လေးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဧရာဝတီစင်တာမှာ သွားရောက်လှူဒါန်းပေးခဲ့တဲ့ မိုးယုစံ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ရဲ႕အခ်စ္ေတာ္မင္းသမီးေခ်ာေလးမိုးယုစံကေတာ့ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း အႏုပညာလုပ္ရွားမႈေတြရပ္နားကာ ေပ်ာ္႐ႊင္စရာမိသားစုဘဝေလးကို အခ်ိန္ေပးတည္ေဆာက္ေနသူပါ။ ဒီေန႔ေလးကေတာ့ မိုးယုစံနဲ႔ခင္ပြန္းျဖစ္သူ ကိုစြမ္းသူတို႔ရဲ႕မဂၤလာႏွစ္ပတ္လည္ေလးႏွစ္ျပည့္ေန႔ေလးျဖစ္ၿပီး မဂၤလာႏွစ္ပတ္လည္အလႉေလးအျဖစ္ ဧရာဝတီစင္တာမွာ ျပဳလုပ္ခဲ့ေၾကာင္း မွ်ေဝလာပါတယ္။

ဧရာဝတီစင္တာကေတာ့ ျမန္မာႏိုင္ငံမွာ မ်ားျပားလာတဲ့ကိုဗစ္လူနာေတြနဲ႔ သံသယလူနာေတြ ကုသေရးအတြက္ ဦးေဇာ္ေဇာ္ကိုယ္တိုင္ မတည္လႉဒါန္းေပးထားတဲ့ Quarantine Center တစ္ခုျဖစ္သလို လတ္တေလာမွာလည္း အလႉရွင္ေတြ စဥ္ဆက္မျပတ္လႉဒါန္းေပးေနတာကို ေတြ႕ျမင္ရမွာပါ။ မိုးယုစံတို႔ ဇနီးေမာင္ႏွံကလည္း သူတို႔ရဲ႕ေလးႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္အတြက္ ဒီေန႔မွာသိန္း(၃၀) တိတိ သြားေရာက္လႉဒါန္းေပးခဲ့ေၾကာင္း မွ်ေဝေဖာ္ျပလာပါတယ္။

မိုးယုစံတို႔ ဇနီးေမာင္ႏွံကေတာ့ မဂၤလာသက္တမ္း(၄) ႏွစ္မွာ အရမ္းခ်စ္ဖို႔ေကာင္းတဲ့ သားသားေလးေကာင္းသိဃၤမိုးသူကို ပိုင္ဆိုင္ထားၿပီျဖစ္တဲ့အျပင္ လတ္တေလာမွာေတာ့ မိုးယုစံက ဒုတိယေျမာက္ကိုယ္ဝန္လည္း လြယ္ထားရၿပီျဖစ္ပါတယ္ ပရိသတ္ႀကီးေရ.. မဂၤလာသက္တမ္းေလးႏွစ္ျပည့္မွစၿပီး ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ ခ်စ္ရတဲ့မိသားစုနဲ႔အတူ ေပ်ာ္႐ႊင္စြာျဖတ္သန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source -Moe Yu San
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေးမိုးယုစံကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလုပ်ရှားမှုတွေရပ်နားကာ ပျော်ရွှင်စရာမိသားစုဘဝလေးကို အချိန်ပေးတည်ဆောက်နေသူပါ။ ဒီနေ့လေးကတော့ မိုးယုစံနဲ့ခင်ပွန်းဖြစ်သူ ကိုစွမ်းသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်လေးနှစ်ပြည့်နေ့လေးဖြစ်ပြီး မင်္ဂလာနှစ်ပတ်လည်အလှူလေးအဖြစ် ဧရာဝတီစင်တာမှာ ပြုလုပ်ခဲ့ကြောင်း မျှဝေလာပါတယ်။

ဧရာဝတီစင်တာကတော့ မြန်မာနိုင်ငံမှာ များပြားလာတဲ့ကိုဗစ်လူနာတွေနဲ့ သံသယလူနာတွေ ကုသရေးအတွက် ဦးဇော်ဇော်ကိုယ်တိုင် မတည်လှူဒါန်းပေးထားတဲ့ Quarantine Center တစ်ခုဖြစ်သလို လတ်တလောမှာလည်း အလှူရှင်တွေ စဉ်ဆက်မပြတ်လှူဒါန်းပေးနေတာကို တွေ့မြင်ရမှာပါ။ မိုးယုစံတို့ ဇနီးမောင်နှံကလည်း သူတို့ရဲ့လေးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက် ဒီနေ့မှာသိန်း(၃၀) တိတိ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေဖော်ပြလာပါတယ်။

မိုးယုစံတို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း(၄) နှစ်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ သားသားလေးကောင်းသိင်္ဃမိုးသူကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့အပြင် လတ်တလောမှာတော့ မိုးယုစံက ဒုတိယမြောက်ကိုယ်ဝန်လည်း လွယ်ထားရပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ.. မင်္ဂလာသက်တမ်းလေးနှစ်ပြည့်မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source -Moe Yu San
Rainbow- Cele Gabar