အမေ အရမ်းစိတ်နာတဲ့ အဖေ့ကို လမ်းမှာတွေ့ရင်တောင် မှတ်မိမှာ မဟုတ်ဖူးဆိုပြီး မိသားစုအကြောင်းပြောလာတဲ့ စည်သူဝင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အေမ အရမ္းစိတ္နာတဲ့ အေဖ့ကို လမ္းမွာေတြ႕ရင္ေတာင္ မွတ္မိမွာ မဟုတ္ဖူးဆိုၿပီး မိသားစုအေၾကာင္းေျပာလာတဲ့ စည္သူဝင္း

နာမည္ႀကီးလူႀကိဳက္မ်ားခဲ့တဲ့ “ႏွင္းဆီ” ဇာတ္လမ္းတြဲအပါအဝင္ MRTV 4 ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ မင္းသားစည္သူဝင္းကေတာ့ ပရိသတ္နဲ႔မစိမ္းလွတဲ့ အႏုပညာရွင္တစ္ဦးပါ။

မိသားစုအေျခအေနအေၾကာင္း ေျပာတဲ့အခ်ိန္မွာေတာ့ စည္သူဝင္းက
“ကြၽန္ေတာ္က Broken Family ဗ် အေမကလည္းသား၂ေယာက္ခ်စ္တာပဲ ခံခဲ့ရတာေလ အေမဒီအသက္အ႐ြယ္ထိ ေနာက္အိမ္ေထာင္မျပဳတာကိုပဲေက်းဇူးတင္ရမယ္ဗ်

ကြၽန္ေတာ္တို႔ကို ဒီအ႐ြယ္အထိ ပိုးေမြးသလို ေမြးေပးခဲ့တယ္ မိန္းကေလးေတြ ေျပာသလို ေျခေမႊးမီးမေလာင္လက္ေမႊးမီးမေလာင္ဘဝနဲ႔ကြၽန္ေတာ္တို႔ေနခဲ့ရတယ္ အဲဒီ့အတြက္လည္းေက်းဇူးတင္တယ္ ”

“ကြၽန္ေတာ္တို႔ျပန္လုပ္ေကြၽးႏိုင္တဲ့အခ်ိန္မွာလည္း အေကာင္းဆုံးျဖစ္ေအာင္ အေပ်ာ္႐ႊင္ဆုံးျဖစ္ေအာင္ထားေပးပါတယ္” လို႔ သူတို႔မိသားစုဘဝအေၾကာင္းကိုေျပာျပခဲ့ပါတယ္။

ဖခင္ရဲ႕ေမတၱာအေၾကာင္းကိုေတာ့
“အေရးပါလားဆိုေတာ့ ကြၽန္ေတာ္တို႔မိသားစုအတြက္က အေမကပဲ အေဖလိုတစ္မ်ိဳးအေမလိုတစ္မ်ိဳးေစာင့္ေရွာက္ေပးတယ္ အဖိုးနဲ႔အဖြားျဖစ္တဲ့ အေဖႀကီးနဲ႔အေမႀကီးကလည္း ေစာင့္ေရွာက္ေပးတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔အတြက္က မလိုဘူးေတာ့မဟုတ္ဘူးေပါ့ေနာ္ လိုအပ္ေနတာလဲမဟုတ္ဘူးေပါ့

အေဖ့ေမတၱာကို အေဖႀကီးဆီကရတယ္ေလ ကိုယ့္အေဖဆီကမရဘူးဆိုတာ သိပ္ေထြေထြထူးထူးမရွိပါဘူး ေကာင္းေကာင္းႀကီးျပင္းခဲ့ရတဲ့အတြက္ ကြၽန္ေတာ္တို႔မိသားစုကို ေက်းဇူးအမ်ားႀကီးတင္တယ္” လို႔ဆိုပါတယ္။

