မီးမီးခဲကို ဆူခဲ့မိလို့ စိတ်မကောင်းကြောင်း ဝမ်းနည်းစွာ ရင်ဖွင့်ခဲ့တဲ့ ကော်နီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ႀကီးတို႔ေရ တစ္ခ်ိန္က ျပည္သူ႔အခ်စ္ေတာ္ ေတးသံရွင္မီးမီးခဲဟာဆိုရင္ လြန္ခဲ့တဲ့ရက္ပိုင္းကပဲ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ အခုလို အႏုပညာေငြၾကယ္ပြင့္တစ္ပြင့္ ေႂကြလြင့္သြားခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ေနၾကတဲ့ အႏုပညာရွင္ေမာင္ႏွမေတြထဲမွာ ေတးသံရွင္ေကာ္နီလည္း အပါအဝင္ျဖစ္ပါတယ္။

ေတးသံရွင္ေကာ္နီကေတာ့ ပရိသတ္နဲ႔ႏွစ္အနည္းငယ္ ကင္းကြာေနရာကေန ေတးေရးေဝႀကီးေရးစပ္တဲ့ “ေဆး” သီခ်င္းနဲ႔အတူ ပရိသတ္ေရွ႕ကိုျပန္လည္ ေရာက္ရွိလာခဲ့တဲ့ ဝါရင့္အဆိုရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ေတးသံရွင္ေကာ္နီက သူမနဲ႔မီးမီးခဲၾကားက အမွတ္တရေလးေတြကို စိတ္မ​ေကာင္းစြာနဲ႔ ျပန္လည္ေျပာၾကားေပးခဲ့တာ ျဖစ္ပါတယ္။

ဒီအင္တာျဗဴးေလးရဲ႕ အစပိုင္းမွာေတာ့ မီးမီးခဲဟာ သူမရဲ႕ ဖခင္ႀကီးျဖစ္သူ ေစာဘြဲ႕မႉးနဲ႔ အႏုပညာပိုင္းအရ အေတာ္ဆင္တူေၾကာင္း အႏုပညာအေမြကို ဖခင္ဆီကေန ရခဲ့သူျဖစ္ေၾကာင္း သူမအမွတ္ရသည္ကို ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။

မီးမီးခဲဟာ အႏုပညာအရ လြန္စြာမွ အထုံပါရမီပါသူျဖစ္ၿပီး ခရီးသြားရင္းသူ႔ကို ေျပာျပမိတဲ့ အေၾကာင္းအရာတစ္ခုကို ခရီးစဥ္အတြင္းမွာတင္ သီခ်င္းျဖစ္ေအာင္ ေရးႏိုင္ခဲ့တဲ့ အရည္အခ်င္းရွိသူျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

“သူ႔ရဲ႕အႏုပညာအေပၚမွာ ခံစားခ်က္က အရမ္းျမန္တယ္ သီခ်င္းတစ္ပုဒ္ကို ဦးဘြဲ႕လိုပဲ သံစဥ္ကိုပါ လက္တန္းအျမန္ခ်ေရးႏိုင္တယ္ အဲ့လိုအစြမ္းရွိတဲ့ အႏုပညာရွင္ေကာင္းတစ္ေယာက္ ေပါ့ေနာ္ အဲ့အတြက္ အရမ္းကို ယူႀကဳံးမရျဖစ္ရပါတယ္”

မီးမီးခဲနဲ႔ ပတ္သတ္တဲ့ ကိစၥတစ္ခုမွာလည္း သူ႔ကို စိတ္ဆိုးၿပီးဆူခဲ့မိတဲ့အတြက္ စိတ္မေကာင္းဘူးလို႔ မေကာ္က ဆိုပါတယ္။

အဆိုပါကိစၥျဖစ္ပုံကေတာ့ မီးမီးခဲမွာ ေရာဂါရွိေနမွန္း စသိလိုက္ရတဲ့အခ်ိန္မွာ မီးမီးခဲက ​ေနာက္ဆုံးႏႈတ္ဆက္တဲ့အေနနဲ႔ ျမန္မာျပည္ျပန္လာၿပီး show လုပ္ခ်င္တယ္ဆိုတဲ့အတြက္ မေကာ္နဲ႔တကြ အျခားအႏုပညာရွင္ေမာင္ႏွမမ်ားစြာကပါ ေငြေၾကးထည့္ဝင္ရင္းႏွီးၿပီး ပြဲစီစဥ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မီးမီးဘက္က ေငြေၾကးမေလာက္ငမႈအခက္အခဲေၾကာင့္ အျခားပြဲငယ္တစ္ခုကိုသာ မီးမီးခဲကိုယ္တိုင္ စီစဥ္ခဲ့ပါတယ္။ မေကာ္ဘက္က စိတ္ဆိုးရတဲ့ ကိစၥကလည္း အဆိုပါ ပြဲစီစဥ္မႈျပႆနာေၾကာင့္ မဟုတ္ပဲ စာနယ္ဇင္းပြဲကို မေကာ္ကို မဖိတ္တဲ့အတြက္ေၾကာင့္ က႐ုဏာေဒါသ ျဖစ္ခဲ့ရျခင္းသာ ျဖစ္ပါတယ္။ မီးမီးခဲဘက္ကေနလည္း မေကာ္ကို ႀကိဳးႀကိဳးစားစားနဲ႔ ေတာင္းေတာင္းပန္ပန္ ျပန္ေခ်ာ့ခဲ့တယ္လို႔ သိရပါတယ္။

