သူခေတ်သူ့အခါက ထိုင်းနိုင်ငံရဲ့ Brand တစ်ခုကို ရိုက်ကူးခဲ့စဉ်က အမှတ်တရလေးကို ပြန်လည်မျှဝေလိုက်တဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleZone TV
Source – Htet Htet Moe Oo

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားမှုတွေရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်သလို ယနေ့ထိတိုင်လည်း ပရိသတ်တွေရဲ့ အာပေးချစ်ခင်မှုကို ရရှိနေတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။ထက်ထက်ကတော့ လတ်တလောမှာ သူငယ်စဉ်အခါက ရိုက်ကူးခဲ့တဲ့ ကြော်ငြာလေးတွေနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေကို ပြန်လည် ဖော်ကျူးနေခဲ့ပါတယ်။

ဒီနေ့မှာလည်း သူခေတ်သူအခါက ထိုင်းနိုင်ငံထုတ် Brand တစ်ခုဖြစ်တဲ့ ဘိုချီကြော်ငြာကို ရိုက်ကူးခဲ့စဉ်က အစွမ်းကုန်ကြိုးစားရိုက်ကူးခဲ့တဲ့ အကြောင်းလေးကို ပြန်လည်မျှဝေလာခဲ့ပါတယ်။ ထက်ထက်ရော ရိုက်ကူးတဲ့ဒါရိုက်တာကပါ အစွမ်းကုန်ကြိုးစားခဲ့တာကြောင့် လုပ်ငန်းရှင်ဘက်မှာလည်း ဒီကြော်ငြာလေးက အထောက်အကူဖြစ်ကာ အောင်မြင်မှုအကျိုးအမြတ်တွေရရှိခဲ့သလို ထက်ထက်က သူအတွက်လည်း ဒီနေ့အထိ အမှတ်တရဖြစ်စရာ ရိုက်ကွင်းတွေထဲက တစ်ခုအနေနဲ့ အပါအဝင်ဖြစ်နေခဲ့ပါတယ်တဲ့။

ထက်ထက်မိုးဦးကတော့ ဒီကြော်ငြာလေးရိုက်ကူးခဲ့စဉ်က မှတ်တမ်းပုံလေးတွေကိုလည်း အမှတ်တရလေးအဖြစ် ပြန်လည်ဖော်ပြထားပါသေးတယ်။ CeleZone TV ပရိသတ်ကြီးတွေရော ထက်ထက်မိုးဦးရဲ့ အအောင်မြင်ဆုံးကြော်ငြာရိုက်ကူးရေးတွေထဲမှာတစ်ခုအနေနဲ့ ပါဝင်တဲ့ ဘိုချီကြော်ငြာလေးကို မှတ်မိကြသေးရဲ့လား။

Chilli – CeleZone TV
Source – Htet Htet Moe Oo