နာရီပိုင်းအတွင်းမှာ ကြည့်ရှုသူ (၁၀)သိန်းကျော်ခဲ့တဲ့ ဒါရိုက်တာဝိုင်းရဲ့ NLD ဇာတ်လမ်းတို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Wyne
Emily (Cele Gabar)

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ အောက်တိုဘာလ (၁၈)ရက်နေ့က ဒါရိုက်တာဝိုင်းက သူကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ NLD ဇာတ်လမ်းတိုလေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေ ကိုမျှဝေပေးခဲ့ပါတယ် ။ ရုပ်ရှင်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ကူညီအားဖြည့်ပေးထားပြီး ပရိသတ်တွေကိုမျှဝေပြီး နာရီပိုင်းအတွင်းမှာတင် စံချိန်တင်လောက်တောင် ကြည့်ရှုသူ (၁၀)သိန်းကျော်ခဲ့တာပါ ။

ဇာတ်လမ်းတိုလေးရဲ့ နာမည်ကတော့ “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” လို့အမည်ရပြီး သရုပ်ဆောင် အလင်းရောင်ကလည်း ဒီဗီဒီယိုလေး ကြည့်ရှုသူဆယ်သိန်းကျော်ခဲ့တဲ့အတွက် အမေစုလည်း ကျန်းမာပါစေ … ဝန်းရံအားပေးကြသူများ အားလုံး ကျေးဇူးအထူးပါ ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ဂုဏ်ပြုစကားလေးကို ရေးသားထားပါတယ် ။ ဒါရိုက်တာဝိုင်းကလည်း ၁၁နာရီ အချိန်အတွင်းမှာပဲ..ကြည့်ရှုသူ..တစ်သန်းပြည့်သွားတဲ့တာဟာ အမေစုရဲ့မေတ္တာကြောင့်ပါ.လို့ရေးသားဖော်ပြထားပါတယ် ။

အမေစုကျန်းမာပါစေ…ဘေးရန်ကင်းပါစေ ဒီဇာတ်လမ်းလေးမှာအဖက်ဖက်က..ကိုယ်နိုင်တဲ့ဝန်ကိုထမ်း.ပီး…..ခေတ်လမ်းကို…ကျွန်တော် တို့နဲ့အတူလျှောက်လှမ်းခဲ့ကြသော….အသိပညာရှင်အတတ်ပညာရှင်…အနုပညာရှင်များ…ကြည့်ရှုအားပေးကြသောပြည်သူများ အားလုံးကျေးဇူးတင်ရှိကြောင်းလည်း ရေးသားဖော်ပြခဲ့ပါတယ် ။ ပရိသတ်ကြီးလည်း အတူခံစားနိုင်ဖို့အတွက် ဒီဇာတ်လမ်းတိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Wyne
Emily (Cele Gabar)