မော်လမြိုင်မှ (၄၅)ရက်သား အမွှာကလေး အပါအဝင် (၁၀)နှစ်အောက် ကလေးငယ် (၈)ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သူတို႔ေလးေတြ ဘာသိမွာလဲဗ်ာ။(၄၅) ရက္သားပဲ ရွိေသးတဲ့ အမႊာကေလးေတြပါ ကူးစက္ခံရတာ။ယေန႔ည ေမာ္လၿမိဳင္ သံလြင္ေအး စက္႐ုံအဆက္ ပိုးထပ္ေတြ႕လူနာေပါင္း(၄၈)ဦးထဲမွာ သီရိၿမိဳင္(၅)လမ္းမွ (၄၅)ရက္သားပဲ ရွိေသးတဲ့ အမႊာကေလး အပါအဝင္(၁၀)ႏွစ္ေအာက္ ကေလးငယ္ (၈)ဦးထိ ပါဝင္လာပါတယ္။ မိခင္ေတြျဖစ္တဲ့ အလုပ္သမေတြက ပိုးအရင္ေတြ႕ၿပီး ေဆး႐ုံႀကိဳေရာက္ေနတယ္။ ကေလးေတြက Contactေတြအျဖစ္ Q ဝင္ခဲ့ရၿပီး ပိုးေတြ ထပ္ကူးစက္ခံရတယ္။

Positive လူနာေတြကို ေဆး႐ုံႀကီးကုသေဆာင္ကိုပို႔ေတာ့
အသစ္လုပ္ထားတဲ့ Isolation Ward-3 ကို ပို႔ရေတာ့ မိခင္နဲ႔ ကေလးေတြ တကြဲတျပား။ ေရာဂါၾကား ပူပင္မႈေတြၾကား မိဘနဲ႔ သားသမီးေတြ အတူေနခြင့္မရ။ မိခင္ေတြက ေတာင္းဆိုၾကေတာ့ အားလုံး အဆင္ေျပေအာင္ Positive ထြက္တဲ့ ကေလးေတြကို မိခင္ေတြရဲ႕ ရင္ခြင္ဆီကို တူတူေနထိုင္ခြင့္ရဖို႔ ညခ်င္းတြင္းကူညီ
ေဆာင္႐ြက္ ပို႔ေဆာင္ ေပးခဲ့ပါတယ္။

ဒီၾကားထဲ ကေလးငယ္ေလး (၂)ေယာက္က P ထြက္တယ္။
မိခင္က Negative ထြက္တယ္။ ဒါေပမဲ့ ကေလးငယ္ေလး(၂)ေယာက္ကို စိတ္မခ်တဲ့ မိခင္ရဲ႕အပူ။ ေရာဂါကူးခ်င္ ကူးပါေစဆိုၿပီး ကေလးေတြနဲ႔ အတူလိုက္ေနခြင့္ေတာင္းတဲ့ မိခင္ရဲ႕ အပူၾကား ဗ်ာမ်ားခဲ့ရတဲ့ ညပါပဲဗ်ာ။ ဒီလိုေတြ ထပ္မျဖစ္ဖို႔ လူစုလူေဝး ေရွာင္ၾကပါလို႔သာ ေျပာခ်င္ပါေတာ့တယ္။ တေယာက္က အစ မိသားစုေပါင္းမ်ားစြာ ဒုကၡေရာက္ႏိုင္ပါတယ္။

အဓိက ကိုယ္ခံအား ေကာင္းတဲ့သူေတြ အခ်ိန္တန္ ျပန္ေကာင္းႏိုင္ေပမဲ့ ေရာဂါအခံရွိၿပီး ကိုယ္ခံအား မေကာင္းတဲ့ သက္ႀကီး႐ြယ္အိုေတြ ဘာမွ မသိတဲ့ ကေလးငယ္ေလးေတြရဲ႕ အသက္ကို Covid ရဲ႕ အစမ္းသပ္ခံ ဓါးစားခံေတြ မျဖစ္ေစခ်င္ပါဘူး။ ဓါးစာခံ ျဖစ္မျဖစ္ဆိုတာက ခုခ်ိန္ထိ ျမန္မာျပည္မွ Covid ေၾကာင့္ ေသဆုံးသူ (၉၁၄)ဦးထိ ရွိလာၿပီးဆိုတာကအေကာင္းဆုံး သက္ေသပါပဲ။

