Covid ကာကွယ်ရေးနဲ့ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ အားတက်သရောပါဝင်ကူညီခဲ့လို့ အတိုင်ပင်ခံလက်မှတ်ပါတဲ့ စေတနာ့ဝန်ထမ်းဆုရရှိခဲ့လို့် ပျော်နေတဲ့ အေးမြတ်သူ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

Covid ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ပါသည့် ဂုဏ်ပြုမှတ်တမ်းကိုရရှိခဲ့တဲ့အေးမြတ်သူ

မင်းသမီးချောလေး အေးမြတ်သူကတော့ ပါးချိုင့်လေးနှစ်ဖက်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။

ကိုယ်လုံးကိုယ်ပေါက်လည်း လှပတဲ့ အေးမြတ်သူက မြန်မာဝတ်စုံတွေနဲ့ရော ခေတ်ပေါ်ဖက်ရှင်လေးတွေနဲ့ပါ လိုက်ဖက်မှုရှိနေတာ ဖြစ်ပါတယ် ။ အခုချိန်အထိ အရွယ်တင်နုပျိုကာ လှချင်တိုင်းလှနေတဲ့ အေးမြတ်သူကို ပရိသတ်တွေကလည်း ကြွေနေရတာ ဖြစ်ပါတယ် ။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ အေးမြတ်သူက အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ရရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ အေးမြတ်သူအနေနဲ့ ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေတာဖြစ်ပြီး အားလပ်ချိန်လေးတွေကိုလည်း အကျိုးရှိစွာ အသုံးချတတ်တာ ဖြစ်ပါတယ် ။

ပရဟိတလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်ကူညီလေ့ရှိတဲ့ အေးမြတ်သူက အခုလည်း နိုင်ငံတော်အတိုင်ပင်ခံရဲ့လက်မှတ်ပါတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ် ။

အေးမြတ်သူကတော့ Covid ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တာကြောင့် အခုလို ဂုဏ်ပြုခြင်းခံလိုက်ရတာ ဖြစ်ပါတယ် ။ အေးမြတ်သူက “ထမ်းပိုးခွင့်ရသော တစ်နိုင်ဝန်လေးအတွက် ဂုဏ်ယူမိသောအချိန်လေး” ဆိုပြီး ပုံလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာ ဖြစ်ပါတယ် ။

ကဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်မှတ်ပါသော ဂုဏ်ပြုမှတ်တမ်းလွှာကို ရရှိခဲ့တဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

MM Load