တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး အုန်းချို ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

တပ္မေတာ္သား၊ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးႀကီး အုန္းခ်ိဳသည္ ကိုဗစ္ – 19 ေရာဂါျဖင့္ ယေန႔ နံ နက္ပိုင္းက ရန္ကုန္ၿမိဳ႕ ရွိ တပ္မေတာ္ အသည္းေရာဂါ ေဆး႐ုံႀကီးတြင္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။ဗိုလ္မႉးႀကီး အုန္းခ်ိဳသည္ စစ္တကၠသိုလ္ အပတ္စဥ္ ၂၆ မွ ျဖစ္ၿပီး တပ္မေတာ္၏ အရန္အင္အား၊ အမ်ိဳးသား လႊတ္ ေတာ္တြင္ အစိုးရ မဟုတ္ေသာ ျပည္တြင္းျပည္ပ အဖြဲ႕ အစည္းမ်ားဆိုင္ရာ ေကာ္မတီတြင္ ေကာ္မတီဝင္ အျဖစ္ တာဝန္ ထမ္းေဆာင္ေနသူတဦးလည္း ျဖစ္သည္။

“ဗိုလ္မႉးႀကီး အုန္းခ်ိဳ ဆုံးတာ ဟုတ္ပါတယ္။ ဒီေန႔ မနက္ ၁၀ နာရီေလာက္မွာ ဆုံးတယ္။ သူ႔မိသားစုနဲ႔ပဲ အျပင္မွာ ေန ေနတာ။ ကိုဗစ္ – 19 ေရာဂါျဖစ္တယ္။ ျဖစ္ေတာ့ အသည္းေရာဂါေဆး႐ုံႀကီးမွာ ကုသေနတယ္။ က်ေနာ္တို႔ သိရသေလာက္ ေတာ့ ႏွလုံးေရာဂါအခံ ရွိပါတယ္”ဟု တပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္မႉးႀကီး အုန္းခ်ိဳ ေသဆုံးသြားသျဖင့္ တပ္မေတာ္တြင္ လက္ရွိ အခ်ိန္အထိ ကိုဗစ္ – 19 ေရာဂါျဖင့္ ေသဆုံးသူမ်ားထဲ တြင္ ရာထူးအႀကီးဆုံး တပ္မေတာ္ အရာရွိႀကီးတဦး ျဖစ္လာသည္။
အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေ႐ႊေ႐ႊစိန္လတ္က“သူက အႀကံေပးတာလည္း ေကာင္းတယ္။ ေပ်ာ့ေျပာင္းတယ္။ ေကာ္မတီ လုပ္ငန္းေတြလည္း ပံ့ပိုးေပးတယ္။ အစီရင္ခံစာေတြ ေရးရင္လည္း တာဝန္ အျပည့္အဝ ယူတယ္။ တက္တက္ ႂကြႂကြလည္း ပါဝင္တယ္။ လုပ္ေဖာ္ကိုင္ဖက္ေကာင္းတေယာက္ အခုလို ျဖစ္ပြားတဲ့အတြက္ ဝမ္းနည္းတယ္”ဟု ေျပာသည္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ (NLD)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေ႐ႊေ႐ႊစိန္လတ္သည္ အမ်ိဳးသား လႊတ္ေတာ္၊ အ စိုးရ မဟုတ္ေသာ ျပည္တြင္းျပည္ပ အဖြဲ႕ အစည္းမ်ားဆိုင္ရာ ေကာ္မတီဝင္ ျဖစ္သျဖင့္ ဗိုလ္မႉးႀကီး အုန္းခ်ိဳႏွင့္ ေကာ္မ တီတခုတည္းတြင္ အတူ အလုပ္လုပ္ေနသူတဦး ျဖစ္သည္။ ဗိုလ္မႉးႀကီး အုန္းခ်ိဳတြင္ ဇနီးျဖစ္သူႏွင့္ သား၊ သမီး ၃ ဦး က်န္ရစ္ခဲ့ၿပီး ၎တို႔သည္ ရန္ကုန္ၿမိဳ႕ တြင္ ေနထိုင္လ်က္ရွိေၾကာင္း၊ ၎သည္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၏ သူရဲေကာင္း လက္မွတ္တႀကိမ္၊ သူရဲေကာင္း မွတ္တမ္းဝင္ တႀကိမ္ ရရွိထားသူတဦး ျဖစ္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္၏ ေကာ္မတီမွတ္တမ္းတခုတြင္ ေဖာ္ျပထားသည္။

