ကလေးတယောက်အမေရယ်လို့ ထင်ရက်စရာမရှိအောင် တသားမွေးတသွေးလှနေတဲ့ ချမ်းမီမီကို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

*အောက်တွင်ယူနီကုတ်ဖြင့်ဖော်ပြထားပါသည်







MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

ကလေးတစ်ယောက်အမေလို့မထင်ရလောက်အောင် နုငယ်ပျိုမျစ်ပြီး အပျိုတုန်းကအတိုင်း ချစ်ဖို့ကောင်းနေတဲ့ ချမ်းမီမီကိုရဲ့ Tik Tok

ပရိသတ်ကြီးရေ Model၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချမ်းမီမီကိုကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး

အနုပညာလောကမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်နော်။ချမ်းမီမီကိုက အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေမလုပ်ကိုင်တော့ဘဲ ပရိသတ်တွေနဲ့ အလှမ်းဝေးကွာသွားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာဆိုရင်တော့ ချမ်းမီမီကိုက အေးအေးချမ်းချမ်းနဲ့ တရားဘာဝနာတွေကို ပွားများနေပြီး ကောင်းမှူကုသိုလ်တွေ အမြဲပြုလုပ်နေတာဖြစ်ပါတယ်။ချမ်းမီမီကိုက သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး မိခင်မေတ္တာအပြည့်အဝနဲ့ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။

ချမ်းမီမီကိုကတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်း အရင်အတိုင်းရရှိနေတာဖြစ်ပါတယ်။

ချမ်းမီမီကိုက Tik Tokလေးတွေလည်း ကစားလာပြီး ချစ်ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုလေးတွေကို တင်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချမ်းမီမီကိုက ချစ်စရာအမူအရာလေးတွေမျိုးစုံလုပ်ပြီး Tik Tok ကစားထားတာဖြစ်ပါတယ်။

ကလေးတစ်ယောက်အမေလို့မထင်ရလောက်အောင် နုငယ်လှပနေပြီး အပျိုတုန်းကအတိုင်း ချစ်ဖို့ကောင်းနေဆဲဖြစ်တဲ့ ချမ်းမီမီကိုရဲ့ Tik Tok လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

MM Load