” မေကာ္ ကိုယ့္ေလာကမွာ ကိုယ္ႀကိဳက္တဲ့ အဆိုေတာ္ကို ခ်ျပပါဆို အၿမဲတမ္း မီးမီးခဲပါတယ္

မေကာ္ႀကိဳက္တဲ့ အသံပိုင္ရွင္ထဲမွာ အၿမဲတမ္း မီးမီးခဲပါတယ္”

ၿပီးခဲ့တဲ့ April လေလာက္က မီးမီးခဲက မေကာ္ကို သီခ်င္းတစ္ပုဒ္ပို႔ခဲ့ေပမယ့္လည္း မေကာ္ကမေတြ႕မိပဲ လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္ကမွ ေတြ႕မိလို႔ အေၾကာင္းျပန္တဲ့အခါ messenger မွာ seen ျဖစ္ေသာ္လည္း မီးမီးခဲဘက္က အေၾကာင္းမျပန္ႏိုင္ခဲ့ပါဘူး။ တကယ္တမ္းေတာ့ အဲ့ဒီအခ်ိန္က မီးမီးခဲအေနနဲ႔ေရာဂါေဝဒနာကို ခံစားေနရတဲ့ အဆိုးဆုံးအခ်ိန္ျဖစ္တယ္ဆိုတာကို သိရတဲ့အတြက္ ဘယ္လိုမွ စိတ္မေကာင္းဘူး လို႔ ဝမ္းနည္းစြာေျပာလာပါတယ္။

ကဗ်ာဘြဲ႕မႉးနဲ႔ပတ္သတ္လို႔လည္း မေကာ္စိတ္ထဲမွာ ဘယ္လိုမွမရွိဘူးလို႔လည္း ဆိုပါတယ္။ မီးမီးခဲရဲ႕အမျဖစ္သူ ကဗ်ာဘြဲ႕မႉးဟာဆိုရင္ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အႏုပညာသမားအခ်င္းခ်င္းနဲ႔ပတ္သတ္တဲ့ လုပ္ငန္းဆိုင္ရာေငြေၾကးပဋိပကၡတစ္ခုေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ မေကာ္အေနနဲ႔ ကဗ်ာဘြဲ႕မႉးနဲ႔ လုပ္ငန္းစပ္တူ လုပ္ကိုင္ခဲ့တာ မဟုတ္ပဲ သိန္း ၁၈၀ ကို မေကာ္ရဲ႕မိခင္ မသိေအာင္ တိတ္တဆိတ္ကူညီခဲ့တာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ မေကာ္အေနနဲ႔ကေတာ့ ကဗ်ာဘြဲ႕မႉးဟာလည္း သူ႔အေၾကာင္းနဲ႔သူရွိမွာပဲလို႔သာ ႏွလုံးသြင္းထားၿပီးျဖစ္တာေၾကာင့္ အားလုံးကို ခြင့္လႊတ္တယ္လို႔လည္း ဆိုပါတယ္။ မီးမီးခဲနဲ႔ေတြ႕တဲ့အခ်ိန္တုန္းကလည္း စိတ္မေကာင္းျဖစ္မွာစိုးလို႔ ကဗ်ာဘြဲ႕မႉးအေၾကာင္းကို ေမးျမန္းျခင္း မရွိခဲ့ဘူးလို႔ ဝမ္းနည္းစြာနဲ႔ပဲ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

