Live လွှင့်နေတဲ့ ညီမလေး စိုးမြတ်နန္ဒာရဲ့ ပို့စ်အောက်မှာ နာမည်ပြောင်တွေအမျိုးမျိုးခေါ်ပြီး စနောက်ကျီစယ်ခဲ့တဲ့ စိုးမြတ်သူဇာ
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
Live လွှင့်နေတဲ့ ညီမလေး စိုးမြတ်နန္ဒာရဲ့ ပို့စ်အောက်မှာ နာမည်ပြောင်တွေအမျိုးမျိုးခေါ်ပြီး စနောက်ကျီစယ်ခဲ့တဲ့ စိုးမြတ်သူဇာ
အနုပညာလောကရဲ့ အကျော်အမော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မသုံးယောက်စလုံးကို ပရိသတ်တွေအားလုံး ချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာကတော့ အနုပညာအလုပ်တွေကို ဒီနေ့ဒီအချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ပြီး ပရိသတ်တွေနဲ့ အမြဲတမ်းထိတွေ့မှုရှိနေကြဆဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာတို့ ညီအစ်မတွေက စိတ်တူကိုယ်တူရှိကြတာမို့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အတူတူတကွ လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။
ညီအစ်မတွေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် အလုပ်ကိုယ်စီရှိတာမို့ မျက်နှာချင်းဆိုင်ဖို့တောင် ခဲယဉ်းတဲ့ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မက တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိတယ်ဆိုတာကိုတော့ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ ဒီကနေ့မှာလည်း စိုးမြတ်နန္ဒာက သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေတဆင့် Live လွှင့်ပေးလာခဲ့ပြီး စိုးမြတ်သူဇာကလည်း စိုးမြတ်နန္ဒာရဲ့ ပို့်စ်အောက်မှာ နာမည်ပြောင်တွေအမျိုးမျိုးခေါ်ပြီး စနောက်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
စိုးမြတ်သူဇာကတော့ မိသားစုရဲ့ သမီးအကြီးဆုံးဖြစ်ပြီး စိုးမြတ်နန္ဒာကတော့ သမီးအငယ်ဆုံးဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ပိုရှိပြီး ချစ်ကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Soemyat Nandar’s fb
Bilie – Cele Connections