(၂) နာရီအတွင်းမှာ သိန်း (၈၀၀) ကျော်ဖိုးထိ ရတနာပစ္စည်းတွေ ရောင်းချပေးနိုင်ခဲ့တယ်ဆိုတဲ့ စိုးမြတ်သူဇာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




ဆယ်လီကွန်နက်ရှင်
Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

မကြီးစိုးလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အကယ်ဒမီစိုးမြတ်သူဇာက အကယ်ဒမီများရှင် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတိုင် အိုက်တင်အမူအယာ ပါးပါးလေးတွေကိုသုံးပြီး ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ စိုးမြတ်သူဇာကတော့ အသက် (၄၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး အရွယ်နဲ့လိုက်အောင် တည်ကြည်ခန့်ညားမှုတွေနဲ့ လှပလွန်းတာကြောင့် အလှဘုရင်မတစ်ပါးအဖြစ် တင်စားခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ စိုးမြတ်သူဇာကတော့ ရတနာပစ္စည်းတွေကို အွန်လိုင်းကနေ Live လွှင့်ပြီး ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုးမြတ်သူဇာက “ဒီနေ့ Dancing Lady စိန်ရတနာဆိုင် live အတွက် ခုလို အချိန် မှာ ၂ နာရီ အတွင်း သိန်း ၈၀၀ ကျော် ဝယ်ယူအားပေးကြတဲ့ အနယ်နယ်အရပ်ရပ်မှ ပရိသတ်များနဲ့ မဝယ်လဲ ကြည့်ရူ့ အားပေးကြတဲ့ မကြီးကိုချစ်တဲ့သူ အားလုံးကို dancing lady မိသားစု နဲ့ အတူ အထူး ကျေးဇူးတင်ပါတယ်နော် 🙏🙏🙏🙏🙏🙏 ချစ်၏ ” ဆိုပြီး သူမရဲ့ မှတ်တိုင်လေးတစ်ခုကို အမှတ်တရ ပြောလာတာပဲ ဖြစ်ပါတယ်။

စိုးမြတ်သူဇာကတော့ မိနစ် (၁၂၀) အတွင်းမှာ သိန်း (၈၀၀) ကျော်ဖိုးထိ ရတနာပစ္စည်းတွေ ရောင်းချပေးနိုင်ခဲ့တာ တကယ့်ကို အံ့သြစရာပါပဲ။ ရတနာပစ္စည်းဆိုတာကလည်း ဘုန်းကြီးလွန်းတာမို့ ရောင်းချပေးတဲ့သူရဲ့ ဘုန်းကံလည်းနဲ့ သက်ဆိုင်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News