ကွယ်လွန်သွားတဲ့ မိခင်နဲ့ ပက်သတ်ပြီး စိတ်ထဲမှာ ခရီးသွားနေတယ်လို့ပဲ တွေးထားတယ်ဆိုတဲ့ ချောရတနာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ကွယ်လွန်သွားတဲ့ မိခင်နဲ့ ပက်သတ်ပြီး စိတ်ထဲမှာ ခရီးသွားနေတယ်လို့ပဲ တွေးထားတယ်ဆိုတဲ့ ချောရတနာ

သရုပ်ဆောင် ချောရတနာကတော့ အသက်သုံးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဆိုပေမယ့် အကယ်ဒမီဆုရှင်တစ်ယောက်အဖြစ် အနုပညာလောကမှာ တောက်ပနေဆဲ ဖြစ်ပါတယ်။ ချောရတနာက ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားပြီဖြစ်ပြီး အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ချောရတနာတစ်ယောက် အိမ်ထောင်ကျပြီး မိခင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အရင်ကအတိုင်း မပြောင်းလဲပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ ချောရတနာကတော့ ဒီနေ့ဒီအချိန်ထိ မိခင်ကို တမ်းတနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချောရတနာက သူမမိခင်နဲ့ အတူတူဖြတ်သန်းခဲ့တဲ့ အမှတ်တရကို ပြန်လည်မျှဝေရင်း “သတိရတယ်မေကြီးရယ် စိတ်ထဲမှာမေကြီး ခရီးသွားနေတယ်လို့ပဲ တွေးထားလိုက်တယ်” ဆိုပြီး မိခင်ကို သတိရပေမယ့် ဖြေသိမ့်နိုင်အောင်နေနေတဲ့အကြောင်းကို ပြောလာပါတယ်။

ချောရတနာကတော့ မိခင်မရှိတော့ဘူးဆိုပေမယ့် သွားလေသူမိခင်ကြီး စိတ်ချမ်းသာရအောင်သားသမီးတွေနဲ့ အေးချမ်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချောရတနာရဲ့ မေမေလည်း ကောင်းရာဘုံဘဝကနေ သမီးတွေကိုကြည့်ပြီး စိတ်ချမ်းသာနေမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chaw Yadanar’s fb
Bilie – Cele Connections