လက်တွေ့ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကို ဟာသလုပ်ပြီး ပြန်လည်ရိုက်ကူးထားတဲ့ ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့ရဲ့ အခွီဗီဒီယို
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
လက်တွေ့ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကို ဟာသလုပ်ပြီး ပြန်လည်ရိုက်ကူးထားတဲ့ ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့ရဲ့ အခွီဗီဒီယို
ဇာတ်လမ်းတွဲသရုပ်ဆောင်တွေဖြစ်ကြတဲ့ ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့နှစ်ယောက်က နာမည်လေးတွေ ခပ်ဆင်ဆင်မို့ ပရိသတ်တွေက မောင်နှမလို့တောင် ထင်မှတ်ကြတာ ဖြစ်ပါတယ်။ ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့က မောင်နှမတွေမဟုတ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပြောမနာ ဆိုမနာရှိကြတဲ့ သူငယ်ချင်းတွေအဖြစ် သွားအတူ စားအတူ ရှိကြတာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ အသက်ပိုကြီးသူပီပီ ဘုန်းဆက်သွင်ကို သူ့ရဲ့ မောင်လို၊ သူငယ်ချင်းလို ချစ်ရှာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့ သူငယ်ချင်းနှစ်ယောက်က ပျော်ပျော်နေတတ်တဲ့ သူတို့ရဲ့ ပုံစံအတိုင်း ပရိသတ်တွေကို ဗီဒီယိုလေးတစ်ခု မျှဝေပေးလာခဲ့ပါတယ်။ ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တု့ိနှစ်ယောက်က အပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေကို ဟာသပုံစံပြန်လည်ရိုက်ကူးထားတာမို့ ပရိသတ်ကြီး ရယ်မောပျော်ရွှင်နိုင်ဖို့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။
ခေးဆက်သွင်နဲ့ ဘုန်းဆက်သွင်တို့ သူငယ်ချင်းနှစ်ယောက်က ပရိသတ်တွေကို ခံစားမှုရသပေါင်းစုံပေးလိုက်တဲ့ သရုပ်ဆောင်တွေပီပီ အခုလိုရိုက်ကူးရေးတွေ ရပ်နားထားချိန်မှာလည်း ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခတ္တခဏတော့ ဘဝအမောတွေ ပြေပျောက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Khay Sett Thwin ‘s fb
Bilie – Cele Connections