နေကာမျက်မှန်ကြီးတွေတပ်ပြီး တစ်ယောက်တစ်ပေါက်စီ သီချင်းအော်ဆိုနေတဲ့ အပျော်တွေကို မျှဝေလာတဲ့ မြင့်မြတ်၊ ထူးခြားနဲ့ K ညီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Bae Gyi – ဘဲကြီ’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

နေကာမျက်မှန်ကြီးတွေတပ်ပြီး တစ်ယောက်တစ်ပေါက်စီ သီချင်းအော်ဆိုနေတဲ့ အပျော်တွေကို မျှဝေလာတဲ့ မြင့်မြတ်၊ ထူးခြားနဲ့ K ညီ

မင်းသားချော မြင့်မြတ်ကတော့ ဇာတ်ရုပ်မျိုးစုံမှာ စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်နိုင်တာကြောင့် တစ်နိုင်ငံလုံးက ပရိသတ်အားပေးမှုကို အများဆုံးရရှိထားတဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားပြီး သူ့ရဲ့မိသားစုလေးနဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က လူမှုကွန်ယက်တွေကို အသုံးမပြုပေမယ့် သူ့ရဲ့မန်နေဂျာနဲ့ သူ့ရဲ့အပေါင်းအသင်းရောင်းရင်းတွေမှတဆင့် သူ့ရဲ့ လတ်တလောလှုပ်ရှားမှုတွေကို သိရလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း မြင့်မြတ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ် အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ထူးခြားနဲ့ K ညီတို့နဲ့အတူတူ သောက်စားပျော်ပါးနေတာကို တွေ့ရပါတယ်။ မြင့်မြတ်တို့ သူငယ်ချင်းတွေက သောက်သောက်စားစားရှိနေတာကြောင့် အကုန်လုံးပျော်နေကြပြီး တစ်ယောက်တစ်ပေါက်စီ သီချင်းအော်ဆိုနေကြတာကို အခုလိုပဲ တွေ့ရပါတယ်။

မြင့်မြတ်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ သူ့ကိုယ်သူ မင်းသားဆိုတာကို မေ့ထားပြီး စိတ်လွတ်လက်လွတ်နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Bae Gyi – ဘဲကွီ’s fb
Bilie – Cele Connections