မိန်းကလေးရှင်ဆိုပေမယ့် ပြောတဲ့စကားကိုတည်အောင် Live လွှင့်ပြီး လူသိရှင်ကြားဖြေရှင်းမယ်ဆိုတဲ့ ဘေဘီမောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Baby Maung’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

မိန်းကလေးရှင်ဆိုပေမယ့် ပြောတဲ့စကားကိုတည်အောင် Live လွှင့်ပြီး လူသိရှင်ကြားဖြေရှင်းမယ်ဆိုတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်ကတော့ လက်ရှိမှာ သူမရဲ့ အနုပညာအလုပ်တွေအတွက် အချိန်တွေများစွာပေးပြီး လုပ်ဆောင်နေသလို မိသားစုအရေးကိစ္စတွေမှာလည်း မားမားမတ်မတ် ရပ်တည်ပေးနေတာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က သူမရဲ့ ညီမအရင်း သရုပ်ဆောင် သံစဉ်မောင်နဲ့ နာမည်ကြီးမင်းသားရဲ့ မပြီးပြတ်သေးတဲ့ ပြဿနာတွေအတွက်လည်း ဖြေရှင်းပေးနေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က ညီမလေးနဲ့ပက်သတ်ပြီး ပရိသတ်တွေ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားနေတဲ့ မင်းသားကို ပြန်လည်သတိပေးစကားဆိုလာတာကို တွေ့ရပါတယ်။

ဘေဘီမောင်က “စိတ်ကိုတည်ငြိမ်အောင်ပြင်ဆင်နေရလို့ရော မျက်ရည်ချူပြီးတော့ပရိတ်သတ်ကိုအသားနာ မခံချင်တာရော ဒီရောဂါတွေဖြစ်နေချိန်မှာ ကိုယ့်ကြောင့်စိတ်အနှောက်ယှဉ် မဖြစ်စေချင်တာရောကြောင့် အားမွေးနေရလို့ပါရှင့် မိန်ကလေးပေမယ့် ပြောတဲ့စကားကိုတည်အောင် live လွှင့်မှာပါနော် အချိန်လေးခဏတော့စောင့်ပေးပါရှင့်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ မိန်းကလေးရှင်တစ်ယောက်ဖြစ်ပေမယ့် အမှန်တရားကို ချပြဖို့ Live လွှင့်ပြီး ဖြေရှင်းလာမှာပဲ ဖြစ်ပါတယ်။ တစ်ဘက်က မင်းသားကတော့ ဘာကိုမှ တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Baby Maung’s fb
Bilie – Cele Connections