ယခုအခါ ဗိုလ္မႉးႀကီး အုန္းခ်ိဳ အပါအဝင္ တပ္မေတာ္မွ ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္သူ ၆ ဦး ရွိလာၿပီ ျဖစ္ၿပီး ၿပီးခဲ့သည့္ လက အသက္ ၆၅ ႏွစ္အ႐ြယ္ ဒုတိယ ဗိုလ္မႉးႀကီး အၿငိမ္းစား နား၊ ႏွာေခါင္း၊ လည္းေခ်ာင္း ပါရဂူ အမ်ိဳးသမီးတဦးလည္း ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္ခဲ့ေသးသည္။တပ္မေတာ္သားေတြ၊ မိသားစုဝင္ေတြ၊ စစ္မႈထမ္းအၿငိမ္းစားမ်ားအပါအဝင္ စုစုေပါင္း ၂၁၃ ဦးတြင္ ကိုဗစ္ – 19 ေရာဂါပိုး ကူးစက္ခံထားရသည္ဟု တပ္မေတာ္က ၿပီးခဲ့သည့္လက ထုတ္ျပန္ထားသည္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ မေန႔က ညပိုင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ – 19 ေရာဂါပိုး ေတြ႕ ရွိသူ ၃၇၂၀၅ ဦး၊ ျပန္လည္ ေကာင္းမြန္လာသူ ၁၇၅၆၈ ဦး၊ ေသဆုံးသူ ၉၁၄ ဦး ရွိလာၿပီ ျဖစ္ေၾကာင္း သိရသည္။

Irrawaddy Burmese
Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

တပ်မတော်သား၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အုန်းချိုသည် ကိုဗစ် – 19 ရောဂါဖြင့် ယနေ့ နံ နက်ပိုင်းက ရန်ကုန်မြို့ ရှိ တပ်မတော် အသည်းရောဂါ ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ဗိုလ်မှူးကြီး အုန်းချိုသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ မှ ဖြစ်ပြီး တပ်မတော်၏ အရန်အင်အား၊ အမျိုးသား လွှတ် တော်တွင် အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများဆိုင်ရာ ကော်မတီတွင် ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်နေသူတဦးလည်း ဖြစ်သည်။

“ဗိုလ်မှူးကြီး အုန်းချို ဆုံးတာ ဟုတ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဆုံးတယ်။ သူ့မိသားစုနဲ့ပဲ အပြင်မှာ နေ နေတာ။ ကိုဗစ် – 19 ရောဂါဖြစ်တယ်။ ဖြစ်တော့ အသည်းရောဂါဆေးရုံကြီးမှာ ကုသနေတယ်။ ကျနော်တို့ သိရသလောက် တော့ နှလုံးရောဂါအခံ ရှိပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးကြီး အုန်းချို သေဆုံးသွားသဖြင့် တပ်မတော်တွင် လက်ရှိ အချိန်အထိ ကိုဗစ် – 19 ရောဂါဖြင့် သေဆုံးသူများထဲ တွင် ရာထူးအကြီးဆုံး တပ်မတော် အရာရှိကြီးတဦး ဖြစ်လာသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က“သူက အကြံပေးတာလည်း ကောင်းတယ်။ ပျော့ပြောင်းတယ်။ ကော်မတီ လုပ်ငန်းတွေလည်း ပံ့ပိုးပေးတယ်။ အစီရင်ခံစာတွေ ရေးရင်လည်း တာဝန် အပြည့်အဝ ယူတယ်။ တက်တက် ကြွကြွလည်း ပါဝင်တယ်။ လုပ်ဖော်ကိုင်ဖက်ကောင်းတယောက် အခုလို ဖြစ်ပွားတဲ့အတွက် ဝမ်းနည်းတယ်”ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်သည် အမျိုးသား လွှတ်တော်၊ အ စိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများဆိုင်ရာ ကော်မတီဝင် ဖြစ်သဖြင့် ဗိုလ်မှူးကြီး အုန်းချိုနှင့် ကော်မ တီတခုတည်းတွင် အတူ အလုပ်လုပ်နေသူတဦး ဖြစ်သည်။ ဗိုလ်မှူးကြီး အုန်းချိုတွင် ဇနီးဖြစ်သူနှင့် သား၊ သမီး ၃ ဦး ကျန်ရစ်ခဲ့ပြီး ၎င်းတို့သည် ရန်ကုန်မြို့ တွင် နေထိုင်လျက်ရှိကြောင်း၊ ၎င်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်တကြိမ်၊ သူရဲကောင်း မှတ်တမ်းဝင် တကြိမ် ရရှိထားသူတဦး ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၏ ကော်မတီမှတ်တမ်းတခုတွင် ဖော်ပြထားသည်။

ယခုအခါ ဗိုလ်မှူးကြီး အုန်းချို အပါအဝင် တပ်မတော်မှ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သူ ၆ ဦး ရှိလာပြီ ဖြစ်ပြီး ပြီးခဲ့သည့် လက အသက် ၆၅ နှစ်အရွယ် ဒုတိယ ဗိုလ်မှူးကြီး အငြိမ်းစား နား၊ နှာခေါင်း၊ လည်းချောင်း ပါရဂူ အမျိုးသမီးတဦးလည်း ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့သေးသည်။တပ်မတော်သားတွေ၊ မိသားစုဝင်တွေ၊ စစ်မှုထမ်းအငြိမ်းစားများအပါအဝင် စုစုပေါင်း ၂၁၃ ဦးတွင် ကိုဗစ် – 19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု တပ်မတော်က ပြီးခဲ့သည့်လက ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မနေ့က ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် – 19 ရောဂါပိုး တွေ့ ရှိသူ ၃၇၂၀၅ ဦး၊ ပြန်လည် ကောင်းမွန်လာသူ ၁၇၅၆၈ ဦး၊ သေဆုံးသူ ၉၁၄ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Irrawaddy Burmese
Swelsone News