ဒီကနေ့ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဦးရန်ပိုင်စိုးအတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာရှင်များ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

စိတ်သဘောထားကောင်းပြီး လူတိုင်းကိုဖော်ရွေစွာပြောဆိုတက်တဲ့ ဦးရန်ပိုင်စိုးတစ်ယောက်ယနေ့မနက်မှာ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဦးရန်ပိုင်စိုးကတော့ အမြဲပြုံးပျော်ရွှင်စွာနေထိုင်တက်တာကြောင့် ပရိသတ်တွေတင်မက အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ခဲ့ရပါတယ်။ ဦးရန်ပိုင်စိုးတစ်ယောက် ဆုံးပါးသွားတဲ့ သတင်းဟာ ပရိသတ်တွေကိုရော အနုပညာရှင်တွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။

လွင်မိုးကတော့ ” ကိုတာတူး ရေကံရှိသလောက်ပဲပေါ့ဗျာကြုံရဆုံရလောကမှာ အမှတ်တရတွေများစွာသတိရပါတယ် ကောင်းရာမွန်ရာရောက်ပါစေ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ဒေါင်းဝေကတော့ ” ကျွန်တော်တို့ချစ်တဲ့ ဦးရန်ပိုင်စိုး ယနေ့ နံက်( ၁၁:၁၁ ) မိနစ် တွင်ကွယ်လွန်သွားပါသည်တဲ့ဗျာ စိတ်မကောင်းလိုက်တာ မကြာသေးခင်ကမှဗိုလ်ချုပ်ရုပ်ရှင်မှာ အတူတူသရုပ်ဆောင်ခဲ့ကြတာ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ဟဲလေးကတော့ ” အန်ကယ်ရန်ပိုင်စိုးသတင်းကြားသိရတဲ့အတွက်လွန်စွာကြေကွဲဝမ်းနည်းရပါတယ်အန်ကယ်ကောင်းရာသုဂတိလားပါစေဒီကာလကြီးမှာဘယ်သူ့ဘယ်သူမှထပ်မဆုံးရှုံးချင်တော့ဘူးဗျာ “ဆိုပြီးရေးသားထားခဲ့ပါတယ်။

အဆိုတော်မေ့ချစ်သက်ကတော့ “အလွန်ဝမ်းနည်းနှမြောမိတယ်ဘဘရေ။ပွဲတွေမှာဆုံတိုင်းမြန်မာသံစဉ်မျိုးဆက်သစ်လေးတွေညည်းတို့ကြိုးစားကြပညာလည်းတတ်အောင်သင်နော်လေ့လာပြီးထိန်းသိမ်းကြပါကွယ်လို့ဆုံးမလေ့ရှိတဲ့ဘဘစကားပြောရင်အမြဲအပြုံးကအရင်တဖက်သားရွှင်မြူးအောင်ပြောတတ်တဲ့ဘဘရေသမီးပြုသမျှကုသိုလ်အားလုံးအမျှပေးဝေပါတယ်ကောင်းရာသုဂတိလားပါစေ “ဆိုပြီးရေးသားထားခဲ့ပါတယ်။

Swelsone News