ဇင္မိုး
ေမာ္လၿမိဳင္ RESCUE ကြန္ယက္
ေမာ္လၿမိဳင္ (၁၀)ၿမိဳ႕နယ္ေဆာင္ CBFQ စခန္း။

Unicode ဖြင့်ဖတ်ပါ
★★★★★

သူတို့လေးတွေ ဘာသိမှာလဲဗျာ။(၄၅) ရက်သားပဲ ရှိသေးတဲ့ အမွှာကလေးတွေပါ ကူးစက်ခံရတာ။ယနေ့ည မော်လမြိုင် သံလွင်အေး စက်ရုံအဆက် ပိုးထပ်တွေ့လူနာပေါင်း(၄၈)ဦးထဲမှာ သီရိမြိုင်(၅)လမ်းမှ (၄၅)ရက်သားပဲ ရှိသေးတဲ့ အမွှာကလေး အပါအဝင်(၁၀)နှစ်အောက် ကလေးငယ် (၈)ဦးထိ ပါဝင်လာပါတယ်။ မိခင်တွေဖြစ်တဲ့ အလုပ်သမတွေက ပိုးအရင်တွေ့ပြီး ဆေးရုံကြိုရောက်နေတယ်။ ကလေးတွေက Contactတွေအဖြစ် Q ဝင်ခဲ့ရပြီး ပိုးတွေ ထပ်ကူးစက်ခံရတယ်။

Positive လူနာတွေကို ဆေးရုံကြီးကုသဆောင်ကိုပို့တော့
အသစ်လုပ်ထားတဲ့ Isolation Ward-3 ကို ပို့ရတော့ မိခင်နဲ့ ကလေးတွေ တကွဲတပြား။ ရောဂါကြား ပူပင်မှုတွေကြား မိဘနဲ့ သားသမီးတွေ အတူနေခွင့်မရ။ မိခင်တွေက တောင်းဆိုကြတော့ အားလုံး အဆင်ပြေအောင် Positive ထွက်တဲ့ ကလေးတွေကို မိခင်တွေရဲ့ ရင်ခွင်ဆီကို တူတူနေထိုင်ခွင့်ရဖို့ ညချင်းတွင်းကူညီ
ဆောင်ရွက် ပို့ဆောင် ပေးခဲ့ပါတယ်။

ဒီကြားထဲ ကလေးငယ်လေး (၂)ယောက်က P ထွက်တယ်။
မိခင်က Negative ထွက်တယ်။ ဒါပေမဲ့ ကလေးငယ်လေး(၂)ယောက်ကို စိတ်မချတဲ့ မိခင်ရဲ့အပူ။ ရောဂါကူးချင် ကူးပါစေဆိုပြီး ကလေးတွေနဲ့ အတူလိုက်နေခွင့်တောင်းတဲ့ မိခင်ရဲ့ အပူကြား ဗျာများခဲ့ရတဲ့ ညပါပဲဗျာ။ ဒီလိုတွေ ထပ်မဖြစ်ဖို့ လူစုလူဝေး ရှောင်ကြပါလို့သာ ပြောချင်ပါတော့တယ်။ တယောက်က အစ မိသားစုပေါင်းများစွာ ဒုက္ခရောက်နိုင်ပါတယ်။

အဓိက ကိုယ်ခံအား ကောင်းတဲ့သူတွေ အချိန်တန် ပြန်ကောင်းနိုင်ပေမဲ့ ရောဂါအခံရှိပြီး ကိုယ်ခံအား မကောင်းတဲ့ သက်ကြီးရွယ်အိုတွေ ဘာမှ မသိတဲ့ ကလေးငယ်လေးတွေရဲ့ အသက်ကို Covid ရဲ့ အစမ်းသပ်ခံ ဓါးစားခံတွေ မဖြစ်စေချင်ပါဘူး။ ဓါးစာခံ ဖြစ်မဖြစ်ဆိုတာက ခုချိန်ထိ မြန်မာပြည်မှ Covid ကြောင့် သေဆုံးသူ (၉၁၄)ဦးထိ ရှိလာပြီးဆိုတာကအကောင်းဆုံး သက်သေပါပဲ။

ဇင်မိုး
မော်လမြိုင် RESCUE ကွန်ယက်
မော်လမြိုင် (၁၀)မြို့နယ်ဆောင် CBFQ စခန်း။