ဒီဘက်ခေတ်ကလေးတွေ တော်ရုံမသိကြတဲ့ မွန်းအောင်ရဲ့ “ယု” သီချင်းလေးကို သမီးလေးထိပ်ထိပ်နဲ့အတူ ဂစ်တာလေးတီးပြီးသီဆိုပြလာတဲ့ ခိုင်သင်းကြည်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ဒီဘက်ခေတ်ကလေးတွေ တော်ရုံမသိကြတဲ့ မွန်းအောင်ရဲ့ “ယု” သီချင်းလေးကို သမီးလေးထိပ်ထိပ်နဲ့အတူ ဂစ်တာလေးတီးပြီးသီဆိုပြလာတဲ့ ခိုင်သင်းကြည်

မင်းသမီးချော ခိုင်သင်းကြည်ကတော့ ပရိသတ်တွေက သဘာဝမင်းသမီးလို့ တင်စားရလောက်အောင် ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်သင်းကြည်က အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိနေသလို အပူအပင်ကင်းပြီး အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ခိုင်သင်းကြည်အပြင် သူမရဲ့ မိသားစုလေးကိုပါ ချစ်ခင်အားပေးကြပါတယ်။

Stay At Home ကာလမှာတော့ သမီးလေးနဲ့အတူတူ သီချင်းလေးတွေ သီဆိုရင်း ပရိသတ်တွေအတွက် တတ်စွမ်းသလောက် ဖျော်ဖြေပေးနေတဲ့ ခိုင်သင်းကြည်က ဒီကနေ့မှာတော့ သူမတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုအသစ်လေးကို မျှဝေပေးလာပါတယ်။ ခိုင်သင်းကြည်ကတော့ “ဒီသီချင်းကထိပ်လေးတခါမှမကြားဘူးသေးတဲ့သီချင်းလေးပါမခိုင်တောင်မှမခိုင်ရဲ့အကိုတွေဂီတာတီးပြီးဆိုပြတာကိုနားထောင်ခဲ့ရတာဆိုတော့ခုခတ်လူငယ်တွေမသိနိုင်တဲ့သီချင်းလေးမို့အပျင်းပြေနားထောင်ရအောင်ပါရှင့် ဆရာမနဲ့၂လသာသင်ရသေးတဲ့ထိပ်လေးရဲ့ဂီတာသံကိုတော့သီးခံခွင့်လွှတ်ပေးပါနော်” ဆိုပြီး တေးဆိုမွန်းအောင်ရဲ့ “ယု” ဆိုတဲ့ သီချင်းလေးကို သီဆိုပြလာတာပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ သမီးလေး စံထိပ်ထားဦးကိုလည်း သူမဝါသနာပါရာအလုပ်တွေကို လုပ်ဖို့ မြေတောင်မြှောက်ပေးနေသလို ပရိသတ်တွေနဲ့ ထိတွေ့နိုင်ဖို့လည်း အမြဲတမ်း ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections