွန်းတည်းနဲ့ ချေချပြလိုက်တဲ့ စမိုင်းလ်ရဲ့ Tik Tok လေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






MM load

Unicode ဖြင့်ဖတ်ပါ
★★★★★

ဝတယ်လို့ပြောတဲ့သူတွေကို စကားတစ်ခွန်းနဲ့အနိုင်ယူပြီး သူမဘယ်လောက်လှသလဲဆိုတာ သက်သေပြလိုက်တဲ့ စမိုင်းလ်ရဲ့Tik Tok ဗီဒီယို

မင်းသမီးချောလေး စမိုင်းလ်ကတော့ ဟိုးအရင်ကတည်းက အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ စမိုင်းလ်က VCD ခေတ်မှာ သီချင်းဗီဒီယိုတွေရိုက်ကူးခဲ့ရသလို ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာအောင် ဝေးကွာခဲ့တဲ့ စမိုင်းလ်က အခုတော့ သူမချစ်ရတဲ့ပရိသတ်တွေရဲ့အရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

စမိုင်းလ်အနေနဲ့ အိမ်ထောင်ကျပြီး အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ ကလေးမေမေဖြစ်တဲ့ စမိုင်းလ်က အခုချိန်အထိ အရွယ်တင်ပြီး နုပျိုလှပနေဆဲလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် စမိုင်းလ်က ဖက်ရှင်ကျကျဝတ်ဆင်တတ်တာကြောင့် သူမတူအောင် လှနေတာ ဖြစ်ပါတယ် ။ အခုလည်း စမိုင်းလ်က အိမ်နေရင်းပုံစံကနေ အမိုက်စားပုံစံဖြစ်သွားအောင် ပြောင်းလဲပြလိုက်တာ ဖြစ်ပါတယ် ။

စမိုင်းလ်က ယနေ့အချိန်အထိတိုင်အောင် သူမဘယ်လောက်ထိ လှနေသလဲဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စမိုင်းလ်က ဝတယ်လို့ပြောနေတဲ့သူတွေကို စကားတစ်ခွန်းတည်းနဲ့ အပြတ်ချေပြီး အနိုင်ယူလိုက်တာလည်း ဖြစ်ပါတယ် ။

ကဲ လိုက်မမှီနိုင်လောက်အောင် အထာကျလွန်းတဲ့ စမိုင်းလ်ရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

MM load