အခုလို Live လွှင့်ဈေးရောင်းတဲ့ ကြော်ငြာတစ်ခေတ်မှာ ထိပ်ဆုံးပြန်ရောက်သွားတဲ့ ထက်ထက်အတွက် ဝမ်းသာကြည်နူးကြောင်း ပြောလာတဲ့ဒီဇိုင်နာမျိုးမင်းစိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source – Myo Minn Soe
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

တစ်ခေတ်တစ်ခါက ကြော်ငြာဘုရင်မလို့ ပရိသတ်တွေတင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ထက်ထက်ကတော့ ပရိသတ်တွေနဲ့ နှစ်အနည်းငယ်လောက်ကွာဝေးခဲ့ပြီးနောက် အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်နဲ့ ပြန်လည်ရောက်ရှိလာသူပါ။ လတ်တလော အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေရပ်နားထားရချိန်မှာတောင် ထက်ထက်ကတော့ နေ့တိုင်းဆိုသလို စိန်ရွှေရတနာဆိုင်တွေနဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို Live လွှင့်ဈေးရောင်းဖို့ ကမ်းလှမ်းခြင်း ခံနေရသလို ထက်ထက်ရဲ့ Live တိုင်းကလည်း ကြည့်ရှုသူအများဆုံး ရောင်းအားအကောင်းဆုံးစံချိန်တင်နေပြီလို့ ဆိုရမှာပါ။

အခုလိုမျိုး ကိုဗစ်ကာလအတွင်းမှာတောင် အောင်မြင်မှုကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ထက်ထက်အတွက် မိတ်ဆွေရင်းဖြစ်သူ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ကြည်နူးပီတီဖြစ်မိကြောင်း မျှဝေလာပါတယ်။ နောက်ဆုံးတော့ထက်ထက်မိုးဦးကထက်ထက်မိုးဦးပါပဲနော်… ခုချိန်မှာထက်ထက်Live လွှင်ပြီးရတနာတွေရောင်းတာ မလွတ်တမ်းစောင့်ကြည့်နေရပါပြီနော်…..ကြည့်ရှူသူအများဆုံးနဲ့ အအောင်မြင်ဆုံးနေရာတစ်ခုမှာ ရက်မအားရလေအောင်အလုပ်တွေအပြည့်နဲ့ပြန်လုပ်နေတာမြင်တွေ့နေရပါပြီနော်။

ခုလည်းlive လွှင့်ပြီးရောင်းတဲ့ထဲမှာထိပ်ဆုံးကကြော်ငြာဘုရင်မကြီးဖြစ်နေပါပြီ… နှစ်လိုဖွယ်ကောင်းသောအသံချိုချိုလေးနဲ့ယဉ်ကျေးစွာပြောတတ်တာလေးကိုကထူးခြားနေတာပါ။ြ ပည်သူချစ်တဲ့အနုပညာရှင်ဆိုတာဘယ်အနေအထားရောက်ရောက်ပြည်သူတွေချစ်ကြတာငြင်းလို့မရပါဘူးနော်….ခုလို့ကြော်ငြာတခေတ်မှာထက်ထက်ပြန်ပြီးထိပ်ဆုံးပြန်ရောက်နေတာတွေ့ရလို့… ကိုယ်ထီပေါက်တာထက်တောင်ပိုလို့ဝမ်းသာပျော်ရွှင်ရပါတယ်နော် ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ထက်ထက်ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ ထက်ထက်ရောင်းတဲ့ စိန်ရွှေရတနာတွေကို မဝယ်နိုင်ခဲ့ရင်တောင် ထက်ထက်စကားပြောပုံလေး၊ ချစ်စရာအမူအယာလေးတွေကြောင့် Live လွှင့်တိုင်း မလွှတ်တန်းစောင့်ကြည့်နေကြသူတွေလည်း အများကြီးပါပဲနော်။ တချိန်က ကြော်ငြာဘုရင်မဖြစ်ခဲ့တဲ့ထက်ထက်ကတော့ အခုလို ဆိုရှယ်မီဒီယာအသုံးပြုမှုများတဲ့ခေတ်မှာလည်း Live ဘုရင်မ လို့ တင်စားခေါ်ဝေါ်ရလောက်အောင် နေ့စဉ်အလုပ်တွေဆက်နေတဲ့ထက်ထက်ရဲ့အောင်မြင်မှုအတွက် ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဂုဏ်ယူစွာ ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source – Myo Minn Soe
Rainbow- Cele Gabar