ချစ်သူအပေါ် တီတီတာတာမပြောပဲ ဘုဂလန့်တိုက်တတ်တဲ့ပုံစံကြောင့် ယာက်ဖဖြစ်သူ စနောက်ကျီစယ်ခြင်းခံလိုက်ရတဲ့ မောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Zay Thiha’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်သူအပေါ် တီတီတာတာမပြောပဲ ဘုဂလန့်တိုက်တတ်တဲ့ပုံစံကြောင့် ယာက်ဖဖြစ်သူ စနောက်ကျီစယ်ခြင်းခံလိုက်ရတဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မောင်က အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး စီးပွားရေးနဲ့ ပညာရေးဘက်ကိုသာ အာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။ မောင်တစ်ယောက် အနုပညာလောကကနေ အနားယူလိုက်ပေမယ့် ပရိသတ်တွေကြားထဲမှာတော့ ဒီနေ့ဒီအချိန်ထိ နာမည်ရရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မောင်က ချစ်သူအပေါ် တီတီတာတာမပြောပဲ ဘုဂလန့်တိုက်တတ်တာကြောင့် ယောက်ဖဖြစ်သူ ကိုဇေသီဟရဲ့ စနောက်ခြင်းခံခဲ့ရတာကို တွေ့ရပါတယ်။ နန္ဒာလှိုင်ရဲ့ အမျိုးသား ကိုဇေသီဟက “ငါလဲ နန္ဒာနဲ့ ဘေးချင်းကပ်ပြီး CB ကနေ အဲ့လို Ro ကြည့်အုံးမယ်။ ပြီးရင် အိမ်ပေါ်ကနေ ဆင်းပြေးဖို့ မင်းအခန်း အားတယ်မဟုတ်လား ” ဆိုပြီး စနောက်ခဲ့တာကြောင့် မောင်တစ်ယောက် ဆွံ့အသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

မောင်ကတော့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ကိုဇေသီဟနဲ့ ပြောမနာ ဆိုမနာ ရင်းနှီးသူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို စနောက်ကျီစယ်လေ့ရှိပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Thiha’s fb
Bilie – Cele Connections