မီးမီးခဲက ခရစ္ယာန္ဘာသာဝင္တစ္ဦးျဖစ္တာေၾကာင့္ မိသားစုဝင္ေတြအေနနဲ႔ ခရစ္ယာန္ထုံးစံအတိုင္း သျဂၤုလ္ေပးခဲ့မွာ ျဖစ္ေပမယ့္ ေတးသံရွင္ေကာ္နီနဲ႔မီမီဝင္းေဖအေနနဲ႔ကေတာ့ ကြယ္လြန္သူအတြက္ ဘုန္းႀကီးေၾကာင္းမွာ ရပ္လည္ဆြမ္းသြပ္ ကုသိုလ္ေကာင္းမႈျပဳလုပ္ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ပရိသတ္ႀကီးတို႔လည္းတစ္ခ်ိန္က ျပည္သူ႔အခ်စ္ေတာ္ေတးသံရွင္မီးမီးခဲကြယ္လြန္ခဲ့တဲ့ အေပၚမွာ လြန္စြာစိတ္မေကာင္းျဖစ္မိၾကမွာပါပဲေနာ္။ မီးမီးခဲတစ္ေယာက္ သူယုံၾကည္တဲ့ အဖဘုရားသခင္ရဲ႕အိမ္ေတာ္မွာ ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစေၾကာင္း ဆုေတာင္းလိုက္ပါတယ္။ အခ်ိန္ေပး ဖတ္ေပးၾကတဲ့ ပရိသတ္ႀကီးကိုလဲ ေက်းဇူးအထူးတင္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးတို့ရေ တစ်ချိန်က ပြည်သူ့အချစ်တော် တေးသံရှင်မီးမီးခဲဟာဆိုရင် လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အခုလို အနုပညာငွေကြယ်ပွင့်တစ်ပွင့် ကြွေလွင့်သွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာရှင်မောင်နှမတွေထဲမှာ တေးသံရှင်ကော်နီလည်း အပါအဝင်ဖြစ်ပါတယ်။

တေးသံရှင်ကော်နီကတော့ ပရိသတ်နဲ့နှစ်အနည်းငယ် ကင်းကွာနေရာကနေ တေးရေးဝေကြီးရေးစပ်တဲ့ “ဆေး” သီချင်းနဲ့အတူ ပရိသတ်ရှေ့ကိုပြန်လည် ရောက်ရှိလာခဲ့တဲ့ ဝါရင့်အဆိုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ တေးသံရှင်ကော်နီက သူမနဲ့မီးမီးခဲကြားက အမှတ်တရလေးတွေကို စိတ်မကောင်းစွာနဲ့ ပြန်လည်ပြောကြားပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအင်တာဗြူးလေးရဲ့ အစပိုင်းမှာတော့ မီးမီးခဲဟာ သူမရဲ့ ဖခင်ကြီးဖြစ်သူ စောဘွဲ့မှူးနဲ့ အနုပညာပိုင်းအရ အတော်ဆင်တူကြောင်း အနုပညာအမွေကို ဖခင်ဆီကနေ ရခဲ့သူဖြစ်ကြောင်း သူမအမှတ်ရသည်ကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

မီးမီးခဲဟာ အနုပညာအရ လွန်စွာမှ အထုံပါရမီပါသူဖြစ်ပြီး ခရီးသွားရင်းသူ့ကို ပြောပြမိတဲ့ အကြောင်းအရာတစ်ခုကို ခရီးစဉ်အတွင်းမှာတင် သီချင်းဖြစ်အောင် ရေးနိုင်ခဲ့တဲ့ အရည်အချင်းရှိသူဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

“သူ့ရဲ့အနုပညာအပေါ်မှာ ခံစားချက်က အရမ်းမြန်တယ် သီချင်းတစ်ပုဒ်ကို ဦးဘွဲ့လိုပဲ သံစဉ်ကိုပါ လက်တန်းအမြန်ချရေးနိုင်တယ် အဲ့လိုအစွမ်းရှိတဲ့ အနုပညာရှင်ကောင်းတစ်ယောက် ပေါ့နော် အဲ့အတွက် အရမ်းကို ယူကြုံးမရဖြစ်ရပါတယ်”

မီးမီးခဲနဲ့ ပတ်သတ်တဲ့ ကိစ္စတစ်ခုမှာလည်း သူ့ကို စိတ်ဆိုးပြီးဆူခဲ့မိတဲ့အတွက် စိတ်မကောင်းဘူးလို့ မကော်က ဆိုပါတယ်။

အဆိုပါကိစ္စဖြစ်ပုံကတော့ မီးမီးခဲမှာ ရောဂါရှိနေမှန်း စသိလိုက်ရတဲ့အချိန်မှာ မီးမီးခဲက နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ မြန်မာပြည်ပြန်လာပြီး show လုပ်ချင်တယ်ဆိုတဲ့အတွက် မကော်နဲ့တကွ အခြားအနုပညာရှင်မောင်နှမများစွာကပါ ငွေကြေးထည့်ဝင်ရင်းနှီးပြီး ပွဲစီစဉ်ဖို့ ကြိုးစားခဲ့ပေမယ့် မီးမီးဘက်က ငွေကြေးမလောက်ငမှုအခက်အခဲကြောင့် အခြားပွဲငယ်တစ်ခုကိုသာ မီးမီးခဲကိုယ်တိုင် စီစဉ်ခဲ့ပါတယ်။ မကော်ဘက်က စိတ်ဆိုးရတဲ့ ကိစ္စကလည်း အဆိုပါ ပွဲစီစဉ်မှုပြဿနာကြောင့် မဟုတ်ပဲ စာနယ်ဇင်းပွဲကို မကော်ကို မဖိတ်တဲ့အတွက်ကြောင့် ကရုဏာဒေါသ ဖြစ်ခဲ့ရခြင်းသာ ဖြစ်ပါတယ်။ မီးမီးခဲဘက်ကနေလည်း မကော်ကို ကြိုးကြိုးစားစားနဲ့ တောင်းတောင်းပန်ပန် ပြန်ချော့ခဲ့တယ်လို့ သိရပါတယ်။

