Stay Home ကာလမှာ မိသားစုအတွက်အစားအစာလေးတွေ ကိုယ်တိုင်ချက်ပြုတ်ကျွေးရင်း ဖြတ်သန်းနေပါတယ်ဆိုတဲ့ မေမီကိုကို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေမမီကိုကိုကေတာ့ MRTV-4 ရဲ႕ပင္တိုင္စံမင္းသမီးေခ်ာတစ္ေယာက္ျဖစ္သလို ဇာတ္လမ္းတြဲေတြအမ်ားႀကီးနဲ႔ ပရိသတ္ရင္ထဲေရာက္ရွိခဲ့သူပါ။ အားေပးေနတဲ့ပရိသတ္ေတြကို အၿမဲတမ္းအေလးထားသူတစ္ေယာက္ျဖစ္သလို လတ္တေလာ Stay Home ကာလ႐ိုက္ကူးေရးေတြရပ္နားထားခ်ိန္မွာလည္း ခ်စ္ခင္ရတဲ့ပရိသတ္ႀကီးနဲ႔အဆက္သြယ္မျပတ္ရေအာင္ တေန႔တာအေၾကာင္းအရာေလးေတြ မွ်ေဝေပးလ်က္ရွိပါတယ္။

ဒီတစ္ေခါက္မွာေတာ့ Stay Home ကာလအတြင္း မိသားစုအတြက္ လက္စြမ္းျပခ်က္ျပဳတ္ထားသမွ် စားစရာေလးေတြကို မွ်ေဝလာပါတယ္။ ၾကက္ဆီထမင္း၊ ဆီခ်က္ေခါက္ဆြဲ၊ ၾကက္ေပါင္းေခါက္ဆြဲ၊ ႏို႔စိမ္းေခါက္ဆြဲ၊ ေၾကးအိုးဆီခ်က္၊ စတာေတြကို လက္စြမ္းျပထားတာျဖစ္ၿပီး ျမင္႐ုံနဲ႔ သြားရည္က်ခ်င္စရာေကာင္းေလာက္ေအာင္ ခ်က္ျပဳတ္ျပင္ဆင္ထားတဲ့ ေမမီကိုကိုရဲ႕လက္ရာေလးေတြကို ေတြ႕ရမွာပါ ပရိသတ္ႀကီးေရ.. အရသာကလည္း ေကာင္းလြန္းလို႔ ခ်က္စားတဲ့ေန႔တိုင္း ပိုတဲ့ေန႔ကိုမရွိပါဘူးတဲ့ေနာ္။

အလုပ္မ်ားတဲ့ေမမီတို႔လို အႏုပညာရွင္ေတြကေတာ့ ဒီလိုအခ်ိန္မ်ိဳးမွာမွ မီးဖိုေခ်ာင္ထဲဝင္ၿပီး မိသားစုအတြက္ စိတ္ႀကိဳက္ခ်က္ျပဳတ္ခြင့္ရသလို တစ္ေသာင္းေတာင္မျပည့္တဲ့ေဈးႏႈန္းနဲ႔ မိသားစုအဝစားႏိုင္တဲ့အစားအစာေလးေတြကို ေမမီကိုကိုက ကိုယ္တိုင္ခ်က္ျပခဲ့တာပါ။ လုပ္စားရတာလည္း အရမ္းလြယ္တာမို႔ ပရိသတ္ႀကီးကိုလည္း ထမင္း၊ဟင္းအစား တစ္ခါတေလ ဒါမ်ိဳးေလးေတြလုပ္စားၾကည့္ဖို႔ အႀကံေပးခဲ့သလို ပရိသတ္ႀကီးေရာ Stay Home ကာလမွာ ဘာေတြလုပ္စားျဖစ္သလဲဆိုၿပီး ေမးခြန္းထုတ္ခဲ့ပါတယ္။

credit-cele gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

မေမီကိုကိုကတော့ MRTV-4 ရဲ့ပင်တိုင်စံမင်းသမီးချောတစ်ယောက်ဖြစ်သလို ဇာတ်လမ်းတွဲတွေအများကြီးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့သူပါ။ အားပေးနေတဲ့ပရိသတ်တွေကို အမြဲတမ်းအလေးထားသူတစ်ယောက်ဖြစ်သလို လတ်တလော Stay Home ကာလရိုက်ကူးရေးတွေရပ်နားထားချိန်မှာလည်း ချစ်ခင်ရတဲ့ပရိသတ်ကြီးနဲ့အဆက်သွယ်မပြတ်ရအောင် တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ Stay Home ကာလအတွင်း မိသားစုအတွက် လက်စွမ်းပြချက်ပြုတ်ထားသမျှ စားစရာလေးတွေကို မျှဝေလာပါတယ်။ ကြက်ဆီထမင်း၊ ဆီချက်ခေါက်ဆွဲ၊ ကြက်ပေါင်းခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲ၊ ကြေးအိုးဆီချက်၊ စတာတွေကို လက်စွမ်းပြထားတာဖြစ်ပြီး မြင်ရုံနဲ့ သွားရည်ကျချင်စရာကောင်းလောက်အောင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ မေမီကိုကိုရဲ့လက်ရာလေးတွေကို တွေ့ရမှာပါ ပရိသတ်ကြီးရေ.. အရသာကလည်း ကောင်းလွန်းလို့ ချက်စားတဲ့နေ့တိုင်း ပိုတဲ့နေ့ကိုမရှိပါဘူးတဲ့နော်။

အလုပ်များတဲ့မေမီတို့လို အနုပညာရှင်တွေကတော့ ဒီလိုအချိန်မျိုးမှာမှ မီးဖိုချောင်ထဲဝင်ပြီး မိသားစုအတွက် စိတ်ကြိုက်ချက်ပြုတ်ခွင့်ရသလို တစ်သောင်းတောင်မပြည့်တဲ့ဈေးနှုန်းနဲ့ မိသားစုအဝစားနိုင်တဲ့အစားအစာလေးတွေကို မေမီကိုကိုက ကိုယ်တိုင်ချက်ပြခဲ့တာပါ။ လုပ်စားရတာလည်း အရမ်းလွယ်တာမို့ ပရိသတ်ကြီးကိုလည်း ထမင်း၊ဟင်းအစား တစ်ခါတလေ ဒါမျိုးလေးတွေလုပ်စားကြည့်ဖို့ အကြံပေးခဲ့သလို ပရိသတ်ကြီးရော Stay Home ကာလမှာ ဘာတွေလုပ်စားဖြစ်သလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။