နာမည်ကြီးမင်းသားတစ်ယောက်ကို ကိုယ့်ဘက်ကချည်းမှန်တယ်ထင်ရင် ပရိသတ်နဲ့ Live လုပ်ပြီး ပွင့်ပွင့်လင်းလင်းပြောဖို့ တောင်းဆိုလာတဲ့ ဘေဘီမောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Baby Maung’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

နာမည်ကြီးမင်းသားတစ်ယောက်ကို ကိုယ့်ဘက်ကချည်းမှန်တယ်ထင်ရင် ပရိသတ်နဲ့ Live လုပ်ပြီး ပွင့်ပွင့်လင်းလင်းပြောဖို့ တောင်းဆိုလာတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်ကတော့ မိသားစုရဲ့ သမီးကြီးဖြစ်သူပီပီ မိဘနှစ်ပါးနဲ့အတူတူ မောင်လေး၊ ညီမလေးတွေအတွက် အားကိုးထိုက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က လက်ရှိမှာလည်း သူမရဲ့ ညီမလေး သရုပ်ဆောင် သံစဉ်မောင်နဲ့ နာမည်ကြီး မင်းသားတစ်ယောက်ရဲ့ ပြဿနာတွေကို ကြားထဲကနေ ကူညီဖြေရှင်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းသားက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သံစဉ်မောင်နဲ့ပက်သတ်ပြီး သတိပေးစကားဆိုထားတာကြောင့် သံစဉ်မောင်ရဲ့အစ်မ ဘေဘီမောင်က အခုလိုပဲ ပြန်လည်တုံ့ပြန်ပြောဆိုလာပါတယ်။

“ကိုယ့်ဘက်က အမှန်ချည်းပဲဆိုရင်ကျေးဇူးပြုပြီး ပရိတ်သတ်ကို Liveလေးတင်ပြီးစကားပြောပေးပါလားရှင့် တစ်ဖက်သတ် -င်ပိတ်ပြီးအကောင့်မှာရေးချင်တာရေးနေတာကတော့မဟုတ်သေးပါဘူးအစ်ကိုရယ် ညီမတို့ဘက်ကမိန်းခလေးပါရှင့်ဒါပေမယ့်သတ္တိရှိပါတယ် ကိုယ်ညီမတရားခံခဲ့ရတဲ့အတွက် liveနှင့်တကွ မျက်နှာပါပြပီးပြောပေးဖို့အဆင့်သင့်ပါရှင့်ဘေဘီတို့မိသားစုအေးချမ်းနေတာကို ဘယ်သူကဘယ်လို့အရင်စပီး စာတွေတင်သလဲဆိုတာ ပရိသတ်ကြီးသက်သေရှိပါတယ်နော်Than Sin Maungစိတ်မကောင်းဘူးညီမလေး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဘေဘီမောင်ကတော့ သူမရဲ့ ညီမလေးနဲ့ ပက်သတ်ပြီး ကိုယ့်ဘက်ကချည်းအမှန်ထင်ရင် ပရိသတ်နဲ့ Live လုပ်ပြီး စကားပြောဖို့ နာမည်ကြီးမင်းသားကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ အစ်မကြီးတစ်ယောက်ပီပီ ညီမဖြစ်သူ သံစဉ်မောင်အတွက် အမှန်တရားကို ရှာဖွေးပေးနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Baby Maung’s fb
Bilie – Cele Connections