” မကော် ကိုယ့်လောကမှာ ကိုယ်ကြိုက်တဲ့ အဆိုတော်ကို ချပြပါဆို အမြဲတမ်း မီးမီးခဲပါတယ်

မကော်ကြိုက်တဲ့ အသံပိုင်ရှင်ထဲမှာ အမြဲတမ်း မီးမီးခဲပါတယ်”

ပြီးခဲ့တဲ့ April လလောက်က မီးမီးခဲက မကော်ကို သီချင်းတစ်ပုဒ်ပို့ခဲ့ပေမယ့်လည်း မကော်ကမတွေ့မိပဲ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှ တွေ့မိလို့ အကြောင်းပြန်တဲ့အခါ messenger မှာ seen ဖြစ်သော်လည်း မီးမီးခဲဘက်က အကြောင်းမပြန်နိုင်ခဲ့ပါဘူး။ တကယ်တမ်းတော့ အဲ့ဒီအချိန်က မီးမီးခဲအနေနဲ့ရောဂါဝေဒနာကို ခံစားနေရတဲ့ အဆိုးဆုံးအချိန်ဖြစ်တယ်ဆိုတာကို သိရတဲ့အတွက် ဘယ်လိုမှ စိတ်မကောင်းဘူး လို့ ဝမ်းနည်းစွာပြောလာပါတယ်။

ကဗျာဘွဲ့မှူးနဲ့ပတ်သတ်လို့လည်း မကော်စိတ်ထဲမှာ ဘယ်လိုမှမရှိဘူးလို့လည်း ဆိုပါတယ်။ မီးမီးခဲရဲ့အမဖြစ်သူ ကဗျာဘွဲ့မှူးဟာဆိုရင် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အနုပညာသမားအချင်းချင်းနဲ့ပတ်သတ်တဲ့ လုပ်ငန်းဆိုင်ရာငွေကြေးပဋိပက္ခတစ်ခုကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မကော်အနေနဲ့ ကဗျာဘွဲ့မှူးနဲ့ လုပ်ငန်းစပ်တူ လုပ်ကိုင်ခဲ့တာ မဟုတ်ပဲ သိန်း ၁၈၀ ကို မကော်ရဲ့မိခင် မသိအောင် တိတ်တဆိတ်ကူညီခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မကော်အနေနဲ့ကတော့ ကဗျာဘွဲ့မှူးဟာလည်း သူ့အကြောင်းနဲ့သူရှိမှာပဲလို့သာ နှလုံးသွင်းထားပြီးဖြစ်တာကြောင့် အားလုံးကို ခွင့်လွှတ်တယ်လို့လည်း ဆိုပါတယ်။ မီးမီးခဲနဲ့တွေ့တဲ့အချိန်တုန်းကလည်း စိတ်မကောင်းဖြစ်မှာစိုးလို့ ကဗျာဘွဲ့မှူးအကြောင်းကို မေးမြန်းခြင်း မရှိခဲ့ဘူးလို့ ဝမ်းနည်းစွာနဲ့ပဲ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

မီးမီးခဲက ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်တာကြောင့် မိသားစုဝင်တွေအနေနဲ့ ခရစ်ယာန်ထုံးစံအတိုင်း သင်္ဂြုလ်ပေးခဲ့မှာ ဖြစ်ပေမယ့် တေးသံရှင်ကော်နီနဲ့မီမီဝင်းဖေအနေနဲ့ကတော့ ကွယ်လွန်သူအတွက် ဘုန်းကြီးကြောင်းမှာ ရပ်လည်ဆွမ်းသွပ် ကုသိုလ်ကောင်းမှုပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်ကြီးတို့လည်းတစ်ချိန်က ပြည်သူ့အချစ်တော်တေးသံရှင်မီးမီးခဲကွယ်လွန်ခဲ့တဲ့ အပေါ်မှာ လွန်စွာစိတ်မကောင်းဖြစ်မိကြမှာပါပဲနော်။ မီးမီးခဲတစ်ယောက် သူယုံကြည်တဲ့ အဖဘုရားသခင်ရဲ့အိမ်တော်မှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ အချိန်ပေး ဖတ်ပေးကြတဲ့ ပရိသတ်ကြီးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။

Source : MC