ဖခင္နဲ႔ပတ္သတ္ၿပီး စည္သူဝင္းက “အေမက အရမ္းစိတ္နာလြန္းလို႔ ဓာတ္ပုံေတြဘာေတြမျပဘူးဗ် သူက်န္းမာေရးမေကာင္းတဲ့အခ်ိန္က်မွ ေရးထားတဲ့စာေတြဖတ္ဖူးတာဆိုေတာ့ လမ္းမွာေတြ႕ရင္ေတာင္ ကြၽန္ေတာ္မွတ္မိမွာမဟုတ္ဘူး ကိုႀကီး ၂ႏွစ္သား ကြၽန္ေတာ္ကေမြးေမြးၿပီးခ်င္း ၅လသားအ႐ြယ္ေလာက္မွာဆိုေတာ့ေလ မျမင္ဖူးဘူး နာမည္အျပည့္အစုံေတာင္သိပ္မသိဘူး ႀကီးလာမွသိတာ” လို႔ ဆိုပါတယ္။

စည္သူဝင္းကေတာ့ “ကြၽန္ေတာ္ဆိုးတာေတြလည္းရွိပါတယ္ သာမန္မိသားစုေတြလိုပဲ ကြၽန္ေတာ္တို႔သားအမိေတြလည္းျဖတ္သန္းေနတာပါ အေမက ဘယ္လိုေျပာရမလဲ မေၾကာင့္မၾကမေတာင့္တဘဲ သား၂ယာက္ကိုအားကိုးလို႔ရတဲ့အေနအထားေပါ့

အကိုႀကီးကလည္း သူ႔အလုပ္ခြင္မွာအဆင္ေျပေနတယ္ ကြၽန္ေတာ္ကလည္းအႏုပညာအလုပ္ကိုအေကာင္းဆုံးလုပ္ေနတဲ့အေနအထားဆိုေတာ့ အေမ့အတြက္ေတာ့ ကြၽန္ေတာ္တို႔သား၂ေယာက္က သားလိမၼာျဖစ္မယ္လို႔ ထင္တာပဲ ” လို႔ မိခင္နဲ႔သူတို႔ညီအစ္ကို၂ေယာက္အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

စည္သူဝင္းကေတာ့ ေနာက္ဆုံးအေနနဲ႔ “ဟင္းေတာ့မခ်က္တတ္ဘူးဗ် ၾကက္ဥေတာ့ေၾကာ္တတ္တာ ဒါကြၽန္ေတာ့္အားနည္းခ်က္ပဲဗ် ” သူ႔ရဲ႕ဟင္းခ်က္စြမ္းရည္ကို ဟာသအေနနဲ႔ ပရိသတ္ကို အသိေပးခဲ့ပါေသးတယ္။

Shwe Yaung Myanmar

Unicode ဖြင့်ဖတ်ပါ
★★★★★

အမေ အရမ်းစိတ်နာတဲ့ အဖေ့ကို လမ်းမှာတွေ့ရင်တောင် မှတ်မိမှာ မဟုတ်ဖူးဆိုပြီး မိသားစုအကြောင်းပြောလာတဲ့ စည်သူဝင်း

နာမည်ကြီးလူကြိုက်များခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲအပါအဝင် MRTV 4 ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားစည်သူဝင်းကတော့ ပရိသတ်နဲ့မစိမ်းလှတဲ့ အနုပညာရှင်တစ်ဦးပါ။

မိသားစုအခြေအနေအကြောင်း ပြောတဲ့အချိန်မှာတော့ စည်သူဝင်းက
“ကျွန်တော်က Broken Family ဗျ အမေကလည်းသား၂ယောက်ချစ်တာပဲ ခံခဲ့ရတာလေ အမေဒီအသက်အရွယ်ထိ နောက်အိမ်ထောင်မပြုတာကိုပဲကျေးဇူးတင်ရမယ်ဗျ

ကျွန်တော်တို့ကို ဒီအရွယ်အထိ ပိုးမွေးသလို မွေးပေးခဲ့တယ် မိန်းကလေးတွေ ပြောသလို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ဘဝနဲ့ကျွန်တော်တို့နေခဲ့ရတယ် အဲဒီ့အတွက်လည်းကျေးဇူးတင်တယ် ”

