ပြည်ပမှာနေထိုင်နေတဲ့ အဆိုတော် မီးမီးခဲ ကွယ်လွန်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခံစားခ်က္သီခ်င္းေပါင္းမ်ားစြာနဲ႔ ပရိသတ္ေတြကို ေဖ်ာ္ေျဖခဲ့တဲ့ အဆိုေတာ္ မီးမီးခဲတစ္ေယာက္ကြယ္လြန္သြားခဲ့ျပီျဖစ္တယ္လို႔ သိရပါတယ္။

မီးမီးခဲဟာ ၾသစေၾတးလ်မွာ မိသားစုနဲ႔အတူသြားေရာက္ေနထိုင္ေနခဲ့တာျဖစ္ျပီးေတာ့ ကင္ဆာေရာဂါကိုအံတုရင္ဆိုင္ေနခဲ့တာပါ။ အိမ္ေထာင္သစ္တစ္ခုကို တည္ေဆာက္ခဲ့ျပီး သားသမီး (၂) ဦးထြန္းကားခဲ့တဲ့ မီးမီးခဲက သူမရင္ဆိုင္ခဲ့ရတဲ့ ေရာဂါဆုိးၾကီးအေၾကာင္းကိုလည္း ပရိသတ္ေတြကို ေျပာျပေလ့ရွိသူပါ။

ဒီေရာဂါဆိုးၾကီးသက္သာလာတဲ့အခ်ိန္မွာေတာ့ ျမန္မာျပည္ကိုေခတၱျပန္လာျပီး တစ္ကိုယ္ေတာ္ ရွိုးပြဲေလးျပဳလုပ္ခဲ့ပါေသးတယ္။ ဒါဟာ သူမရဲ႕အျဖစ္ခ်င္ဆံုးဆႏၵေတြထဲက တစ္ခုပဲျဖစ္ပါတယ္။ မီးမီးခဲက သူမရဲ႕ တစ္ကိုယ္ေတာ္ရွိုးပြဲဟာ ေနာက္ဆံုးပြဲေလးလည္းျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ မီဒီယာေတြရဲ႕အင္တာဗ်ဴးမွာလည္း ေျဖခဲ့ဖူးပါေသးတယ္။

ႏိုင္ငံရပ္ျခားကိုျပန္သြားျပီး ေဆးကုေနရတဲ့ မီးမီးခဲတစ္ေယာက္ ဒီေရာဂါဆုိးၾကီးကေန လြတ္ေျမာက္သြားခဲ့ပါျပီ။ သူမရဲ႕ ခင္ပြန္းေဟာင္းျဖစ္သူ အဆိုေတာ္ထူးအယ္လင္းကိုယ္တိုင္ သူ႔ရဲ႕ေဖ့ဘုတ္ကေနျပီး ဝမ္းနည္းေၾကာင္း ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။ အႏုပညာေလာကက ခင္မင္သူေတြကလည္း မီးမီးခဲရဲ႕ ကြယ္လြန္သြားတဲ့သတင္းအတြက္ စိတ္မေကာင္းဝမ္းနည္းေနၾကတာျဖစ္ပါတယ္။

ပရိသတ္ေတြခ်စ္ခဲ့ရတဲ့ ၊ ပရိသတ္ေတြကိုခ်စ္တဲ့ မီးမီးခဲတစ္ေယာက္ သူမခ်စ္တဲ့ အႏုပညာနဲ႔အတူ ထပ္မံေမြးဖြားလာႏိုင္ပါေစလို႔ေတာင္းဆုျပဳလိုက္ရင္း ေကာင္းရာမြန္ရာဘံုဘဝကိုေရာက္ရွိႏိုင္ပါေစ။

Unicode ဖြင့်ဖတ်ပါ
★★★★★

ခံစားချက်သီချင်းပေါင်းများစွာနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့တဲ့ အဆိုတော် မီးမီးခဲတစ်ယောက်ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မီးမီးခဲဟာ သြစတြေးလျမှာ မိသားစုနဲ့အတူသွားရောက်နေထိုင်နေခဲ့တာဖြစ်ပြီးတော့ ကင်ဆာရောဂါကိုအံတုရင်ဆိုင်နေခဲ့တာပါ။ အိမ်ထောင်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး သားသမီး (၂) ဦးထွန်းကားခဲ့တဲ့ မီးမီးခဲက သူမရင်ဆိုင်ခဲ့ရတဲ့ ရောဂါဆိုးကြီးအကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြလေ့ရှိသူပါ။

ဒီရောဂါဆိုးကြီးသက်သာလာတဲ့အချိန်မှာတော့ မြန်မာပြည်ကိုခေတ္တပြန်လာပြီး တစ်ကိုယ်တော် ရှိုးပွဲလေးပြုလုပ်ခဲ့ပါသေးတယ်။ ဒါဟာ သူမရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ မီးမီးခဲက သူမရဲ့ တစ်ကိုယ်တော်ရှိုးပွဲဟာ နောက်ဆုံးပွဲလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မီဒီယာတွေရဲ့အင်တာဗျူးမှာလည်း ဖြေခဲ့ဖူးပါသေးတယ်။

နိုင်ငံရပ်ခြားကိုပြန်သွားပြီး ဆေးကုနေရတဲ့ မီးမီးခဲတစ်ယောက် ဒီရောဂါဆိုးကြီးကနေ လွတ်မြောက်သွားခဲ့ပါပြီ။ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော်ထူးအယ်လင်းကိုယ်တိုင် သူ့ရဲ့ဖေ့ဘုတ်ကနေပြီး ဝမ်းနည်းကြောင်း ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ အနုပညာလောကက ခင်မင်သူတွေကလည်း မီးမီးခဲရဲ့ ကွယ်လွန်သွားတဲ့သတင်းအတွက် စိတ်မကောင်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ပရိသတ်တွေချစ်ခဲ့ရတဲ့ ၊ ပရိသတ်တွေကိုချစ်တဲ့ မီးမီးခဲတစ်ယောက် သူမချစ်တဲ့ အနုပညာနဲ့အတူ ထပ်မံမွေးဖွားလာနိုင်ပါစေလို့တောင်းဆုပြုလိုက်ရင်း ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိနိုင်ပါစေ။