အဆိုတော် မီးမီးခဲ ကွယ်လွန်ဟု သိရ၊ မီးမီးခဲ နှင့် ပတ်သက်၍ အနုပညာရှင်များကလည်း ဝမ်းနည်းကြောင်းများ ရေးသားနေကြ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္ မီးမီးခဲကေတာ့ သူမရဲ့ မိသားစုနဲ့အတူတူ ၾသစေတးလ်နိုင္ငံမွာ အေျခခ်ေနထိုင္ေနရင္း ကင္ဆာေရာဂါေဝဒနာကို ကုသမႈခံယူေနတာပဲ ျဖစ္ပါတယ္။ မီးမီးခဲက ျပီးခဲ့တဲ့လပိုင္းကလည္း ကင္ဆာေဝဒနာရဲ့ ေနာက္ဆက္တြဲေဝဒနာအျဖစ္ ညာဘက္ေျခေထာက္က လမ္းမေလွ်ာက္နိုင္ေတာ့တဲ့အထိ ျဖစ္ခဲ့ရတာျဖစ္ပါတယ္။ မီးမီးခဲက ကင္ဆာအဆင့္ (၄)အထိကို ေရာက္ရိွခဲ့ျပီး ဆရာဝန္ေတြရဲ့ ေဆးကုသမႈနဲ့ သူမရဲ့ စိတ္ဓာတ္ၾကံ့ခိုင္သန္စြမ္းမႈေၾကာင့္ အခ်ိန္ေတြ ဆြဲဆန့္ျပီး ၾကံ့ၾကံ့ခံနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ကင္ဆာေရာဂါကို ဆိုးရြားစြာခံစားေနရတဲ့ မီးမီးခဲကေတာ့ ဒီကေန့ ေအာက္တိုဘာလ (၁၆) ရက္ေန့မွာ ဘဝတစ္ပါးသို့ ကူးေျပာင္းကြယ္လြန္သြားခဲ့ျပီ ျဖစ္ပါတယ္။ မီးမီးခဲကြယ္လြန္ျခင္းနဲ့ ပက္သတ္ျပီး မီးမီးခဲရဲ့ ခင္ပြန္းေဟာင္းျဖစ္သူ အဆိုေတာ္ ထူးအယ္လင္းက သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ပရိသတ္ေတြကို အတည္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။

မီးမီးခဲကေတာ့ ျပီးခဲ့တဲ့ လပိုင္းေတြက ကြယ္လြန္သြားခဲ့ျပီဆိုျပီး သတင္းမွားေတြ ထြက္ေပၚခဲ့ေသးတာေၾကာင့္ သူမကိုယ္တိုင္ ေျဖရွင္းခဲ့ရတာ ျဖစ္ျပီး ဒီတစ္ခါမွာေတာ့ သူမကိုယ္တိုင္ ျပန္မလာနိုင္ေတာ့တဲ့ ခရီးရွည္ၾကီးကို ထြက္ခြာသြားခဲ့ျပီပဲ ျဖစ္ပါတယ္။ မီးမီးခဲတစ္ေယာက္ ေကာင္းရာဘံုဘဝမွာ ေအးခ်မ္းစြာ အနားယူနိုင္ပါေစလို့ Cele Connections မွ ညိဳးငယ္စြာ ဆုေတာင္းေပးလိုက္ရပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo El Lynn’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော် မီးမီးခဲကတော့ သူမရဲ့ မိသားစုနဲ့အတူတူ သြစတေးလျနိုင်ငံမှာ အခြေချနေထိုင်နေရင်း ကင်ဆာရောဂါဝေဒနာကို ကုသမှုခံယူနေတာပဲ ဖြစ်ပါတယ်။ မီးမီးခဲက ပြီးခဲ့တဲ့လပိုင်းကလည်း ကင်ဆာဝေဒနာရဲ့ နောက်ဆက်တွဲဝေဒနာအဖြစ် ညာဘက်ခြေထောက်က လမ်းမလျှောက်နိုင်တော့တဲ့အထိ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ မီးမီးခဲက ကင်ဆာအဆင့် (၄)အထိကို ရောက်ရှိခဲ့ပြီး ဆရာဝန်တွေရဲ့ ဆေးကုသမှုနဲ့ သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်သန်စွမ်းမှုကြောင့် အချိန်တွေ ဆွဲဆန့်ပြီး ကြံ့ကြံ့ခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါကို ဆိုးရွားစွာခံစားနေရတဲ့ မီးမီးခဲကတော့ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ မီးမီးခဲကွယ်လွန်ခြင်းနဲ့ ပက်သတ်ပြီး မီးမီးခဲရဲ့ ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

မီးမီးခဲကတော့ ပြီးခဲ့တဲ့ လပိုင်းတွေက ကွယ်လွန်သွားခဲ့ပြီဆိုပြီး သတင်းမှားတွေ ထွက်ပေါ်ခဲ့သေးတာကြောင့် သူမကိုယ်တိုင် ဖြေရှင်းခဲ့ရတာ ဖြစ်ပြီး ဒီတစ်ခါမှာတော့ သူမကိုယ်တိုင် ပြန်မလာနိုင်တော့တဲ့ ခရီးရှည်ကြီးကို ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ Cele Connections မှ ညိုးငယ်စွာ ဆုတောင်းပေးလိုက်ရပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo El Lynn’s fb
Bilie – Cele Connections