“ကျွန်တော်တို့ပြန်လုပ်ကျွေးနိုင်တဲ့အချိန်မှာလည်း အကောင်းဆုံးဖြစ်အောင် အပျော်ရွှင်ဆုံးဖြစ်အောင်ထားပေးပါတယ်” လို့ သူတို့မိသားစုဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။

ဖခင်ရဲ့မေတ္တာအကြောင်းကိုတော့
“အရေးပါလားဆိုတော့ ကျွန်တော်တို့မိသားစုအတွက်က အမေကပဲ အဖေလိုတစ်မျိုးအမေလိုတစ်မျိုးစောင့်ရှောက်ပေးတယ် အဖိုးနဲ့အဖွားဖြစ်တဲ့ အဖေကြီးနဲ့အမေကြီးကလည်း စောင့်ရှောက်ပေးတယ်ဆိုတော့ ကျွန်တော်တို့အတွက်က မလိုဘူးတော့မဟုတ်ဘူးပေါ့နော် လိုအပ်နေတာလဲမဟုတ်ဘူးပေါ့

အဖေ့မေတ္တာကို အဖေကြီးဆီကရတယ်လေ ကိုယ့်အဖေဆီကမရဘူးဆိုတာ သိပ်ထွေထွေထူးထူးမရှိပါဘူး ကောင်းကောင်းကြီးပြင်းခဲ့ရတဲ့အတွက် ကျွန်တော်တို့မိသားစုကို ကျေးဇူးအများကြီးတင်တယ်” လို့ဆိုပါတယ်။

ဖခင်နဲ့ပတ်သတ်ပြီး စည်သူဝင်းက “အမေက အရမ်းစိတ်နာလွန်းလို့ ဓာတ်ပုံတွေဘာတွေမပြဘူးဗျ သူကျန်းမာရေးမကောင်းတဲ့အချိန်ကျမှ ရေးထားတဲ့စာတွေဖတ်ဖူးတာဆိုတော့ လမ်းမှာတွေ့ရင်တောင် ကျွန်တော်မှတ်မိမှာမဟုတ်ဘူး ကိုကြီး ၂နှစ်သား ကျွန်တော်ကမွေးမွေးပြီးချင်း ၅လသားအရွယ်လောက်မှာဆိုတော့လေ မမြင်ဖူးဘူး နာမည်အပြည့်အစုံတောင်သိပ်မသိဘူး ကြီးလာမှသိတာ” လို့ ဆိုပါတယ်။

စည်သူဝင်းကတော့ “ကျွန်တော်ဆိုးတာတွေလည်းရှိပါတယ် သာမန်မိသားစုတွေလိုပဲ ကျွန်တော်တို့သားအမိတွေလည်းဖြတ်သန်းနေတာပါ အမေက ဘယ်လိုပြောရမလဲ မကြောင့်မကြမတောင့်တဘဲ သား၂ယာက်ကိုအားကိုးလို့ရတဲ့အနေအထားပေါ့

အကိုကြီးကလည်း သူ့အလုပ်ခွင်မှာအဆင်ပြေနေတယ် ကျွန်တော်ကလည်းအနုပညာအလုပ်ကိုအကောင်းဆုံးလုပ်နေတဲ့အနေအထားဆိုတော့ အမေ့အတွက်တော့ ကျွန်တော်တို့သား၂ယောက်က သားလိမ္မာဖြစ်မယ်လို့ ထင်တာပဲ ” လို့ မိခင်နဲ့သူတို့ညီအစ်ကို၂ယောက်အကြောင်းကို ပြောပြခဲ့ပါတယ်။

စည်သူဝင်းကတော့ နောက်ဆုံးအနေနဲ့ “ဟင်းတော့မချက်တတ်ဘူးဗျ ကြက်ဥတော့ကြော်တတ်တာ ဒါကျွန်တော့်အားနည်းချက်ပဲဗျ ” သူ့ရဲ့ဟင်းချက်စွမ်းရည်ကို ဟာသအနေနဲ့ ပရိသတ်ကို အသိပေးခဲ့ပါသေးတယ်။

Shwe Yaung Myanmar